Red Velvet Churros

by May Phyo Thi for Food Magazine

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်  –  ၂၅၀ ဂရမ်

ကြက်ဥ  –  ၂ လုံး

ကိုကိုးပေါင်ဒါ  –  စားပွဲဇွန်း ၁ ဇွန်း

သကြား  –  ၂၀ဝ ဂရမ်

ထောပတ်  –  ၇၀ ဂရမ်

Food Color  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီ  –  မုန့်သားကြော်ရန် (အလုံအလောက်)

ရေ  –  ၁ ဖန်ခွက်

သစ်ကြံပိုးမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

နို့ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ခရင်မ်ချိစ်  –  ၅၀ ဂရမ်

Piping Bag  –  မုန့်နှစ်ထည့်ရန်

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ထောပတ်နှင့် သကြားထည့်ပြီး ရေနှင့် အပူပေးပါ။

၂။       သကြားများပျော်ပါက မီးလျှော့ပြီး ဂျုံမှုန့်များထည့်၍ သမအောင် မွှေပါ။

၃။       ပြီးလျှင် မီးပိတ်ပြီး အိုးထဲ ကြက်ဥ ၁ လုံးစီထည့်၍ ကိုကိုးပေါင်ဒါနှင့် Food Color ထည့်ပြီး သမအောင်မွှေပါ။ ပြီးလျှင် ကြော်ရန်အတွက် Piping Bag ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်၍ အအေးခံပါ။ ပူနေတုန်းကြော်လျှင် မုန့်သားပျော့ပြီး ကွဲသွားတတ်ပါတယ်။

၎။       ဆီကို အပူပေးပြီး အအေးခံထားသော မုန့်သားများညှစ်၍ ကတ်ကြေးဖြင့် ဖြတ်ချပြီး ကြော်ပါ။

၅။       မုန့်ချောင်းလေးများ ကြွပ်လာလျှင် ချပြီး သကြားနှင့် သစ်ကြံပိုး ရောထားသော ခွက်ထဲ မုန့်ချောင်းလေးများကို လှိမ့်ပါ။

၆။       ပြီးလျှင် မုန့်ချောင်းလေးများကို အအေးသောက်ပိုက်ဖြင့် ဖောက်၍ အတွင်းသို့ ခရမ်င်ချိစ်နှင့် နို့ဆီ ရောရိုက်ပြီး ထည့်ပါ။

၇။       ကလေးများရော လူကြီးများပါ နှစ်ခြိုက်မယ့် Churros လေးတွေကို ကော်ဖီ ပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ။

Facebook Comments