ကြက်ချိုချဉ်ကြော် (Sweet and Sour Chicken)

ထမင်းမြိန်စေပြီး ကလေး၊ လူကြီးမရွေး နှစ်သက်ကြတဲ့ ဆိုင်ချက်ဟင်းတစ်ခွက် ဖြစ်ပါတယ်။ အိမ်ထမင်းဟင်းများနဲ့ ရိုးအီလာတဲ့အခါ အပြောင်းအလဲအဖြစ် ချက်စားနိုင်အောင် ကြက်ချိုချဉ်ကြော်ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

Facebook Comments

by Sofia for Food Magazine

ပါ၀င္ပစၥည္းမ်ား

ကြက်သား –  ၁ဝဝ ဂရမ်

အကြော်မှုန့်-  ၁ဝဝ ဂရမ်

(ဂျုံမှုန့်သုံးလိုပါက ကြက်ဥဖြင့် ရောပါ။)

ကြက်သွန်နီ-  ၁ လုံး

မုန်လာဥနီ-  အနည်းငယ်

ရွှေပဲသီး-  ၅ တောင့်

ခရမ်းချဉ်သီး-  တစ်ခြမ်း

သခွားသီး-  အနည်းငယ်

နာနတ်သီး-  အနည်းငယ်

(မထည့်လည်း ရပါတယ်)

ဆား-  လိုသလောက်

သကြား-  စားပွဲဇွန်း ၂ ဇွန်း

သံပရာသီး-  တစ်ခြမ်း

ငရုတ်ဆီ (သို့) ခရမ်းချဉ်သီးအနှစ်-  ၅ ဇွန်း

ရေ (သို့) ကြက်ပြုတ်ရည်-  ပန်းကန်လုံးတစ်လုံးစာ

ကော်မှုန့်-  ၂ ဇွန်း

ဆီ-  ကြော်ရန်

ခ်က္နည္း

၁။        ဦးစွာ ကြက်သားကို အနေတော်အတုံးလှီးပြီး ရေနွေးဖြောထားပါ။

၂။         ပန်းကန်လုံးတစ်လုံးမှာ အကြော်မှုန့်ကို ပျစ်နေအောင် ဖျော်ပါ။ ဂျုံမှုန့်ကို သုံးလိုပါက ကြက်ဥ ၁ လုံး ထည့်ပြီး ဖျော်ပါ။

၃။        ဆီအိုးတည်ထားပြီး ကြက်သားဖြောထားသည်ကို မုန့်နှစ်ပျစ်ပျစ်ကပ်၍ ဆီပူထဲမှာ အရောင်ရသည်အထိ ထည့်ကြော်ပါ။ အရောင်ရပါက ဆယ်ယူပြီး ဆီစစ်ထားပါ။

၄။        ကြက်သွန်နီကို အမြှောင်းကြီးကြီးတုံးပြီး အလွှာခွာထားပါ။ မုန်လာဥနီ၊ သခွားသီး၊ ရွှေပဲသီး နှင့် နာနတ်သီးတို့ကို ခပ်ကြီးကြီးစိတ်ထားပါ။ ခရမ်းချဉ်သီး အမြှောင်းကြီးကြီး စိတ်ထားပါ။

၅။        အားလုံးအဆင်သင့်ဖြစ်လျှင် အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ပါဝင်ပစ္စည်းများကို ခရမ်းချဉ် သီးမှအပ အားလုံးထည့်ကြော်ပါ။ အကြာကြီး မကြော်ရပါ။

၆။        ကြက်သွန်အရောင်ပြောင်းပါက ကြက်ပြုတ်ရည် (သို့) ရေ ပန်းကန်လုံးတစ်လုံးစာ ထည့်ပါ။ ကြော်ထားသော ကြက်သားလုံး ထည့်ကြော်ပါ။

၇။        အရသာ ဆား၊ သကြားနှင့် သံပရာသီး၊ ငရုတ်ဆီတို့ကိုထည့်ပါ။ စိတ်ကြိုက်ချိုချဉ်အရသာရ ပါက ကော်မှုန့် ၁ ဇွန်းကို ရေ ၂ ဇွန်းဖြင့် ဖျော်၍ ဟင်းအိုးထဲ ဖြည်းဖြည်းလောင်းထည့်ပြီး ခပ်မြန်မြန် မွှေပါ။

၈။        အရသာအပေါ့အငန်မြည်းပြီး ခရမ်းချဉ်သီးထည့်၍ ပန်းကန်မှာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

သီးနှံများကို ပျော့အောင် မကြော်ရပါ။

Menu