ကင်ပွန်းချဉ်ရွက်နှင့် ပုစွန်ကြော်ချက် (Prawn with Acacia Leave)

by Syi Lwin Foods Garden for Food Magazine

          လိုက်ဖက်ညီသော ကင်ပွန်းချဉ်ရွက်နှင့် ပုစွန်တို့ရဲ့ တွဲဖက်ကြော်ချက်အရသာက ထမင်းမြိန်စေပြီး စားရတဲ့အရသာလည်း ပိုပြီးပြည့်စုံစေပါတယ်။ အားလုံးချက်စားလို့ရအောင် ပြန်ပြီး မျှဝေပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၃၀ ကျပ်သား (အခွံနွှာထားပါ)

ကင်ပွန်းချဉ်  –  ၃ စည်း (အရွက်များ ခြွေထားပါ)

အနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

ငရုတ်သီးစိမ်း  –  ၁၀ တောင့် (ထက်ခြမ်းခြမ်းထားပါ)

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း

ဆား  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၄ မြွှာ (နုပ်နုပ်လှီးထားပါ)

ကြက်သွန်နီ  –  ၃ လုံး (နုပ်နုပ်လှီးထားပါ)

ချင်း  –  လက်မဝက်ခန့် (နုပ်နုပ်လှီးထားပါ)

နေကြာဆီ  –  စားပွဲဇွန်း ၅  ၁/၂ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရောင်တင်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       အိုးထဲ အနှစ်ပြုလုပ်ရန် ဆီ၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ/နီ၊ ချင်း၊ ငရုတ်သီးများ ထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးပြီး ကြက်သွန်များကျက်လျှင် အရောင်တင်မှုန့်၊ ငါးပိနှင့် ငံပြာရည်ထည့်ပြီး အသေအချာနှံ့အောင် မွှေပါ။ ရနံ့မွှေးပြီး ငါးပိကျက်လျှင် ကျန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး တည်ပါ။

၂။       အနှစ်အိုးထဲ ပုစွန်ထည့်ပြီး နှံ့အောင်မွှေပါ။ အနည်းငယ် ပုစွန်အပေါ်ကြောတင်းလျှင် ကင်ပွန်းချဉ်ရွက်များ ထည့်ပြီး အားလုံးသေချာနှံ့အောင် မွှေပေးပါ။ ကင်ပွန်းချဉ် နွမ်းလျှင် ဆားမြည်းပါ။ လိုတာကို မိမိစိတ်ကြိုက် ထပ်ဖြည့်နိုင်ပါတယ်။ ပြီးလျှင် မီးပိတ်ပြီး ကျန်ပါဝင်ပစ္စည်းများ ထည့်၍ မီးဖိုပေါ်မှချကာ ထမင်းပူပူလေးဖြင့် အတူတွဲပြီး သုံးဆောင်လျှင် အလွန်လိုက်ဖက်ပါတယ်။

Facebook Comments

Menu