Mango Panna Cotta

by Chef Saw Sar Mu Lar for Food Magazine

          Panna Cotta ဟာ အီတလီရဲ့ နာမည်ကြီး အစားအစာ ဖြစ်ပါတယ်။ Hotel, Cruise Line တွေမှာ မပါမနေရ ကျွေးရပါတယ်။ Cream နဲ့ နို့ကို Gelatin နဲ့ ပြည့်ခဲအောင် လုပ်ထားတဲ့ အချိုပွဲပါ။ မိမိနှစ်သက်ရာ အသီးတွေကို Puree ဖြစ်စေ၊ အတုံးလေးတွေဖြစ်စေ ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ အများအားဖြင့် ဖန်ခွက်၊ြွေကခွက်တွေထဲမှာထည့်ပြီး စားသုံးလေ့ရှိပါတယ်။

ပြုလုပ်ချိန် ၅၀ မိနစ်၊ အရေအတွက် ၂ ခု

ပါဝင်ပစ္စည်းများ

Heavy Cream  –  ၅၀ ဂရမ်

နွားနို့  –  ၁၀ဝ ဂရမ်

သကြား  –  ၄၀ ဂရမ်

Gelatin  –  ၅ ဂရမ်

ဗနီလာအနံ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Rum အရက်  –  ၁၀ မီလီလီတာ

Mango Layer

သရက်သီး Puree  –  ၂၅၀ ဂရမ်

Gelatin  –  ၅ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       သရက်သီးကို သစ်သီးကြိတ်စက်ဖြင့် အရည်ဖျော်ပြီး အနည်းငယ်နွေးလာအောင် ကျိုပါ။

၂။       Gelatin ကို ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိမွှေ၍ အနည်းငယ် အအေးခံကာ ဖန်ခွက်ထဲသို့ စောင်းပြီး ထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။

*        နောက်တစ်နည်းကတော့ သရက်သီးကို Puree လုပ် Gelatin အရည်ဖျော်ထည့်လည်း ရပါတယ်။

Vanilla ပြုလုပ်နည်း

          Heavy Cream နွားနို့၊ သကြားတို့ကို နွေးနွေးဖြစ် အောင်ကျိုပါ။ Gelatin အမှုန့်ကို ရေအေးအေးနဲ့ စိုအောင် ဖျော်ပြီး ရောပါ။ မီးဖိုပေါ်မှချပြီး Vanilla အနံ့ထည့်ပါ။ မိမိ ကြိုက်နှစ်သက်မယ်ဆိုလျှင် Rum ထည့်လို့ရပါတယ်။ အနည်းငယ်အအေးခံပြီး Mango အလွှာထည့်ထားသော ခွက်ထဲသို့ လောင်းထည့်ပြီး ၁ နာရီခန့် ရေခဲသေတ္တာထဲမှာ အအေးခံပါ။ ခဲလျှင် ပုံမှာပြထားသည့်အတိုင်း အလှဆင်ပြီး စားသုံးနိုင်ပါပြီ။

Facebook Comments