ကန်စွန်းဥချိစ်ကြော်

by Evy’s Kitchen for Food Magazine

ဒါကတော့ တရုတ်မုန့်တစ်မျိုးပေါ့။ အရှေ့တိုင်းထုံးစံအတိုင်း ကောက်ညှင်းမှုန့်၊ ဆန်မှုန့်ကို သုံးပါတယ်။ ကန်စွန်းဥအဝါ ရောင်ကို သုံးနိုင်သလို ခရမ်းရောင်ကိုလည်း သုံးနိုင်ပါတယ်။ အရမ်းစေးတဲ့ ကန်စွန်းဥဆိုရင်တော့ ဆန်မှုန့်မထည့်လည်း အဆင် ပြေပါတယ်။ ဒီမှာသုံးပြထားတဲ့ ကန်စွန်းဥအဝါရောင်ကတော့ သိပ်မစေးတာတာကြောင့် ဆန်မှုန့်လေး နည်းနည်းရောပါတယ်။ မဟုတ်ရင် ကောက်ညှင်းတစ်ခုတည်းဆို တအားပျော့မှာ စိုးလို့ပါ။ ဒီလိုမှမဟုတ်ဘဲ အရမ်းပျော့ပျော့လေးပဲ စားချင်တယ်ဆိုရင် တော့ ဆန်မှုန့်နေရာမှာ ကောက်ညှင်းနဲ့ပဲ အစားထိုးပါ။ သကြားအချိုလည်း မိမိစိတ်ကြိုက် လိုတိုး၊ ပိုလျှော့ လုပ်နိုင်ပါတယ်။ အရမ်း ချိုတဲ့ ကန်စွန်းဥဆိုရင်တော့ သကြားပမာဏကို ဒီထက်နည်းနည်း လျှော့လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ကန်စွန်းဥ –  ၁၀ဝ ဂရမ်

(ပေါင်းထားပါ၊ သို့မဟုတ် ကန်စွန်းဥမီးဖုတ်ကိုလည်း သုံးနိုင်ပါတယ်။)

နို့ဆီ –  စားပွဲဇွန်း ၁ ဇွန်း

သကြား –  ၅၀ ဂရမ်

ကောက်ညှင်းမှုန့် –  ၈၅ ဂရမ်

ဆန်မှုန့် –  ၁၅ ဂရမ်

ရေနွေး –  ၄၀ ဂရမ်

ချိစ် –  ၅၀ ဂရမ်ခန့် (ခပ်သေးသေးခြစ်ထားပါ)

နှမ်း –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကန်စွန်းဥကို သကြား၊ နို့ဆီတို့နှင့် အရင်ရောမွှေပြီး ကြေအောင် မွှေပါ။

၂။       ပြီးလျှင် ကောက်ညှင်းမှုန့်၊ ဆန်မှုန့်များထည့်ပါ။

၃။       ရေကိုလည်း နည်းနည်းချင်းစီထည့်ပြီး မုန့်သားရလာအောင် နယ်ပါ။

၎။       ရလာတဲ့ မုန့်သားကို ၇ ပိုင်း အညီပိုင်းဖြတ်ပြီး ပုံပါအတိုင်း ချိစ်အဆာသွတ်ပါ။

၅။       မုန့်ကို နည်းနည်းပြားအောင် ဖိချပြီး နှမ်းများကပ်ကာ မီးအသင့်အတင့်နဲ့ ကြော်ပါ။

၆။       တစ်ဖက်ကို ၃ မိနစ်ခန့်လောက်ဆိုလျှင် ရပါပြီ။

Facebook Comments

Menu