Chocolate Pretzels

By စားဖိုမှူး စောဆာမူလား for Food Magazine

          Chocolate Pretzels မလုပ်ဘဲ ရိုးရိုး Vanilla လုပ်ချင်ရင် ကိုကိုးအမှုန့်ကိုဖယ်ပြီး အဲဒီနေရာမှာ ကိတ်ဂျုံထည့်သုံးလို့ရပါတယ်။

ပြုလုပ်ချိန် ၁ နာရီ ၃၀ မိနစ် ၊ အရေအတွက် ၂ ခု

ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁၀ဝ ဂရမ်

သကြားအမှုန့်  –  ၇၀ ဂရမ်

ကိတ်ဂျုံ  –  ၁၅၀ ဂရမ်

ကိုကိုးအမှုန့်  –  ၂၀ ဂရမ်

ဆား  –  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ကြက်ဥ  –  ၁ လုံး

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထောပတ်၊ သကြားအမှုန့်ကို မွှေတံဖြင့် ထောပတ်ဖြူပြီး ပွလာသည်အထိ မွှေပါ။ ကြက်ဥ၊ ဆားနှင့် ရောပြီး ဆက်၍ မွှေပါ။

၂။       ကိုကိုးအမှုန့်၊ ကိတ်ဂျုံကို ဆန်ခါချပြီး လက်ဖြင့် ဆက်နယ်ပါ။ မုန့်သားကို ဗန်းထဲ ထည့်ပြား၊ ပလတ်စတစ်အုပ်ပြီး ရေခဲသေတ္တာထဲ နာရီဝက်ခန့် အနည်းငယ်ခဲ၍ မာလာသည်အထိ ထည့်ထားပါ။

၃။       မီးအပူချိန် အောက် ၁၅၀ံ C ၊ အပေါ် ၁၆၀ံ C  တင်ထားပါ။

၎။       ခဲ၍ မာလာသော မုန့်သားကို ၂၀ ဂရမ်စီ ဖြတ်၍ ၅ လက်မခွဲ အရှည်ကြိုးလို လှိမ့်ပြီး ကြိုးစ အဆုံးနှစ်ဖက်ကို ဆက်၍ လှိမ့်ပြီး ဝိုင်းကာ ပြန်ခေါက်ပါ။ မုန့်ဖုတ်ဗန်းထဲ ထည့်ပါ။ လိုအပ်လျှင် Brush နှင့် ကြက်ဥအကာကို သုတ်ပြီး မကြေတကြေကြိတ်၍ Chocolate Pretzels အပေါ်တင်ပြီး အသင့်အပူချိန် တင်ထားသော မီးဖိုထဲသို့ ၁၈ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့် ဖုတ်ပါ။ ကျက်လျှင် Wire Rack ပေါ်တင်ကာ အအေးခံပြီး အရသာရှိစွာ စားသုံးနိုင်ပါပြီ။ ကြာကြာသိမ်းပြီး စားချင်လျှင် ဖန်ဘူး၊ ကော်ဘူးထဲ လေလုံစွာထည့်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။

စားဖိုမှူး စောဆာမူလား

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments