Melting Chocolate Cake

by Chef Saw Sar Mu Lar for Food Magazine

          အဓိကပါဝင်ပစ္စည်းတွေကတော့ ချောကလက်၊ ကြက်ဥ၊ ကိတ်ဂျုံ၊ သကြားတို့ ဖြစ်ပါတယ်။ ချောကလက်ကိုတော့ Semi Sweet Chocolate Bitten Sweet Chocolate တစ်ဝက်စီ တွဲသုံးလို့ရပါတယ်။ Semi Sweet Chocolate ကတော့ ပျော့တယ်၊ ပိုချိုတယ်။ Bitten Sweet Chocolate ကတော့ မာတယ်။ အချိုပေါ့ပြီး အခါးဘက် နည်းနည်းပါတယ်။ ဒါကြောင့် Bitten Sweet Chocolate  တစ်ခုပဲသုံးရင် သကြားတိုးထည့်လို့ရသလို Semi Sweet Chocolate ပဲ သုံးရင် သကြားလျှော့ထည့်လို့ရပါတယ်။ Melting Chocolate Cake ကို ပူပူလေးစားရင် ပိုအရသာ ရှိတယ်။ အရမ်းအပူမကြိုက်ရင် Vanilla Ice Cream နှင့် တွဲစားလို့ရပါတယ်။ လိုက်ဖက်ညီပြီး တွဲဖက်စားလို့ အရသာရှိပါတယ်။

ပြုလုပ်ချိန် ၄၀ မိနစ်၊ အရေအတွက် ၆ ခု

ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁၈၀ ဂရမ်

ချောကလက်အမည်း  –  ၂၀ဝ ဂရမ်

ကိတ်ဂျုံ  –  ၇၀ ဂရမ်

သကြား –  ၆၀ ဂရမ်

ကြက်ဥ  –  ၅ လုံး

ဆား  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထောပတ်နှင့် ချောကလက်အမည်းကို ခွက်ထဲထည့် ၍ ရေနွေးစိမ်ပြီး အရည်ဖျော်ပါ။

၂။       ကြက်ဥ၊ သကြား၊ ဆားကို ကြက်ဥကြေရုံရောမွှေပါ။ (ကြက်ဥအမြှုပ်မထစေရပါ။)

၃။       အမှတ်စဉ် (၁) နှင့် (၂) ကို ရောမွှေပါ။ ဆက်လက်၍ ကိတ်ဂျုံကို ရောမွှေပါ။ သေချာ ချောမွှတ်နေအောင် မွှေပါ။

၎။       ကြွေခွက်ကလေးများထဲ Melting Chocolate အရည်ကိုထည့်ပြီး မုန့်ဖုတ်ဗန်းထဲ ထည့်ပါ။ ဗန်းထဲ ရေထည့်ပြီး (ကြွေခွက်အောက်ပိုင်း မြုပ်ရုံထည့်ပါ) အပေါ်အောက် မီးအပူချိန် 180˚C နှင့် မိနစ် ၂၀ ခန့် ဖုတ်ပါ။ မုန့်အလယ်မှာ အနည်းငယ်စိုပြီး ပျော့နေပါမယ်။ လိုအပ်လျှင် အပေါ်မှ သကြားအမှုန့်ဖြူး၍ ပူပူလေး စားသုံးနိုင်ပါပြီ။ ဗနီလာရေခဲမုန့်နဲ့ တွဲစားလျှင် ကောင်းပါတယ်။

Facebook Comments