ကြက်သားရခိုင်သုပ်

by အံ့ဝင့္ထြဋ္  (MRTV – 4) for Food Magazine

ချဉ်ချဉ်စပ်စပ်အရသာလေးနဲ့ ထမင်းမြိန်စေမယ့် အသုပ်လေးတစ်မျိုးပါ။ လုပ်စားကြည့်ကြပါနော်။

ပါဝင်ပစ္စည်းများ

ကြက်သား –  ၂ဝဝ ဂရမ်

ငရုတ်သီးစိမ်း/နီ –  ၁၀ တောင့်

ကြက်သွန်ဖြူ –  ၆ မြွှာ

သကြား –  အနည်းငယ်

ကြက်သွန်နီ –  ၂ လုံး

သံပရာသီး –  ၂ လုံး

ငံပြာရည် –  စားပွဲဇွန်း ၁ ဇွန်း

စိမ်းစားငါးပိ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  အနည်းငယ်

ကြက်သွန်မြိတ် –  ၃ ပင်ခန့်

ခရမ်းချဉ်သီး –  ၂ လုံး

ရှောက်ရွက် –  ၇ ရွက်ခန့်

ပြုလုပ်နည်း

ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကို အနေတော် လှီးပြီး ရှောက်ရွက်ကို ပါးပါးလှီးပါ။ သံပရာသီးကို အရည်ညှစ်ရန်အတွက် လှီးထားပါ။ ပြီးလျှင် အိုးကို မီးဖိုပေါ်တင်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်း/နီတို့ကို အနံ့မွှေးလာသည်အထိ

လှော်ပါ။ လှော်ထားတဲ့ ငရုတ်သီးစိမ်း/နီနှင့် ကြက်သွန်ဖြူတို့ကို ထောင်းပါ။ ထောင်းထားတဲ့ အထဲ စိမ်းစားငါးပိထည့်ပြီး သံပရာရည်ထည့်ပါ။ ဆား၊ သကြား၊ ငံပြာရည်ထည့်ပြီး

နှံ့စပ်အောင် နယ်ပါ။ ပြီးလျှင် ပြုတ်ပြီး ပြင်ထားတဲ့ ကြက်သား၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ကြက်သွန်မြိတ်နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပြီး နှံ့အောင်မွှေထားပါ။ အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu