Flourless Chocolate Cake

by Chef Saw Sar Mu Lar for Food Magazine

          Chocolate Custard ပုံစံမျိုးပါပဲ။ ကြက်ဥကို အလုံးလိုက်သုံးတယ်။ ဒီမှာတော့ ကြက်ဥအနှစ်နဲ့အကာ ခွဲသုံးထားပါတယ်။ လိုအပ်ရင် (Mocca Paste), Nestle, Brandy အနည်းငယ် ထည့်သုံးလို့ရပါတယ်။ အရမ်းအရသာရှိတဲ့ Italian Cake လေးပါ။ ပလတ်စတစ်ပတ်ထားပြီး အပြင်မှာ သိမ်းထားရင် ပိုကောင်းပါတယ်။ ရေခဲသေတ္တာထဲ ထည့်သိမ်းရင် Chocolate ဖြစ်တဲ့အတွက် အရမ်းခဲပြီး မာနေမယ်။ မစားခင် ၁ နာရီကြိုပြီး ထုတ်ထားရမှာ ဖြစ်ပါတယ်။ ဒါမှ အရသာရှိရှိ ပျော့ပျော့လေးစားနိုင်မှာပါ။

ပြုလုပ်ချိန် ၅၀ မိနစ်၊ အရေအတွက် ၁ ခု

ပါဝင်ပစ္စည်းများ

ချောကလက်အမည်း  –  ၂၀ဝ ဂရမ်

ထောပတ်  –  ၁၆၀ ဂရမ်

ကြက်ဥအနှစ်  –  ၅ လုံး

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သကြား  –  ၁၀ဝ ဂရမ်

Almond Powder  –  ၁၆၀ ဂရမ်

ကြက်ဥအကာ  –  ၅ လုံး

သကြား  –  ၆၀ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ချောကလက်အမည်းနှင့် ထောပတ်ကို ခွက်ထဲထည့်၍ ရေနွေးစိမ်ပြီး အရည်ဖျော်ပါ။

၂။       ကြက်ဥအနှစ်၊ သကြား၊ ဆားကို ကြက်ဥနှစ်ဖြူပြီး ပွလာအောင် ရိုက်ပါ။ ကြက်ဥဖြူပြီး ပွလာလျှင် အမှတ်စဉ် (၁) မှ ချောကလက် ထောပတ်ရည်ကို ကြက်ဥမွှေရင်း ဖြည်းဖြည်းချင်း လောင်းထည့်ပါ။

၃။       ကြက်ဥအကာကို အမြှုပ်ထပြီး ဖြူလာအောင် ရိုက်၍ သကြားကို ဖြည်းဖြည်းချင်း ကုန်အောင်ထည့်ကာ ညောင်စေးပေါက်၍ ကြွက်မြီးတန်းသည်အထိ ရိုက်ပါ။

၎။       ကြက်ဥအကာတစ်ဝက်ကို ယူ၍  အဆင့် (၂) မှ မုန့်နှစ်နှင့်ရောပါ။ Almond Powder နှင့် ဆက်၍ ရောမွှေပါ။ လက်ကျန်ကြက်ဥအကာကို ဖြည်းဖြည်းချင်း ရောကာ ဆက်၍မွှေပါ။ ၈ လက်မ ကိတ်ကွင်းထဲကိုထည့်ပြီး အပေါ်အောက် မီးအပူချိန် 170˚C နဲ့ နာရီဝက်ခန့် ဖုတ်ပါ။ ကိတ်ကျက်မကျက်ကို အလယ်ကို ဆာတေးတုတ်နဲ့ထိုးပြီး စိုနေလျှင် အချိန် အနည်းငယ် ဆက်၍ဖုတ်ပါ။ ခြောက်နေလျှင် ရပါပြီ။ ကိတ်ကို နာရီဝက်ခန့် အအေးခံပြီး လိုအပ်လျှင် အပေါ်မှ သကြားမှုန့်ကို ဆန်ခါနဲ့ဖြူး၍ အရသာရှိစွာ  သုံးဆောင်နိုင်ပါပြီ။

Facebook Comments