Lemon Meringue Cake

by Chef Saw Sar Mu Lar for Food Magazine

          Meringue ကို လုပ်တဲ့အခါ Cream of Tar Tar မရှိရင် မထည့်လည်းရပါတယ်။ ဒါပေမဲ့ ၃-၄ နာရီအတွင်းမှာ Meringue မှာ အရည်တွေထွက်လာပြီး ပျက်စီးလွယ်ပါတယ်။ Tar Tar ပါရင်တော့ နောက်နေ့အထိထားလည်း ဘာမှမဖြစ်ပါဘူး။ ကိတ်အတွက်ဆိုရင်တော့ Tar Tar ပါတဲ့အတွက် ကိတ်သားကို ပိုပြီး နူးညံ့စေပါတယ်။ အဓိက Cream of Tar Tar ကို ကြက်ဥအကာ ရိုက်တဲ့နေရာမှာ သုံးပါတယ်။ အခြား သကြားနဲ့ဆိုင်တဲ့ အလှဆင်တဲ့အခါလည်း Tar Tar ကို ထည့်သုံးပါတယ်။

ပြုလုပ်ချိန် ၈၀ မိနစ်၊ အရေအတွက် ၆ ခု

ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁၀ဝ ဂရမ်

သကြား  –  ၈၀ ဂရမ်

ကြက်ဥ  –  ၁ လုံး

နွားနို့  –  ၃၀ ဂရမ်

ကိတ်ဂျုံ  –  ၁၀ဝ ဂရမ်

သံပရိုသီးအရည်  –  ၁၀ ဂရမ်

သံပရိုသီးအခွံ  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

ဘေကင်ပေါင်ဒါ  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြက်ဥအကာ  –  ၂ လုံး

သကြား  –  ၂၀ ဂရမ်

Cream of Tar Tar  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထောပတ်၊ သကြား၊ ဆား၊ သံပရိုသီးအခွံတို့ကို မွှေတံဖြင့် ထောပတ်ဖြူပြီး ပွလာသည်အထိ ရိုက်ပါ။

၂။       ကြက်ဥကိုရော၍ ရိုက်ပါ။ သကြားကြေမှ နွားနို့ရောပြီး ရိုက်ပါ။

၃။       ကိတ်ဂျုံ၊ ဘေကင်ပေါင်ဒါ ဆန်ခါချပြီး ရောမွှေပါ။ သံပရိုသီးအရည်ကို ထည့်မွှေပါ။

၎။       ကြက်ဥအကာကို အမြှုပ်ထပြီး ဖြူလာအောင် မွှေတံနှင့် ရိုက်ပါ။ သကြား၊ Cream of Tar Tar ရောပြီး ကြက်ဥ အကာထဲသို့ ဖြည်းဖြည်းချင်းရောကာ ကြက်ဥအကာ ပွပြီး ပြည့်လာသည်အထိ ညောင်စေးပေါက်အောင် ရိုက်ပါ။ အဲဒါကို Meringue လို့ ခေါ်ပါတယ်။

၅။       Meringueတစ်ဝက်ကိုယူပြီး နံပါတ် (၃) မှ မုန့်နှစ်နှင့် ရောမွှေပါ။ လက်ကျန် Meringue ကို ဖြည်းညင်းစွာ လက် (သို့) ပလတ်စတစ်ယောက်မဖြင့် မွှေပါ။ မီးအပူချိန် 180˚C တင်ထားပါ။ ၄ လက်မ ကိတ်လေးထောင့် ကွင်းထဲသို့ မုန့်နှစ်ကို ထည့်ပြီး မီး 180˚C အပူချိန်ထဲသို့ မိနစ် ၃၀ ခန့်ဖုတ်ပါ။ မုန့်ကျက်မကျက်ကို ဆာတေးတုတ်ဖြင့် မုန့်အလယ်ကို ထိုးကြည့်ပါ။ တုတ်ခြောက်လျှင် ကျက်ပါပြီ။ စိုနေလျှင် အနည်းငယ် ထပ်ဖုတ်ပါ။ ကိတ်ကို ကွင်းထဲမှထုတ်ပြီး အအေးခံပါ။

