ကင်းမွန်နှင့် ကိုင်းခရမ်းချဉ်သီးအစပ်ချက် (Spicy Squid with Tomato)

by Syi Lwin (Foodsgarden) for Food Magazine

          ပင်လယ်စာကို ရိုးရိုးရှင်းရှင်း ချက်စားရတာ  ကြိုက်သူများအတွက် ကိုင်းခရမ်းချဉ်သီး နှင့် ကင်းမွန်ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကိုင်းခရမ်းချဉ်သီး  –  ၈ လုံး (၆ ခြမ်းခြမ်းထားပါ)

ကင်းမွန်  –  ၂၅ ကျပ်သား         (မျက်စိထုတ်၊ ခပ်ပါးပါး ရှည်ရှည်လှီးထားပါ)

နနွင်းမှုန့်  –  လက်ဖက်ဇွန်း တစ်ဝက်

နံနံပင်  –  ၃ ပင် (အရွက်၊ အရိုး အကုန်ထည့်ပါ)

စပါးလင်  –  ၁ ချောင်း (တစောင်း ပါးပါးလှီးထားပါ)

ကြက်သွန်နီ –  ၁ လုံး (၄ ခြမ်းခြမ်းထားပါ)

ကြက်သွန်ဖြူ  –  ၅ မြွှာ (ဓားပြား ရိုက်ထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နေကြာဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း  –  ၁၀ တောင့် (အညှာခြွေပြီး ပိုင်းထားပါ)

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       မကပ်သောအိုးထဲ နံနံပင်မှလွဲ၍ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး ရေ ၂ ခွက်ခွဲ ထည့်ကာ ရေဆူအောင်တည်ပါ။  ရေဆူလာလျှင် မွှေပေးပါ။ ကင်းမွန်က ရေပူသည်နှင့် ကျက်တာကြောင့် ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။ ရေအနည်းငယ်ခန်းလျှင် မီးပိတ်ပြီး နံနံပင်အုပ်ကာ အသင့်သုံးဆောင်လို့ရပါပြီ။

www.facebook.com/Syi Foodsgarden

Facebook Comments