Cinnamon Star

by Chef Saw Sar Mu Lar for Food Magazine

          Cinnamon Star ကွတ်ကီးကို အများအားဖြင့် Christmas နဲ့ New Year တွေမှာ လုပ်စားကြပါတယ်။ ကွတ်ကီးထဲမှာ Almond အပြည့်သုံးထားတဲ့အတွက် အခြားကွတ်ကီးအရသာနဲ့ မတူဘဲ တစ်မျိုးထူးခြားပါတယ်။ Almond Powder မရရင် မြေပဲ၊ သီဟိုဠ်စေ့ကို ကြိတ်စက်နဲ့ အမှုန့်ကြိတ်သုံးလို့ရပါတယ်။ အများအားဖြင့် သစ်ကြံပိုးခေါက်အမှုန့်ကို သုံးထားပြီး ကြယ်ပုံဖြတ်ထားလို့ Cinnamon Star လို့ ခေါ်ပါတယ်။ ဒီတော့ ပရိသတ်များက သစ်ကြံပိုးခေါက် အမှုန့်မကြိုက်ရင် ချင်းမှုန့်၊ All Spices (ဟင်းခတ်အမွှေးအကြိုင်များ)၊ Five Spices (နာနတ်ပွင့်၊ ငရုတ်ကောင်း၊ လေးညှင်း၊ သစ်ကြံပိုးခေါက်၊ စမုန်စပါး)ကို သုံးလို့ရတယ်။ တစ်ခုမှမကြိုက်ရင် မထည့်ဘဲ လုပ်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

Almond Powder  –  ၁၇၅ ဂရမ်

သစ်ကြံပိုးခေါက်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပရိုရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်ဥအကာ  –  ၁၄၀ ဂရမ်

သကြားအမှုန့်  –  ၁၅၀ ဂရမ်

သံပရိုသီးအခွံခြစ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ဥအကာနှင့် သကြားအမှုန့်ကို ကြက်ဥဖြူလာသည်အထိ ရိုက်ပါ။

၂။       Almond Powder သစ်ကြံပိုးခေါက်အမှုန့်၊ ဆားနှင့် သံပရိုသီး အခွံခြစ် အားလုံးရောထားပါ။

၃။       နံပါတ် ၁ နှင့် ၂ ကို သံပရိုရည်ရောပြီး ၁ မိနစ်ခန့် မွှေပါ။ ပြီးလျှင် ဗန်းတစ်ခုထဲ ဝ.၂ စင်တီမီတာပြားပြီး ရေခဲသေတ္တာ အခဲ Deep Freezer ထဲသို့ နာရီဝက်ခန့် ထည့်သိမ်းပါ။

၎။       နံပါတ် ၃ မှ နာရီဝက်ခန့် Deep Freezer မှာ သိမ်းထားသော Cookies သားပေါ်သို့ Topping အဖြစ် Royal Icing ကို တစ်ပြင်လုံးညီအောင် ပါးပါးဖုံးသုတ်ပါ။ ၅ မိနစ်ခန့်ထားပြီး Royal Icing နည်းနည်းခြောက်သွားလျှင် ကြယ်ပုံဖြတ်သည့် Cutter  နှင့် ဖြတ်ပါ။ ပုံမှာကတော့ အဖြူနဲ့ ပြထားပါတယ်။ လိုအပ်လို့ Royal Icing အရောင်နဲ့ သုံးရင်လည်း ရပါတယ်။ အပေါ်အောက် မီးအပူချိန် 170˚C နှင့် ၁၂ မိနစ်ခန့် ဖုတ်ပါ။ Cookies အပေါ်မှ အရောင်အနည်းငယ်ထည့်မယ်။ အလယ်သား အနည်းငယ်ပျော့လျှင် ရပါပြီ။ အအေးခံပြီး အရသာရှိစွာ စားသုံးနိုင်ပါတယ်။ ကြာကြာသိမ်းလိုလျှင် လေလုံဘူးထဲ ထည့်သိမ်းပါ။ တစ်လ သိမ်းထားလို့ ရပါတယ်။

Facebook Comments