Lemon Curd အတွက် ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၂ လုံး

ထောပတ်  –  ၁၀ဝ ဂရမ်

သံပရိုသီးအရည်  –  ၃၀ ဂရမ်

သံပရိုသီးအခွံ  –  စားပွဲဇွန်း ၂ ဇွန်း

သကြား  –  ၈၀ ဂရမ်

Lemon Curd ပြုလုပ်နည်းအဆင့်ဆင့်

၁။       မီးအေးအေးဖြင့် ထောပတ်အရည်ဖျော်ပါ။

၂။       ကြက်ဥ၊ သကြားကို ကြေအောင် မွှေတံဖြင့်မွှေပါ။ မီးအေးအေးဖြင့် ကြိုထားသော ထောပတ်အရည်ထဲသို့ ကြက်ဥကို ရောမွှေပါ။ သံပရိုသီးအရည်ကို ရောမွှေပါ။ အနည်းငယ်ပြည့်လာလျှင် မီးဖိုပေါ်မှချပြီး သံပရိုသီး အခွံထည့်ပါ။ ပြီးလျှင် ခဏမွှေပြီး ရေခဲသေတ္တာထဲ ထည့်ကာ အအေး ခံပါ။ အအေးခံစဉ် အပေါ်မှ ပလတ်စတစ်ဖြင့် Lemon Curd မျက်နှာပြင် ထိနေအောင် ဖုံးထားပေးပါ။

Layer ကိတ်ပြုလုပ်နည်း

၁။       အအေးခံထားသောကိတ်ကို ကိတ်ဖြတ်ဓားဖြင့် သုံးလွှာဖြတ်ပါ။

၂။       သကြား ၁၀ဝ ဂရမ်၊ ရေ ၁၀ဝ ဂရမ်နှင့် သံပရာသီးအလုံးကို ထက်ခြမ်းခြမ်းပြီး ပွက်ပွက်ဆူအောင် ကြိုပါ။

၃။       ဖြတ်ထားသော ကိတ်အလွှာတစ်ခုပေါ် သကြားရည် ကိတ်သုံး ဘရပ်ရှ်ဖြင့် ရွှဲအောင်သုတ်ပြီး Lemon Curd ကို မထူမပါး သုတ်ပါ။ ပြီးလျှင် ကိတ်နောက် တစ်လွှာတင်၊ သကြားရည် ကိတ်သုံးဘရပ်ရှ်နှင့် ရွှဲအောင်သုတ်ပြီး Lemon Curd ကို  သုတ်ပါ။ နောက်ကိတ်တစ်လွှာ ကိုလည်း ယခင်နည်းတူလုပ်ပြီး ကိတ်တစ်ခုလုံးကို Lemon Curd ဖြင့် ဖုံးပါ။ ကိတ် အချောကိုင်ဓား (Palette Knife) နှင့်  အချောကိုင်ပါ။ ရေခဲသေတ္တာထဲ မိနစ် ၂၀  ခန့် ထည့်သိမ်းပါ။

Meringue အတွက် ပါဝင်ပစ္စည်းများ

ကြက်ဥအကာ  –  ၅၀ ဂရမ်

ရိုးရိုးသကြား (သို့) သကြားအမှုန့်  –  ၄၀ ဂရမ်

Cream Tar Tar  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ဥအကာကို ကြက်ဥခေါက်တံဖြင့် အမြှုပ်ထပြီး ဖြူလာအောင် ရိုက်ပါ။

၂။       Cream Tar Tar နှင့် သကြားကိုရောပြီး ရိုက်ထား သော ကြက်ဥအကာထဲသို့ ဖြည်းဖြည်းချင်း ထည့်မွှေပါ။ ညောင်စေးပေါက်သည်အထိ မွှေပါ။

၃။       ရလာသော ကြက်ဥအကာ Meringue ကို ရေခဲသေတ္တာထဲ အအေးခံထားသော Lemon Cake ပေါ်သို့ သုတ်ပါ။ Palette Knife နဲ့ ပုံဖော်အလှဆင်ပါ။ လိုအပ်လျှင် ကြက်ဥအကာပေါ်သို့ Gas Burner (သို့) Salamander နှင့် Meringue ကို အရောင်တက်အောင် အပူပေးနိုင်ပါတယ်။

၎။       ကိတ်ကို ၃” x ၁” အရွယ် ၆ ပိုင်းဖြတ်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Facebook Comments