ကြက်ဟင်းခါးသီးအဆာသွတ်

ကြက်ဟင်းခါးသီးကို ခါးလို့ တချို့လည်း မကြိုက်ကြဘူး။ ခါးလို့ အခါးသက်သာအောင် နည်းအမျိုးမျိုးလုပ်ပြီး ကြော်ကြ၊ ချက်ကြပါတယ်။ များသောအားဖြင့် ခြောက်အောင် ကြော်ပြီးမှ စားကြပါတယ်။ ဒီတစ်ခါတော့ အဆာသွတ်ချက်ထားတာလေး မျှဝေပေးလိုက်ပါတယ်။ ဒီချက်နည်းက အခါးဓာတ် တော်တော်လျော့သွားပါတယ်။ တော်ရုံ အခါးမစား သူများလည်း နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

Facebook Comments

by Sofia for Food Magazine

ပါ၀င္ပစၥည္းမ်ား

ကြက်ဟင်းခါးသီး-  အကြီး ၂ လုံး

ကြက်သွန်နီ-  ၂ လုံး

ခရမ်းချဉ်သီး-  ၁ လုံး

ချင်း၊ ကြက်သွန်ဖြူ-  ၁/၂ ဇွန်း

Sambal ငရုတ်ဆော့စ် –  ၁ ဇွန်း

(အစပ်မစားလျှင် အရောင်တင်မှုန့်နှင့် အစားထိုးပါ။)

ဆား-  အနည်းငယ်

ဟင်းခတ်မှုန့်-  စားပွဲဇွန်း ၁ ဇွန်း

သကြား-  ၁ ဇွန်း

ဆီ-  ၁ဝဝ ဂရမ်

ငရုတ်သီးစိမ်း

နံနံပင်

ကြက်သားအဆာသွတ်ရန်အတွက် ပါဝင်ပစ္စည်းများ

ကြက်သား (သို့) နှစ်သက်ရာ အသား-  ၂ဝဝ ဂရမ်

ဆား-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဟင်းခတ်မှုန့်-  ၁/၂ ဇွန်း

ပြောင်းဖူးမှုန့်-  ၁ ဇွန်း

ငရုတ်ကောင်း-  အနည်းငယ်

ခ်က္နည္း

၁။        ဦးစွာ ကြက်ဟင်းခါးသီးကို အပေါ်ယံအခွံပါးပါးလှီးထုတ်ပါ။ ပြီးလျှင် ၁  ၁/၂ လက်မ အကွင်းလိုက်လှီး၍ အစေ့ထုတ်ပြီး ဆားရည်စိမ်ထားပါ။ အနည်းဆုံး မိနစ် ၃၀ ခန့် စိမ်ထားပါ။

၂။         ဆားရည်စိမ်ထားစဉ် ကြက်သားအဆာသွတ်အတွက် ပြင်ဆင်ပါ။ ကြက်သားကို ကြိတ်ပြီး ပါဝင်ပစ္စည်းများထည့်၍ နယ်ပြီး ရေခဲသေတ္တာထဲမှာ နှပ်ထားပါ။

၃။        ဟင်းချက်ရန်အတွက် ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးအနှစ်တို့ကို ပြင်ဆင် ထားပါ။

၄။        ဆားရည်စိမ်ထားသော ကြက်ဟင်းခါးသီးရပါက ရေစစ်ထားပြီး နှပ်ထားသည့် အသားကို အဆာသွတ်ထားပါ။

၅။        ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်နီဆီသတ်ပါ။ နွမ်းပြီး အရောင်ရလာလျှင် ချင်း၊ ကြက်သွန်ဖြူ ထည့်ပါ။ ငရုတ်သီးအနှစ် (သို့) အရောင်တင်မှုန့် ထည့်ပါ။ ခရမ်းချဉ်သီးထည့်၍ အနှစ်ကျအောင်ခြေပြီး ချက်ပါ။ အရသာ ဖြည့်စွက်ပါ။

၆။        ကြက်သွန်နီ၊ ခရမ်းချဉ်သီးအနှစ်ကျကြေပါက အသင့်ပြုလုပ်ထားသော ကြက်ဟင်းခါးသီးအဆာသွတ်ထားသည်ကို ထည့်ပါ။ အထက်အောက် မွှေပြီး ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ပြီး အသားနှင့် ကြက်ဟင်းခါးသီး နူးအောင် တည်ထားပါ။ ဆား၊ ဟင်းခတ်မှုန့်၊ သကြားတို့ကို ထည့်ပါ။

၇။        ကြက်ဟင်းခါးသီးနူးပါက အရသာအပေါ့အငန်မြည်းပြီး ငရုတ်သီးနှင့် နံနံပင်အုပ်၍ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Menu