Chocolate Fruit Cake

      မင်္ဂလာပါ Food Magazine ပရိသတ်များခင်ဗျာ ဒီအပတ်တော့ ရာသီပေါ်အသီးတွေ နဲ့ပတ်သက်ပြီး လုပ်စားလို့ရအောင် တင်ပြထားတာပါ။ ရာသီပေါ်အသီးတွေနဲ့ လုပ်လို့ရတဲ့ မုန့်တွေအမျိုးမျိုးရှိပါတယ်။ အဲဒီအထဲမှ Mango Tart လုပ်နည်းကို အခြေခံထားပြီး တင်ပြလိုက်ရပါတယ်။  Chocolate Fruit Cake ကတော့ အသီးခြောက်တွေကို သုံးထားပါတယ်။ Mango Tart အောက်ခံသားကို Cookies သား၊ Puff, Pie သားနဲ့ လုပ်လည်းရပါတယ်။ လက်ရှိ Cream ကတော့ Pastry Cream ပါ။ ကိုယ့်ဘာသာကိုယ်နှစ်သက်မယ့် အခြား Cream ထည့်လည်းရပါတယ်။ အသီးကြိုက်တဲ့သူများအတွက် ရောင်စုံအသီးတွေထည့်ပြီး ကြိုက်နှစ်သက်မယ်။ အသီးမကြိုက်သူတွေ အတွက်လည်း မြည်းစမ်းကြည့်ရင် ကြိုက်သွားမှာပါ။ အားလုံးပဲ အသီးစုံရောင်စုံလုပ်ပြီး ဒီလ မုန့်တွေလုပ်စားရင်း မိသားစု အပေါင်း အသင်းတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေဗျာ။

►   Lotus School of Hospitality

No.213/217, 3rd Floor,

Mahabandoola Road, Botahtaung Township, Yangon, Myanmar.

Tel: + 95-1-397449 / 09 731 69207,

email: [email protected]

Chocolate Fruit Cake

ပါဝင်ပစ္စည်းများ

♦   ထောပတ်   –   ၁၅၀ ဂရမ်

♦   သကြား   –   ၁၃၀ ဂရမ်

♦   ကြက်ဥ   –   ၃ လုံး

♦   ကိတ်ဂျုံ   –   ၁၂၀ ဂရမ်

♦   Coco Powder   –   ၃၀ ဂရမ်

♦   ဆီ   –   ၂၀ ဂရမ်

♦   နွားနို့   –   ၂၀ ဂရမ်

♦   ဆား   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   Sp   –   ၅ ဂရမ်

♦   အသီးအခြောက်   –   ၁၅၀ ဂရမ်

♦   Baking Powder

ပြုလုပ်နည်းအဆင့်ဆင့်

၁။      ထောပတ်မာလျှင် အပြင်မှာထားပြီး အနည်းငယ်ပျော့လာမှ သကြား၊ ဆား၊ Sp ရော ၍ စက်ထဲထည့် Whisk နဲ့ Medium Speed ထားပြီး ထောပတ် ဖြူလာသည်အထိရိုက်ပါ။

၂။      ထောပတ်ဖြူလျှင် ကြက်ဥကို နည်းနည်းစီထည့်၍ ဆက်မွှေပါ။

၃။      ကိတ်ဂျုံ၊ Coco Powder၊ Baking Powder ရောဆန်ခါချပြီး ဆက်၍ရောမွှေပါ။ ဆီ၊ နွားနို့ ရောမွှေပါ။

၎။      အသီးအခြောက်များကို ကိတ်ဂျုံ ၃၀ ဂရမ် ယူ၍ သေချာရောနယ်ပြီး မုန့်နှစ်နှင့်ရောပါ။ ဂျုံနှင့်မနယ်မိရင် အသီးအခြောက်တွေအောက်မချဘဲ စုအနယ် ထိုင်နိုင်ပါတယ်။

၅။      ကိတ်ခွက်ကို ဆီသုတ်၊ ဂျုံမှုန့်ဖြူး၊ ဆီစိမ်စက္ကူကို ကိတ်ခွက်နဲ့ တညီထဲဖြစ်အောင် ခံခင်းထားပါ။  ဆွဲထုတ်တဲ့အခါ မကပ်အောင် ပိုသေချာအောင် အောက်ခံခင်းထား ခြင်းဖြစ်ပါတယ်။ မုန့်နှစ်များအားလုံးကို ကိတ်ခွက်ထဲသို့ လက်တစ်လုံးပြည့်ဖို့ အလိုအထိထည့်ပေးပါ။ မီးအပူချိန် ၁၇၀ံ စင်တီ ဂရိတ်ဖြင့် ၁ နာရီကြာဖုတ်ပါ။ ကိတ်ကျက် မကျက်ကိုဒုတ်နှင့် အလယ်တည့်တည့်ထိုးကြည့်ပါ။ ဒုတ်ခြောက်နေလျှင်ရပါပြီ။ ဒုတ်စိုနေလျှင် အချိန်အနည်းငယ်ထပ်မံဖုတ်ပေးပါ။ ကိတ်မုန့်ကျက်လျှင် ကိတ်ခွက်မှထုတ် အအေးခံပြီး လိုအပ်သလို အပြားလေးများ (Slice) ဖြတ်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

*        (အသီးအခြောက်မကြိုက်လို့ မထည့်လည်းရပါတယ်။ Sp မရှိလို့မထည့်ရင်လည်း ရပါတယ်။ ကိတ်သားနည်းနည်းလေးတော့ ကြမ်းမယ်။ ဒါပေမဲ့ ကိတ်တော့မပျက်စီး နိုင်ပါဘူး)

Facebook Comments