Honey Drop Candy

by Hsu Myat for Food Magazine

          ဒီသကြားလုံးလေးက လုပ်ရလွယ်ကူပြီး ပါဝင်ပစ္စည်းအားလုံးကလည်း ရှာရလွယ်ကူပါတယ်။ သားသားနဲ့ မီးမီးလေးတို့ကို ကိုယ်တိုင်လုပ်ထားတဲ့ သကြားလုံးလေးတွေပေးချင်တဲ့ မေမေတွေအတွက်ရော၊ လွယ်လွယ်နဲ့ လက်ဆောင်လှလှလေးတွေ ကိုယ်တိုင်လုပ်ပေးချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ လွယ်လွယ်နဲ့ မြန်မြန်ပြီးတဲ့ သကြားလုံးလေးပါ။ ဒီအချိုးအဆနဲ့ဆိုရင် သကြားလုံး ၂ဝ လောက် ရပါတယ်။

ပါဝင်ပစ္စည်းများ

  သကြား  –  စားပွဲဇွန်း ၆ ဇွန်း

  ပျားရည်  –  စားပွဲဇွန်း ၆ ဇွန်း

  ရေ  –  စားပွဲဇွန်း ၃ ဇွန်း

  ဂလူးကို့စ် (Glucose)  –  စားပွဲဇွန်း ၁ ဇွန်း

  သံပရာရည်  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       သကြား၊ ပျားရည်၊ ရေနှင့် ဂလူးကို့စ်တို့ကို အားလုံးပေါင်းပြီး အိုးနည်းနည်းကြီးတာနဲ့ ဆူလာအောင် တည်ပေးပါ။ သကြားလုံး အရည်ကို ဇွန်းနဲ့ယူပြီး စားပွဲပေါ်တင်လိုက်လို့ တစ်မိနစ်အတွင်း ခဲသွားသည်အထိ ကျိုပေးပါ။

၂။       စားပွဲပေါ်တင်လို့ ခဲသွားပြီဆိုလျှင် မီးဖိုပေါ်မှချပြီး သံပရာရည်ထည့်ကာ မွှေပေးပါ။ ပြီးလျှင် သကြားလုံးအရည်ကို စီလီကွန်ပုံစံခွက် (Silicon mold) ထဲ  လောင်းထည့်ပေးပြီး သကြားလုံးတွေ မာသွားသည်အထိ ထားပေးပါ။

၃။       ခဲပြီး မာသွားပြီဆိုလျှင် ဆီစိမ်စက္ကူကို သေးသေးလေးတွေဖြတ်ပြီး သကြားလုံးလေးတွေ ထုပ်ပေးပါ။ လေလုံတဲ့ ပုလင်းထဲမှာ ထည့်ထားပြီး သိမ်းထားလို့ရပါပြီ။

Facebook Comments