ကြက်ပင်စိမ်းခရုဆီချက် (Basil Chicken in Oyster Sauce)

by Chef Sunny for Food Magazine

ဒီလအတွက် ပရိသတ်ကြီးကို ဖော်ပြပေးချင်တဲ့ ဟင်းလျာလေးကတော့ လူကြိုက်များပြီး ပြင်ဆင်ချက်ပြုတ်ရတာလည်း လွယ်ကူတဲ့ “ကြက်ပင်စိမ်းခရုဆီချက်” လေးပါပဲ။ ကြက်သားကို အရိုးလွတ်စဉ်းကောလေးလှီးပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပတဲကော၊ ဆိပ်ဖူးဥတို့နဲ့ ဆီသတ်ချက်ထားတဲ့ ကြက်သားပင်စိမ်းဟင်းက အလွန်ထူးခြားတဲ့ အနံ့

အရသာကို ဖြစ်စေပါတယ်။ အဆုံးသတ်မှာ ထိုင်းပင်စိမ်းနဲ့ နှမ်းဆီမွှေးအနည်းငယ် အုပ်လိုက်တာကလည်း ထူးခြားတဲ့ အနံ့နဲ့ အစာစားချင်တဲ့ စိတ်ကိုလည်း နှိုးဆွပေးပါတယ်။ ခရုဆီတစ်မျိုးတည်းနဲ့လည်း ချက်လို့ရသလို ပဲငံပြာရည်အကြည်/ အနောက်တို့ဖြင့်လည်း ရောထည့်ချက်ပြုတ်နိုင်ပါတယ်။ တချို့က ပဲတောင့်ရှည်ကို အမျိုးမျိုးလှီးပြီး ထည့်ချက် ကြတာလည်းရှိပါတယ်။ မိမိကြိုက်နှစ်သက်သလို ပြင်ဆင်ချက်ပြုတ်လို့ ရပါတယ်။ ကဲ… ” ကြက်ပင်စိမ်း ခရုဆီချက်” လေး ချက်ကြည့်ကြရအောင်…OK…

ပါဝင်ပစ္စည်းများ

ကြက်သား –  ၂၅၀ ဂရမ် (နုပ်နုပ်စဉ်းပါ)

ကြက်သွန်ဖြူ –  ၁၅ ဂရမ် (နုပ်နုပ်စဉ်းပါ)

ငရုတ်သီးနီ –  ၁၅ ဂရမ် (နုပ်နုပ်စဉ်းပါ)

ငရုတ်သီးစိမ်း –  ၅ ဂရမ် (နုပ်နုပ်စဉ်းပါ)

ပတဲကော –  ၅ ဂရမ် (နုပ်နုပ်စဉ်းပါ)

ဆိပ်ဖူးဥ –  ၅ ဂရမ်

ပင်စိမ်းရွက် –  ၃၀ ဂရမ်

ခရုဆီ –  ၂  ဇွန်း

ကြက်ပြုတ်ရည် –  ၅၀ မီလီလီတာ

နှမ်းဆီမွှေး –  အနည်းငယ်

ပဲဆီသန့် –  ၃ ဇွန်း

ပြုလုပ်နည်း

၁ ။       ဒယ်အိုးကို အပူပေးပြီး ပဲဆီသန့်နှင့် ကြက်သွန်ဖြူ၊ ငရုတ်သီးနီ၊ ငရုတ်သီးစိမ်း၊ ပတဲကော နှင့် ဆိပ်ဖူးဥတို့ကို မွှေးလာသည်အထိ ဆီသတ်ထားပါ။

၂။         ဟင်းခတ်အမွှေးအကြိုင်များ မွှေးလာလျှင် အသင့်အရသာသွင်းထားသော ကြက်သား စဉ်းကောကို ဦးစွာထည့်ချက်ပါ။ ပြီးလျှင် ခရုဆီနှင့် ကြက်ပြုတ်ရည် ထည့်၍ ၃ မိနစ်ခန့် ထည့်ချက်ပါ။

၃။        ကြက်သားကျက်လျှင် ထိုင်းပင်စိမ်းရွက်အုပ်၍ သမအောင် မွှေပေးပြီး နှမ်းဆီမွှေး အနည်းငယ်ထည့်၍ အဆုံးသတ်ပါ။

Facebook Comments

Menu