ကင်းမွန် မန်ကျည်းသီးချက် (Squid with Tamarind)

by Syi Lwin (Foods Garden) for Food Magazine

          ဟင်းတစ်ခွက်ဖြင့် ထမင်းမြိန်စေမယ့်ဟင်းဖြစ်ပါတယ်။ အားလုံး ချက်စားကြည့်လို့ရအောင် ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကင်းမွန်  –  ၃၀ ကျပ်သား (အနေတော် အတုံးထားပါ)

နံနံပင်  –  ၃ – ၄ ပင် (ခပ်ကြမ်းကြမ်းလေး လှီးထားပါ)

ငရုတ်သီးမှုန့်  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ကြက်သွန်အနှစ်  –  စားပွဲဇွန်း ၃ ဇွန်း (ကြက်သွန်ဖြူ/နီ၊ ချင်းထောင်း)

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မန်ကျည်းနှစ်  –  စားပွဲဇွန်း ၂  ဇွန်း

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ရေ  –  ၁ ခွက်

ပြုလုပ်နည်း

          ဇောက်နက်အိုးထဲ ဆီ၊ ကြက်သွန်အနှစ်၊ နနွင်းမှုန့်နှင့် ငံပြာရည်တို့ကို ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်အနှစ် မွှေးလာလျှင် နံနံပင်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး ရေတစ်ခွက် လောက်ထည့်ကာ တည်ပါ။ ကင်းမွန်က ရေဆူလာလျှင် ကျက်ပါပြီ။ မီးပိတ်ပြီး နံနံပင်အုပ်ပါ။ ထမင်းဖြူပူပူလေးဖြင့် အတူတွဲပြီး သုံးဆောင်နိုင်ပါပြီ။

www.facebook.com/Syi Foodsgarden

Facebook Comments