Oat Coconut Cookies

By စားဖိုမှူး စောဆာမူလား for Food Magazine

          သကြားအညိုမှုန့်မရှိလျှင် ရိုးရိုးသကြားမှုန့်သုံးလို့ ရပါတယ်။ သကြားမှုန့်မရှိလျှင်လည်း ရိုးရိုးသကြား သုံးလို့ရပါတယ်။ အဓိကကတော့ ထောပတ်သကြားရိုက်ပြီး နွားနို့၊ ကြက်ဥထည့်တဲ့အချိန်မှာ သကြားအခဲများကို ကြေသည်အထိ မွှေဖို့လိုပါတယ်။

ပြုလုပ်ချိန် ၅၅ မိနစ် ၊ အရေအတွက် ၂၀ ခု

ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁၀ဝ ဂရမ်

သကြားအမှုန့်  –  ၅၀ ဂရမ်

သကြားအညိုမှုန့်  –  ၁၀ ဂရမ်

ကြက်ဥ  –  ၁ လုံး

နွားနို့  –  စားပွဲဇွန်း ၂ ဇွန်း

ဗနီလာအနံ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

Oat  –  ၇၅ ဂရမ်

အုန်းသီးအခြစ်  –  ၄၀ ဂရမ်

ကိတ်ဂျုံ  –  ၆၀ ဂရမ်

မုန့်ဖုတ်ဆော်ဒါ  –  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       မီးဖိုအပူချိန် အောက် ၁၅၀ံ C ၊ အပေါ် ၁၆၀ံ C တင်ထားပါ။ Oat နှင့် ခြစ်ထားသော အုန်းသီးကို မုန့်ဖုတ် ဗန်းထဲ ဖြန့်၍ထည့်ကာ ၈ မိနစ် သို့မဟုတ် ၁၀ မိနစ် ခန့် ဖုတ်ပြီး  အအေးခံပါ။

၂။       ထောပတ်၊ သကြားအမှုန့်၊ သကြားအညိုမှုန့်၊ ဆား ရောကာ မွှေတံနှင့် ထောပတ်ပေါ့ပြီး ပွလာသည် အထိ မွှေပါ။ ထောပတ်ပွလာလျှင် ကြက်ဥရောမွှေပါ။ ဆက်၍ နွားနို့၊ ဗနီလာအနံ့ ရောပြီးမွှေပါ။

၃။       မုန့်ဖုတ်ဆော်ဒါ၊ ဂျုံ ဆန်ခါချကာ ဖုတ်ပြီး အအေးခံထားသော Oat နှင့် အုန်းသီး ရောမွှေပါ။ အမှတ်စဉ် (၂) နှင့် (၃) ကို လက်ဖြင့် ရောမွှေပါ။ မုန့်နှစ်ကို စားပွဲဇွန်း တစ်ဇွန်းစီယူပြီး မုန့်ဖုန်ဗန်းထဲထည့်ကာ အသင့်အပူချိန်ပေးထားသော မီးဖိုထဲ ၂၀ မိနစ် သို့မဟုတ် ၂၂ မိနစ်ခန့် ထည့်ဖုတ်ပါ။ အနည်းငယ် အရောင်ထည့်လျှင် ရပါပြီ။ မီးဖိုထဲက ထုတ်တဲ့အချိန် မှာ အနည်းငယ်ပျော့နေမှာပါ။ အေးသွားရင်တော့ ပြန်ြွကပ်သွားမှာ ဖြစ်ပါတယ်။

စားဖိုမှူး စောဆာမူလား

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments