Simit Bread

        ဒီလအတွက်တော့ ကျွန်တော်အလုပ်လုပ်ခဲ့စဉ်က နိုင်ငံတကာ အရပ်ရပ်ကို ကမ္ဘာပျော်စီးသင်္ဘောတွေ နဲ့  ရောက်တဲ့နိုင်ငံတိုင်းရဲ့ ရိုးရာအစားအစာမုန့်တွေထဲက တချို့ကို ရေးသားတင်ပြလိုက်တာပါ။ Simit Bread ကတူရကီလူမျိုးတွေရဲ့ မနက်စာမှာ ကော်ဖီနဲ့ အများဆုံးစားကြတဲ့မုန့်ပါ။ Turkay မြို့တော် Istanbut နဲ့ Izmir ကိုရောက်ခဲ့တိုင်း ဒီမုန့်တွေကို လမ်းပေါ်မှာ ရောင်းတာတွေ့ခဲ့ရပါတယ်။ ဂရိနိုင်ငံတွေ ရောက်ခဲ့စဉ်မှာလည်း Simit Bread တွေကိုတွေ့ခဲ့ရပါတယ်။ အမြဲတမ်းလည်း ဝယ်စားပြီး အလုပ်ထဲမှာ စမ်းသပ်လုပ်စား ကြည့်ပါတယ်။ Mixican Sweet Bread (Conchans Bread) ကိုလဲ Maxi နိုင်ငံရောက်တဲ့ မြို့တွေမှာဆိုရင်  စူပါမားကက်ကနေ လမ်းဘေးမုန့်ဆိုင်တွေမှာအထိ တွေ့ခဲ့ရပါတယ်။ အလုပ်ထဲက Maxican Buffet နေ့မှာဆိုလည်း ဒီမုန့်တွေကို လုပ်ပေးခဲ့ရပါတယ်။ ပေါင်မုန့် အချိုနဲ့ Cookies သားလိုမျိုးကို ဖုံးအုပ်ထား တာဖြစ်ပါတယ်။ လွယ်ကူစွာနဲ့လုပ်တတ်အောင် ရေးသားတင်ပြထားပါတယ်။

Simit Bread

   ပါဝင်ပစ္စည်းများ

♦   ပေါင်မှုန့်ဂျုံ   –   ၅၀ဝ ဂရမ်

♦   Yeast (ပွဆေး)   –   ၁၀ ဂရမ်

♦   ဒိန်ချဉ်   –   ၁၂၅ ဂရမ်

♦   သံလွင်ဆီ   –   ၂၀ ဂရမ်

♦   ဆား   –   ၁၀ ဂရမ်

♦   ရေ   –   ၂၅၀ ဂရမ်

♦   နှမ်း၊ ဘိန်းစေ့၊ နေကြာစေ့

♦   Molasses (သကာရည်)

►   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ရေနှင့် Yeast (ပွဆေး) ကိုရောဖျော်ပြီး ၅ မိနစ်ခန့်ထားပြီး လေပူဖောင်းများ ပွတက်လာလျှင် ပေါင်မုန့်ဂျုံ၊ ဒိန်ချဉ်၊ သံလွင်ဆီရော၍ှSpeed No.2 စက်ဖြင့်မွှေပါ။ ၁ မိနစ် ခန့်ကြာလျှင် ဆားထည့်၍ ဆက်မွှေပါ။ ပေါင်မုန့်သားကို ၈ မိနစ်ခန့်ကြာလျှင် ဆွဲကြည့်ပါ။ ဂျုံသားမပြတ်ထွက်ဘဲ ပလတ်စတစ် (သို့) ရော်ဘာပူဖောင်းလို မပြတ်ထွက်ဘဲ ကျက်လာလျှင် ဂျုံသားနယ်လို့တော်ပါပြီ။ ပြတ်ထွက်လျှင် ဆက်နယ်ပေးပါ။

၂။      ဂျုံသားနယ်ပြီးလျှင် ဂျုံသားကိုလုံး၍ ဇလုံထဲထည့် အပေါ်မှပလတ်စတစ်အုပ်ပြီး နာရီဝက် (သို့) နဂိုဂျုံသားထက် တစ်ဆကြီး လာသည်ထိထားပါ။

၃။      စားပွဲပေါ်ဂျုံအနည်းငယ်ဖြူး၍  ဂျုံသားကို အရည်လိုက်ဆွဲ၍ပြားပါ။ (၅၀) ဂရမ်  အရည်လိုက်ဖြတ်၍ ၂၀ လက်မခန့်ထိ ကြိုးကဲ့သို့ အရှည် လိတ်နှစ်ခေါက်ခေါက်လိမ် ပြီး အကွင်းလေးလုပ်ပါ။ ထိပ်အစနှစ်ဖက်ကို သေချာဖိလိပ်၍ဆက်ပါ။

၎။      လိမ်ပြီး ဂျုံအကွင်းလေးများကို Molasses သကာရည်နှင့် စိမ်ပြီး နှမ်းစေ့၊ ဘိန်းစေ့၊ နေကြာစေ့နှင့်ကပ်၍ ၃၀ မိနစ် အပွခံပါ။

၅။      မီးအပူချိန် ၂၂၀ံC တင်၍  ၁၅ မိနစ်ခန့် ဖုတ်ပေးပါ။ ရွှေဝါရောင်သန်းလာလျှင် ရပါပြီ။ လိုအပ်လျှင် အနည်းငယ်ထပ်မံဖုတ်ပေးပါ။ အအေးခံပြီး အရသာရှိစွာ စားသုံးနိုင်ပါ ပြီ။ တစ်ရက်အတွင်းစားလျှင် ပိုကောင်းပါသည်။

          Molasses (သကာရည်) နေရာမှာ၊ ဘာဘီကျူ့ဆော့စ် ရေနဲ့ ရောသုံးလို့ရပါတယ်။ အမှန်သုံးရမှာ ကတော့ တူရကီရိုးရာဖြစ်တဲ့ Pekmez ဆိုတဲ့ စပျစ်သီးအရည်ကို အနည်းငယ်စေးပျစ်လာတဲ့ထိကျိုပြီး သုံးရပါတယ်။ ဒိန်ချဉ်နေရာမှာ Butter Millo သုံးလို့ရပါတယ်။ သံလွင်ဆီနေရာမှာလည်း ဟင်းသီးဟင်းရွက်ဆီ သုံးလို့ရပါတယ်။

Supported by : Lotus School of Hospitality

Facebook Comments