ကယားဝက်အူချောင်း အာလူးထောင်း (Kyayar Sausage with Mash Potato Powder)

by Syi Lwin (Foods Garden) for Food Magazine

          အာဟာရပြည့်ဝပြီး စားရတာ အင်မတန်အဆင်ပြေစေသော ဟင်းတစ်ခွက်မို့ ရှယ်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

အာလူးမှုန့်  –  စားပွဲဇွန်း ၃ ဇွန်း

နွားနို့  –  ၁ ခွက်

ကယားဝက်အူချောင်း  –  ၁ ချောင်း

ကြက်သွန်နီ  –  ၁ လုံး (နုပ်နုပ်စဉ်းထားပါ)

ခရမ်းချဉ်သီး  –  ၂ လုံး (အတုံးသေးသေးတုံးထားပါ)

ကြက်သွန်မြိတ်  –  ၂ ပင် (ခပ်ပါးပါးအကွင်းလှီးထားပါ)

ဆား  –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

နေကြာဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

၁။       မကပ်သောဒယ်အိုးထဲ ဆီထည့်၍ ဝက်အူချောင်းကို ခြေပြီး ကြော်ထားပါ။ ကြွပ်ရွလာလျှင် ကြက်သွန်နီ ထည့်မွှေပါ။ ကြက်သွန်နီနွမ်းလာလျှင် ခရမ်းချဉ်သီး ထည့်ပြီး နွမ်းလာသည်အထိ တည်ပါ။

၂။       မကပ်သော နောက်အိုးတစ်လုံးဖြင့် နွားနို့ကို ကျိုပြီး ဆူလာလျှင် Mash Potato Powder ထည့်ကာ မွှေပါ။ ပျစ်လာလျှင် ကြော်ထားသော ဝက်အူချောင်းနှင့်အတူ ရောကြော်ပါ။ သေချာနှံ့အောင် မွှေပါ။ အရသာ အတွက် ဆားနှင့် ငရုတ်ကောင်း အနည်းငယ် ထည့်ပါ။ အားလုံးရောသမလျှင် ဆားမြည်းပါ။ ပြီးလျှင် ကြက်သွန်မြိတ်အုပ်၍ မီးဖိုပေါ်မှချပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါတယ်။

www.facebook.com/Syi Foodsgarden

Facebook Comments