ကဏန်းမဆလာ ငရုတ်ကောင်းချက်နှင့် ရုံးပတီသီးဖလံတောင်ဝှေးကြော် (Pepper & Masala Crab with stir fried Okra & Pha-Lan-Taung-Hwai)

usn_7

usn_8

usn_9

usn_10

ကဏန်းမဆလာ ငရုတ်ကောင်းချက်နှင့် ရုံးပတီသီးဖလံတောင်ဝှေးကြော်

(Pepper & Masala Crab with stir fried Okra & Pha-Lan-Taung-Hwai)

            ဒီလအတွက် နောက်ထပ်ဖော်ပြပေးချင်တဲ့ ဟင်းလျာအတွဲလေးကတော့ ‘ကဏန်းမဆလာ ငရုတ်ကောင်းချက်နှင့် ရုံးပတီသီး ဖလံတောင်ဝှေးကြော်’ ပါပဲ။ လတ်ဆတ်တဲ့ သဲကဏန်း (ပန်းကဏန်း)ကို ငရုတ်ကောင်းဆော့စ်၊ ချဉ်စပ်မဆလာအနှစ်တို့နဲ့ တွဲဖက်ပြင်ဆင်ထားပါတယ်။ ကဏန်းကြိုက်နှစ်သက်သူများအတွက် အရသာနှစ်မျိုးကို တစ်ပြိုင်တည်းမြည်းစမ်းသုံးဆောင်နိုင်တဲ့ မဆလာနဲ့  ငရုတ်ကောင်းချက်လေးပါ။ ပင်လယ်ကဏန်း (သဲကဏန်း)ဆိုတော့ အရသာလည်းကောင်းပြီး အလွန်နူးညံ့ပါတယ်။ ရုံးပတီသီးကို တစ်မူထူးခြားစွာနဲ့ ဖလံတောင်ဝှေးနဲ့ကြော်ပြီး ချဉ်စပ်မဆလာအနှစ်၊ ငရုတ်ကောင်းအနှစ်တို့နဲ့ တွဲဖက်ထားတာမို့ စားဖူးနေကျအရသာတော့ မဟုတ်လောက်ဘူးပေါ့နော်။ ငရုတ် ကောင်းအနှစ်ကိုလည်း ခရုဆီ၊ ပဲငံပြာရည်တို့နဲ့ ပြင်ဆင်ထားပါတယ်။ ပြင်ဆင်ရတာလွယ်ကူပြီး အရသာထူးခြားတဲ့ ကဏန်းမဆလာ ငရုတ်ကောင်းချက်နဲ့ ရုံးပတီသီး ဖလံတောင် ဝှေးကြော် ဟင်းလျာအတွဲလေး ချက်ကြည့်ကြရအောင်… OK ???.. WOW !!! SO BEAUTIFUL !!!!

ရုံးပတီသီး ဖလံတောင်ဝှေးကြော်

►   ပါဝင်ပစ္စည်းများ

♦   ရုံးပတီသီး   –   ၅ တောင့်

♦   ဖလံတောင်ဝှေး   –   ၅ ချောင်း

♦   ကြက်သွန်ဖြူ   –   ၃ တက်

♦   သံလွင်ဆီ   –   ၁ ဇွန်း

♦   ရေနွေး   –   အနည်းငယ်

♦   ချဉ်စပ်မဆလာဆော့စ်

♦   ငရုတ်ကောင်းဆော့စ်

►   ချက်ပြုတ်ပုံအညွှန်း

၁။        ရုံးပတီသီးကို သန့်စင်ပြီး လှီးထားပါ။ ဖလံတောင်ဝှေးကိုလည်း အမျှင်များဖယ်ပြီး ပါးပါးလှီးထားပါ။

၂။        ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး သံလွင်ဆီနှင့် ဆီသတ်၍ အသင့်လှီးထားသော ရုံးပတီသီးနှင့် ဖလံတောင် ဝှေးထည့်ကြော်ပါ။

၃။        ရုံးပတီသီးနှင့် ဖလံတောင်ဝှေးနူးအောင် ရေနွေးအနည်းငယ်ထည့်ချက်ပါ။

၎။        ရုံးပတီသီးဖလံတောင်ဝှေးကြော်ကို အသင့်ချက်ထားသော ချဉ်စပ်မဆလာဆော့စ်၊ ငရုတ်ကောင်း ဆော့စ်တို့ဖြင့် တည်ခင်းပါ။

