ကြက်ဥ အုန်းနို့အစပ်ဟင်း

by အံ့ဝင့္ထြဋ္  (MRTV – 4) for Food Magazine

ကြက်ဥ၊ ဘဲဥကို ပုံမှန်ချက်စားနေတဲ့ ပုံစံထက် တစ်မူ ထူးခြားအောင် အုန်းနို့လေး ထည့်ပြီး ချက်ပြပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ –  စားပွဲဇွန်း ၂ ဇွန်း (ထောင်းထားပါ)

ကြက်သွန်ဖြူ –  စားပွဲဇွန်း ၁ ဇွန်း (ထောင်းထားပါ)

ဆား –  အနည်းငယ်

သကြား –  အနည်းငယ်

ငံပြာရည် –  အနည်းငယ်

နနွင်းမှုန့် –  အနည်းငယ်

မဆလာ   –  အနည်းငယ်

ကြက်ဥ –  ၄ လုံး

ဆီ –  စားပွဲဇွန်း ၄ ဇွန်း

ချင်း –  ၅ ဂရမ်

သက်သတ်လွတ်ဟင်းခတ်မှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်အနှစ် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း/နီ –  ၆ တောင့်ခန့်

အုန်းနို့ –  ၈၀ ဂရမ်

ငရုတ်သီးအနီအတောင့်ကြီး –  ၁ တောင့်

Baby Corn –  ၄ ခု

မုန်လာဥနီ –  အနည်းငယ်

ရုံးပတီသီး –  ၂ တောင့်

ခရမ်းြွကပ်သီး –  ၄ လုံး

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ရှမ်းနံနံ –  အနည်းငယ်

ပြုလုပ်နည်း

ဦးစွာ ပြုတ်ထားတဲ့ ကြက်ဥကို အနည်းငယ် မွှန်းထားပါ။ မုန်လာဥနီကို အနေ တော် အတုံးလေးများ တုံးပြီး ရုံးပတီသီးကိုလည်း အနေတော်လှီးပါ။ ပြောင်းဖူးလေး များနှင့် ခရမ်းြွကပ်သီးတို့ကိုလည်း အနေတော်လှီးထားပါ။ ငရုတ်သီးစိမ်း/နီကို အနေတော် လှီးဖြတ်ပြီး ရှမ်းနံနံကိုလည်း အနေတော်လှီးပါ။ ငရုတ်သီးအနီတောင့်ကို ထက်ခြမ်းခြမ်းပါ။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်၍ ဆီပူလာပြီဆိုလျှင် နနွင်းမှုန့်ကို ဆီသတ်ပါ။ ပြီးလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ချင်းတို့ကို ထည့်ပြီး ဆီသတ် ပါ။ အနံ့မွှေး လာပြီဆိုလျှင် ငရုတ်အနှစ်ထည့်ပြီး ဆီသတ်ပါ။ အရသာရှိစေရန်အတွက် ဆား၊ သကြား၊ သက်သတ်လွတ်ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ မဆလာနှင့် ငံပြာရည်တို့ကို ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး အနှစ်ရအောင် ချက်ပါ။

ပြီးလျှင် လှီးထားတဲ့ ငရုတ်သီးများထည့်၍ ရေ အနည်းငယ်ထပ်ထည့်ပါ။ ပြီးလျှင် မွှန်းထားတဲ့ကြက်ဥနှင့် လှီးထားတဲ့အသီးအနှံတို့ကို ထည့်ပြီး ၁၀ မိနစ်ခန့် ခဏနှပ် ထားပါ။

အသီးအနှံများ အနည်းငယ်နူးသွားပြီဆိုလျှင် အုန်းနို့ထည့်ပြီး ရှမ်းနံနံထည့်ပါ။ အနံ့ အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu