Key Lime Pie

 by Chef Saw Sar Mu Lar for Food Magazine

ပြုလုပ်ချိန် ၂ နာရီ၊ အရေအတွက် ၂ ခု

          Key Lime Pie ကို ကြက်ဥအနှစ်၊ နို့၊ သံပရာရည်နဲ့ လုပ်ပါတယ်။ အရမ်းအချိုမကြိုက်ရင် နို့ဆီတစ်ဝက်၊ နို့စိမ်း (သို့) Heavy Cream တစ်ဝက်စီ မျှပြီးထည့်ပေးလို့ ရပါတယ်။ အချဉ်ကိုလည်း ကိုယ်လိုချင်တဲ့ အတိုင်းအတာအထိ ထည့်ပေးလို့ရပါတယ်။ အောက်မှာခံတဲ့ Pie သားကတော့ Graham Cracker Shell ကို သုံးရပါတယ်။ ဒီမှာတော့ အဲဒီ Graham Cracker Shell မရှိလို့ Cookies Crumb ကိုပဲ သုံးထားပါတယ်။ အခြား ဘီစကွတ်၊ Pie အသားတွေနဲ့လည်း လုပ်လို့ရပါတယ်။ အပေါ်ဖုံးဖို့ Cream ကိုတော့ Topping Cream (သို့) Heavy Cream သုံးလို့ရပါတယ်။ တချို့က ကြက်ဥအကာနဲ့ သကြားကို ရိုက်ထားတဲ့ Meringue နဲ့လည်း ဖုံးလို့ရပါတယ်။ အပေါ်အလှဆင်တာကတော့ သံပရာသီး အခွံခြစ်၊ ပါးပါးလှီးပြီး အလှဆင်ရပါတယ်။ ကဲ… ပရိသတ်တွေ ကြိုက်နှစ်သက်သလို လုပ်စားနိုင်အောင် ရွေးချယ်နိုင်တဲ့ နည်းလမ်းတွေ ပေးထားပြီးလို့ စပြီးလုပ်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

ကြက်ဥအနှစ်  –  ၄ လုံး

နို့ဆီ  –  ၃၀ဝ ဂရမ်

သံပရာရည်  –  ၆၀ ဂရမ်

သံပရာသီးအခွံခြစ်  –  ၃ လုံး

Topping

Topping Cream/ Heavy Cream  –  ၁၀ဝ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

အောက်ခံ Pie အတွက်

၁။       ကွတ်ကီး ၂၀ဝ ဂရမ်နှင့် ထောပတ်အရည် စားပွဲဇွန်း ၂ ဇွန်း ရောခြေပြီး Pie ခွက် အောက်ကို ဆီစိမ်စက္ကူခံ၍ Cookies Crumb များကို ဖိထည့်ပြီး ရေခဲသေတ္တာထဲ ၁၀ မိနစ်ခန့် သိမ်းထားပါ။

၂။       ကြက်ဥအနှစ်နှင့် သံပရာသီးအခွံစိမ်းကို သေးသေးမျှင်မျှင်ဖြစ် အောင်ခြစ်ပြီး ကြက်ဥအနှစ် ဖြူလာသည်အထိ လက်ကိုင် whish နှင့် ရိုက်ပါ။

၃။       ကြက်ဥဖြူလာလျှင် နို့ဆီရော၍ ၂ မိနစ်ခန့် အားလုံးရောသွားအောင် မွှေပေးပါ။

၎။       ရေခဲသေတ္တာထဲ ထည့်သိမ်းထားသော အောက်ခံ Pie ခွက်ကို ထုတ်ပြီး မုန့်နှစ်များကို လောင်းထည့်လိုက်ပါ။ အပေါ်အောက် မီးအပူချိန် 150˚C နှင့် မိနစ် ၄၀ ခန့် ဖုတ်ပါ။ အပေါ်မျက်နှာပြင် အနည်းငယ်တင်းပြီး မုန့်သားအလယ်ကို လက်နှင့် ညင်သာစွာ ထိကြည့်ပါ။ လက်မှာမုန့်သားမကပ်လျှင် ရပါပြီ။ မုန့်သားကပ်ပါလာလျှင် အချိန်အနည်းငယ်ပြန်ဖုတ်ပါ။

၅။       ရလာသောမုန့်ကို  ရေခဲသေတ္တာထဲ ၁ နာရီခန့် အေးခဲလာသည်အထိ သိမ်းထားပါ။ Pie ရဲ့အပေါ်ကို Topping Cream/ Heavy Cream ကို Whisk နှင့် ပွပြီး ပျစ်ခဲသည်အထိ ရိုက်ပါ။ ရလာသော Cream နှင့် ဖုံးပြီး လိုအပ်လျှင် သံပရာသီးအခွံကို Pie အပေါ်မှ ခြစ်ချပြီး အရသာရှိစွာ နှစ်သက်သလို သံပရာသီးနှင့် အလှဆင်၊ လှီးဖြတ်ပြီး စားသုံးနိုင်ပါပြီ။

Facebook Comments