Pandan Pudding Bread

by Chef Saw Sar Mu Lar for Food Magazine

ပြုလုပ်ချိန် ၁ နာရီ ၄၅ မိနစ်၊ အရေအတွက် ၄၀ ဂရမ်၊ ၂၀ လုံး

          အီတလီက စတင်တီထွင်တဲ့ မုန့်ဖြစ်ပါတယ်။ အဓိက ကတော့ အသီးခြောက်တွေ ပေါင်မုန့်သားထဲမှာ ပါပါတယ်။ အများအားဖြင့် 4″, 5″ ပတ်လည်အဝိုင်းနဲ့ အရှည် 6″ – 7″ ကျော် စလင်ဒါလို အလုံးမျိုးတွေ လုပ်ပါ တယ်။ အခု ကျွန်တော်ကတော့ ၂၅ ဂရမ် အလုံးလေးတွေနဲ့ Small Panetone လေးတွေကို ပြုလုပ်တင်ပြထားပါတယ်။ နူးညံ့ပြီး အရမ်းအရသာရှိတဲ့ ပေါင်မုန့်လေးပါ။ ရေနေရာမှာ နွားနို့အစားထိုးထည့်လို့လည်း ရပါတယ်။ အလုံးသေးသေး မလုပ်ချင်လျှင် မိုခွက်ကြီး (သို့) သံဘူးကို အပေါ်အောက် ဖောက်ပြီး သုံးလို့လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၄၀ဝ ဂရမ်

Yeast (ပွဆေး)  –  ၁၂ ဂရမ်

Bread Improver  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

သကြား  –  ၁၀ဝ ဂရမ်

ကြက်ဥ  –  ၁ လုံး

ထောပတ်  –  ၄၀ ဂရမ်

ဆား  –  ၁၀ ဂရမ်

ရေ  –  ၂၀ဝ ဂရမ်

Pandan Paste (ဆွမ်းမွှေးအနှစ်)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ရေ၊ Yeast (ပွဆေး)၊ Bread Improver, သကြား၊ ကြက်ဥကို ရောမွှေပါ။

၂။       ပေါင်မုန့်၊ ဂျုံ၊ ထောပတ်ကို စက်ထဲထည့်ပြီး Slow Speed ဖြင့် ဖြည်းဖြည်းချင်း မွှေပါ။

၃။       ၁ မိနစ်ခန့်ကြာလျှင် ဆားထည့်ပြီး Medium Speed ဖြင့် မွှေပါ။ ၆ မိနစ်ခန့် နယ်ပြီးလျှင် ဂျုံသားကို အနည်းငယ်ယူ၍ ဖြည်းဖြည်းချင်း ဖိဆွဲကြည့်ပါ။ ဂျုံသားက ပလတ်စတစ်ကဲ့သို့ ပါးပြီး မပြဲထွက်တော့ဘူးဆိုလျှင် ရပါပြီ။ ပြဲလျှင် အချိန်အနည်းငယ် ထပ်နယ်ပါ။

၎။       ဂျုံသားကိုလုံးပြီး ဇလုံထဲထည့်၊ အပေါ်ဂျုံသားမခြောက် အောင် ပလတ်စတစ်နှင့် အုပ်ပြီး နာရီဝက်ခန့် (သို့) နဂိုဂျုံသားထက် တစ်ဆကြီးလာသည်အထိ အပွခံပါ။ ပြီးလျှင် ပွလာသော ဂျုံလုံးကိုထုတ်ကာ လေထုတ်ရိုက်ပြီး ပြန်လုံး၍ ပထမအချိန်အတိုင်း ပြန်ပြီး အပွခံပါ။

၅။       ၄၀  ဂရမ် အလုံးလေးများချိန်ပြီး လုံးထားပါ။ နာရီဝက်ကြာလျှင် လုံးပြီး အလုံးလေးများကို Rolling Pin နှင့် လှိမ့်ကာ Pandan Pudding ထည့်ပါ။ ဂျုံသားကို သေချာပြန်ပိတ်ကာ အပိတ်အဆက်ရာကို အောက်မှာထားပြီး မုန့်ဖုတ်ဗန်းကို ဆီသုတ်၍ ထည့်ပါ။

၆။       ၁ နာရီခန့် အပွခံပြီး အပေါ်အောက် မီးအပူချိန် 220˚C နှင့် ၆ မိနစ်ခန့် ဖုတ်ပါ။ ရွှေဝါရောင်သန်းလာလျှင် ရပါပြီ။ အရောင်လိုလျှင် အနည်းငယ် ထပ်ဖုတ်ပေးပါ။

Facebook Comments