ကဏန်းမဆလာ ငရုတ်ကောင်းချက်

►   ပါဝင်ပစ္စည်းများ

♦   သဲကဏန်း   –   ၁ ကောင်

♦   သံလွင်ဆီ   –   ၂ ဇွန်း

♦   နနွင်းမှုန့်   –   အနည်းငယ်

♦   ငရုတ်ခြောက်   –   ၃ တောင့်

♦   ကြက်သွန်ဖြူ   –   ၁ဝ တက်

♦   ကြက်သွန်နီ   –   ၂ လုံး

♦   ချင်း   –   အနည်းငယ်

♦   စပါးလင်   –   ၂ ပင်

♦   ပတဲကော   –   အနည်းငယ်

♦   ခရမ်းချဉ်သီး   –   ၂ လုံး

♦   ငါးငံပြာရည်   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   အသားမှုန့်   –   အနည်းငယ်

♦   နံနံပင်အရိုး   –   အနည်းငယ်

♦   သဲကဏန်းအဆီ   –   အနည်းငယ်

♦   ငရုတ်သီးစိမ်း   –   အနည်းငယ်

♦   ကြက်ဥအကာ   –   ၁ လုံး

♦   ဆန်အရက်   –   ၅ ဇွန်း

♦   ခရုဆီ   –   ၅ ဇွန်း

♦   ပဲငံပြာရည်   –   အနည်းငယ်

♦   ပျားရည်   –   ၂ ဇွန်း

♦   မဆလာ   –   အနည်းငယ်

►   ချက်ပြုတ်ပုံအညွှန်း

၁။        သဲကဏန်းကို အခွံနွှာလျှင် အတွင်းမှ မစားသင့်သော အပိုင်းများကို ကတ်ကြေးဖြင့် ဖယ်ထုတ်ပြီး ကဏန်းလက်မများကို အနည်းငယ်ထုခွဲထားပါ။

၂။        သန့်စင်ထားသော သဲကဏန်းကို ဒယ်အိုးတွင် ၃ မိနစ်ခန့် အိုးကင်းပူတိုက်ပြီးမှ ရေနွေး ငွေ့ပေါင်းအိုးတွင် ပေါင်းထားပါ။

၃။        ငရုတ်ခြောက်၊ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ စပါးလင်၊ ပတဲကောတို့ကို ရောပြီးထောင်း ထားပါ။ ခရမ်းချဉ်သီး ချဉ်စပ်ဆော့စ်အတွက် အသင့်ထောင်းထားသော ငရုတ်သီး အနှစ်ကို သံလွင်ဆီ၊ နနွင်းမှုန့်တို့ဖြင့် မီးပျော့ပျော့တွင် ဆီသတ်ထားပါ။

၎။        ငရုတ်သီးအနှစ်ကျက်လျှင် ခရမ်းချဉ်သီး၊ ငါးငံပြာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ အသားမှုန့်၊ နံနံပင်အရိုးနှင့် သဲကဏန်းအဆီတို့ကို ထည့်ချက်ပေးပါ။

၅။        သဲကဏန်း၏ အပေါ်အခွံကို သန့်စင်စွာ ဆေး၍ အလှဆင်နိုင်ရန် ထည့်ပေါင်း ထားပါ။

၆။        ငရုတ်သီးအနှစ်နှင့် ခရမ်းချဉ်သီးကျက်လျှင် ရေနွေးအနည်းငယ်၊ ငရုတ်သီး စိမ်း ၁ဝ တောင့်ခန့် ဓားပြားရိုက်ပြီးထည့်၍ မဆလာနှင့် ကြက်ဥအကာ ထည့်ချက်ထားပြီး အဆုံးသတ်ပါ။

၇။        ငရုတ်ကောင်းဆော့စ်အတွက် ငရုတ်ကောင်းမှုန့်အနည်းငယ်ကို ဆန်အရက်ဖြင့် ခရု ဆီ၊ ပဲငံပြာရည် (အချို)၊ ပဲငံပြာရည် (အငန်)၊ မီးသင်းပြီး ပျားရည်တို့ဖြင့် ချက်ထားပါ။

၈။        သဲကဏန်းကျက်လျှင် အသင့်ချက်ထားသော ချဉ်စပ်မဆလာဆော့စ်၊ ငရုတ်ကောင်း ဆော့စ်တို့နှင့်အတူ သဲကဏန်းအခွံ၊ နံနံပင်တို့ဖြင့် တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments