Green Tea Cookies

by Chef Saw Sar Mu Lar for Food Magazine

          Green Tea Powder အမျိုးအစားပေါ်မူတည်ပြီး အတိုးအလျှော့ထည့်လို့ ရပါတယ်။ တချို့က အရောင်ပြင်းပြီး တချို့က အရောင်ပျော့ပါတယ်။ Almond Slice နေရာမှာ အခြားအစေ့တွေထည့်လည်း ရပါတယ်။ (ဥပမာ-သီဟိုဠ်စေ့၊ သစ်အယ်သီး၊ သစ်ကြားသီး) လိုအပ်လျှင် Chocolate Chip (သို့) ချောကလက် အဖြူ၊ အမည်းအတုံးသေးလေးတွေ လှီးပြီးထည့်လို့လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁၇၀ ဂရမ်

သကြားအမှုန့်  –  ၁၃၀ ဂရမ်

ကိတ်ဂျုံ  –  ၂၄၀ ဂရမ်

ကြက်ဥအနှစ်  –  ၂ လုံး

Green Tea Powder  –  ၂၅ ဂရမ်

ဘေကင်ဆော်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

Almond  –  ၅၀ ဂရမ်

ပြုလုပ်နည်း

၁။       ထောပတ်၊ သကြားအမှုန့်၊ ဆားဖြူလာသည်အထိ မွှေတံ (Whisk) ဖြင့် မွှေပါ။

၂။       ထောပတ်ဖြူပြီး ပွလာလျှင် ကြက်ဥအနှစ်ကို တစ်လုံးချင်းထည့်၍ ရောမွှေပါ။

၃။       ကိတ်ဂျုံ၊ Green Tea Powder ဘေကင်ဆော်ဒါ ဆန်ခါချ ၍ ရောမွှေပါ။ အားလုံးရောမွှေလို့ နှံ့သွားလျှင် ရပါပြီ။ လိုအပ်သည်ထက် ပို၍မမွှေပါနှင့်။ Almond Slice ကို ရောမွှေပါ။ Almond Slice သားထဲ နေရာတိုင်း အနည်းငယ်နှံ့သွားလျှင် ရပါပြီ။

၎။       Ice Cream Scoop ၁ လက်မခွဲ သို့မဟုတ် လက်ဖြင့် ၃၀ ဂရမ် အလုံးလေးများ လုပ်ပြီး မုန့်ဖုန့်ဗန်းထဲသို့ထည့်ပြီး ဖိပြားပါ။ လက်တစ်လုံးအပြားခန့် ဖိပြားပါ။ Almond ၃ (သို့) ၄ ခုခန့် ကွတ်ကီးတစ်ခုချင်းစီ အပေါ်တင်ပေးပါ။ အောက်မီး 160˚C, အပေါ်မီး 170˚C နှင့် ၁၈ မိနစ် ခန့်ဖုတ်ပါ။ အပြင်ပိုင်းမှာ ခြောက်ပြီး အတွင်းပိုင်းမှာ အနည်းငယ်ပျော့နေလျှင် ရပါပြီ။ မီးဖိုထဲကထုတ်ပြီး အအေးခံပါ။ အေးလျှင် ကြွပ်လာပါမယ်။ လေလုံဘူးထဲ ထည့်သိမ်းလျှင် တစ်လခန့် အထားခံ၍ အရသာရှိစွာ စားသုံးနိုင်ပါတယ်။

Facebook Comments