Ginger Cookies

by Chef Saw Sar Mu Lar for Food Magazine

          Christmas နဲ့ New Year မှာ  အများဆုံး ပုံစံအမျိုးမျိုးနဲ့ နိုင်ငံတကာမှာ လုပ်ကြပါတယ်။ ပရိသတ်များမှာ ချင်းမှုန့်မရှိရင် ချင်းမြစ်ကို အတုံးသေးလှီး၊ သစ်သီးဖျော်စက်ထဲ ရေအနည်းငယ်နှင့် ကြိတ်ကာ ဆန်ခါချပြီး ချင်း ရည်သီးသန့်သုံးလို့ ရပါတယ်။ ဒီအတိုင်း ချင်းဖတ်လေးတွေနဲ့ ကြိုက်ရင် ဆန်ခါမချဘဲ သုံးလို့လည်း ရပါတယ်။ ချင်း အရသာ ပြင်းချင်ရင် ပိုထည့်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁၀ဝ ဂရမ်

ရိုးရိုးသကြားအမှုန့်  –  ၈၀ ဂရမ် +

သကြားအညိုမှုန့်  –  ၂၀ ဂရမ်

ချင်းမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

သစ်ကြံပိုးခေါက်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

ပျားရည်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်ဥအကာ  –  ၁ လုံး

ဘေကင်ဆော်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ကိတ်ဂျုံ  –  ၂၀ဝ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထောပတ်၊ ရိုးရိုးသကြားအမှုန့်၊ သကြားအညိုမှုန့်၊ ဆားနှင့် ထောပတ်တို့ကို ပွလာသည်အထိ  ၅ မိနစ်ခန့် မွှေတံနှင့် မွှေပါ။

၂။       ကြက်ဥအကာရောမွှေပါ။ ၁ မိနစ်ကြာလျှင် ပျားရည်ရောမွှေပါ။

၃။       ကိတ်ဂျုံ၊ ဘေကင်ဆော်ဒါ၊ ချင်းမှုန့်၊ သစ်ကြံပိုးခေါက်အမှုန့် ဆန်ခါချပြီး နံပါတ် ၂ ထဲသို့ ရောမွှေပါ။ ၁ မိနစ်ခန့်ကြာအောင် မွှေပြီးမှ Cookies သားကို  ဝ.၂ စင်တီမီတာခန့် ဆီစိမ်စက္ကူပေါ်မှာ ပြားပြီး ရေခဲသေတ္တာထဲ Cookies သား အနည်းငယ် ခဲမာလာသည်အထိ သိမ်းပါ။

၎။       မုန့်သားအနည်းငယ်ခဲလာလျှင် ခရစ္စမတ် ကွတ်ကီးဖြတ်သည့် Cutter အမျိုးမျိုးဖြင့် ဖြတ်ကာ မုန့်ဖုတ်ဗန်းထဲသို့ ဆီအနည်းငယ်သုတ်ပြီး ထည့်ပါ။ အပေါ်အောက် မီးအပူချိန် ၁၇၀˚ဃ နှင့် ၁၇ မိနစ်ခန့် ဖုတ်ပါ။ မီးဖိုထဲက ထုတ်ခါစမှာ အနည်းငယ် ပျော့နေပါမယ်။ အေးသွားရင် ကြွပ်သွားပါမယ်။

၅။       အပေါ်မှာ အရောင်စုံ Royal Icing ကိုလုပ်ပြီး Piping Bag ထဲ ထည့်၊ ထိပ်မှ အပေါက်သေးသေးဖောက်ပြီး Cookies ပေါ်သို့ လိုအပ်သလို ဆွဲယူပုံဖော်နိုင်ပါတယ်။ ဆွဲပြီး တစ်မိနစ်အတွင်း မှာ Royal Icing က ခြောက်သွားပါလိမ့်မယ်။ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Topping Royal Icing

Topping အတွက် ပါဝင်ပစ္စည်းများ

ကြက်ဥအကာ  –  ၁ လုံး

သကြားအမှုန့်  –  ၂၀ဝ ဂရမ်

သံပရိုရည်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်ဥအကာ၊ သကြားအမှုန့်၊ သံပရိုရည် အားလုံးရောမွှေပါ။

၂။       အားလုံး ချောမွတ်အောင် မွှေပါ။ မွှေတံနှင့်အပေါ်သို့ ဆွဲလိုက်လျှင် တန်းတန်းလေး ဖြစ်နေရပါမယ်။

၃။       အရေလိုကျဲကျဲဖြစ်နေလျှင် သကြား မှုန့်ထပ်ရောပါ။ အရမ်းပျစ်နေလျှင် ကြက်ဥအကာ ရောပါ။ လိုချင်တဲ့ အတိုင်းအတာကို အတိုးအလျှော့ လုပ်လို့ရပါတယ်။ လိုအပ်တဲ့ အရောင်နဲ့ အနံ့၊ အရသာတွေကို ရောပြီး အသုံးပြုနိုင်ပါတယ်။

Facebook Comments