Mango Jelly Mousse Cake

by Chef Saw Sar Mu Lar for Food Magazine

          သရက်သီးအစား အခြားနှစ်သက်ရာ အသီးကိုလည်း အသုံးပြုနိုင်ပါတယ်။ အောက်ခံကိတ်သားကို မိမိကြိုက်နှစ်သက်ရာကိတ်သား အသုံးပြုနိုင်ပါတယ်။ ကိတ်ရဲ့ အထူအပါးကိုလည်း မိမိကြိုက်နှစ်သက်သလို လှီးလို့ရပါတယ်။ Jelly ကို ရေပဲ သုံးထားပါတယ်။ White Wine ၊ ရှန်ပိန်နဲ့ အခြားအရက်တွေကိုလည်း ရေအစားထိုး သုံးလို့ရပါတယ်။ အရောင်၊ အနံ့၊ အရသာကိုလည်း လိုအပ်သလို ဖန်တီးယူနိုင်ပါတယ်။ အသီး Jelly မကြိုက်လို့ မထည့်လည်းရပါတယ်။

ပြုလုပ်ချိန် ၁၀၀ မိနစ်၊ အရေအတွက် ၆ လက်မ ၁ ခု

အောက်ခံ Mango Cake သားအတွက် ပါဝင်ပစ္စည်း

ထောပတ်  –  ၅၀ ဂရမ်

သကြား  –  ၂၅ ဂရမ်

ကြက်ဥ  –  ၃၀ ဂရမ်

ကိတ်ဂျုံ  –  ၆၀ ဂရမ်

နွားနို့  –  ၂၀ ဂရမ်

သရက်သီး  –  ၃၀ ဂရမ်

ဘေကင်ပေါင်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ကြက်ဥအကာ  –  ၁ လုံး

သကြား  –  ၂၀ ဂရမ်

Mango Cake ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထောပတ်သကြားဖြူပြီး ပွလာအောင် မွှေတံဖြင့် မွှေပါ။ ဖြူပြီးပွလာလျှင် ကြက်ဥကို ထည့်ပြီး သကြားပျော်သည်အထိ မွှေပေးပါ။

၂။       နွားနို့သရက်သီးကို သစ်သီးကြိတ်စက်ဖြင့် အရည်ဖျော်ပြီး ရောပါ။

၃။       ကိတ်ဂျုံ၊ ဘေကင်ပေါင်ဒါကို ဆန်ခါချပြီး ရောမွှေပါ။

၎။       ကြက်ဥအကာကို ဖြူပြီး အမြှုပ်ထလာအောင်ရိုက်၍ သကြားကို ဖြည်းဖြည်းချင်း ထည့်ပြီး ပြည့်တွဲလာသည်အထိ မွှေတံဖြင့်မွှေပါ။ (Meringue လို့ ခေါ်ပါတယ်။)

၅။       ကြက်ဥ Meringue တစ်ဝက်ယူ၍ အပေါ်က လုပ်ပြီးသား မုန့်နှစ်ဖြင့်မွှေပါ။ ဆက်လက်၍ လက်ကျန်ကြက်ဥ Meringue ကို ဖြည်းညင်းစွာ အားလုံးရောသွားသည်အထိ လက်နှင့်မွှေပါ။

၆။       မီးအပူချိန်အပေါ်အောက် 170၀˚C တင်ထားပါ။ အဆင်သင့်ဖြစ် လာသောမုန့်နှစ်ကို ၆ လက်မ ကိတ်ခွက်ထဲ ထည့်ပြီး ၂၀ မိနစ်ခန့် ဖုတ်ပါ။ ကိတ်သား ကျက်မကျက်ကို တုတ်အချွန်ဖြင့် ကိတ်သား အလယ်တည့်တည့်ထိုးကြည့်ပါ။ တုတ်ခြောက်လျှင် ကိတ်ကျက်ပါပြီ။ မခြောက်လျှင် အနည်းငယ်ထပ်ဖုတ်ပါ။ ပြီးလျှင် ကိတ်ခွက်မှထုတ်ပြီး အအေးခံပါ။ အေးလာသော ကိတ်သားအပေါ် ကိတ်အရေခွံကို ဓားဖြင့်ပါးပါးလှီးပြီး ဖယ်ပါ။ Mousse Cake လုပ်မယ့် ကိတ်ကွင်းထဲသို့ Mango ကိတ်သားကို ထည့်ထားပါ။

Mango Mousse ပါဝင်ပစ္စည်းများ

ကြက်ဥအနှစ်  –  ၂ လုံး

သကြား  –  ၅၀ ဂရမ်

Heavy Cream  –  ၂၀ဝ ဂရမ်

Mango Puree  –  ၁၀ဝ ဂရမ်

Gelatin  –  ၈ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ဥအနှစ် သကြားဖြူလာအောင် မွှေတံနှင့်မွှေပါ။

၂။       Heavy Cream ရောမွှေပါ။ အနည်းငယ်ပြည့်လျှင် ရပါပြီ။ Mango Puree ကို ထည့်မွှေပါ။

၃။       Gelatin ကို အရည်ဖျော် ၁ နှင့် ၂ မှ မုန့်နှစ်အနည်းငယ်ကို Gelatin ထဲထည့်ပြီး အနည်းငယ် ပူလာအောင် ပြန်ဖျော်ပါ။

၎။       ပြီးလျှင် ပထမမုန့်နှစ်သားထဲသို့ ထည့်ပြီး မွှေပါ။ Gelatin ကို မုန့်နှစ်နဲ့ရောလျှင် အဲဒီစနစ်ကို သုံးသင့်ပါ တယ်။ အဘယ်ကြောင့်ဆိုသော် Gelatin နဲ့ အအေးထိလျှင် ထိသည့်နေရာ ချက်ချင်းခဲသွားနိုင်ပါတယ်။

၅။       အသင့်ပြင်ထားသော အောက်ခံကိတ်သား ထည့်ထားတဲ့ ကိတ်ကွင်းထဲသို့ Mango Mousse များကို ကိတ်ကွင်းပြည့်ဖို့ လက်တစ်လုံးအလိုအထိ လောင်းထည့်လိုက်ပြီး ရေခဲသေတ္တာထဲ ၁ နာရီခန့် အနည်းငယ် ခဲလာအောင်ထားပါ။

၆။       သရက်သီးကို ပုံပါအတိုင်း ပါးပါးလှီးပြီး Mousse ကိတ်အပေါ် မှာ အလှဆင်ပါ။

Jelly Topping အတွက် ပါဝင်ပစ္စည်းများ

ရေ  –  ၁၀ဝ ဂရမ်

သကြား  –  ၃၀ ဂရမ်

Gelatin  –  ၃ ဂရမ်

ပြုလုပ်နည်း

          ရေ၊ သကြား၊ Gelatin တို့ကို ပွက်ပွက်ဆူအောင်ကျိုပြီး အအေးခံပါ။ အေးလာသော Jelly ကို သရက်သီးများ စီ၍ အလှဆင်ထားသော Mango Mousse Cake အပေါ်သို့ သရက်သီးဖုံးအောင် လောင်းထည့်ပါ။ ရေခဲသေတ္တာထဲ နာရီဝက်ခန့် ထပ်မံ၍ ခဲအောင် အအေးခံပါ။ ခဲလျှင် ကိတ်ကွင်းကိုဖြုတ်ပြီး မိမိလိုအပ်သလို လှီးပြီး အရသာရှိ စွာ စားသုံးနိုင်ပါပြီ။

Facebook Comments