Chocolate Brownie

by Chef Saw Sar Mu Lar for Food Magazine

ပြုလုပ်ချိန် ၅၀ မိနစ်၊ အရေအတွက် ၁၂ ခု

          ချောကလက်ကို အမည်း၊ အဖြူ တစ်ခုခုသုံးနိုင်ပါတယ်။ ပြုလုပ်နည်းတွေ အမျိုးမျိုးထဲမှ ယခုနည်းက အလွယ်ကူဆုံးဖြစ်လို့ တင်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁၅၀ ဂရမ်

သကြားအမှုန့်  –  ၅၀ ဂရမ်

သကြားအညို  –  ၅၀ ဂရမ်

ကြက်ဥ  –  ၂ လုံး

ချောကလက်  –  ၇၀ ဂရမ်

ကိတ်ဂျုံ  –  ၅၀ ဂရမ်

Coco Powder  –  ၁၀ ဂရမ်

Walnut (သကြားသီး)  –  ၁၀ဝ ဂရမ်

ဆား  –  အနည်းငယ်

လိမ္မော်သီးအခွံ  –  ၁ ခု

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထောပတ်၊ ချောကလက်၊ ဆားတို့ကို ဇလုံထဲထည့်ပြီး ရေနွေးခွက်ထဲ ထည့်စိမ်၍ အရည်ဖျော်ပါ။

၂။       ကြက်ဥ၊ သကြားအညို၊ သကြားအမှုန့်တို့ကို မွှေတံနှင့် ကြက်ဥအနည်းငယ်ဖြူအောင်မွှေပါ။

၃။       ကြက်ဥကိုမွှေ၍ အနည်းငယ်ဖြူလာလျှင် အဆင့် (၁) မှ ပျော်နေသော ချောကလက်၊ ထောပတ်အရည်ကို ဖြည်းဖြည်းချင်းလောင်းထည့်ပါ။

၎။       ကိတ်ဂျုံ၊ Coco Powder ဆန်ခါချပြီး သစ်ကြားသီး၊ လိမ္မော်သီးအခွံခြစ်နှင့်ရော၍ အဆင့် ၃ နှင့် ရောမွှေပါ။ ပါဝင်ပစ္စည်းအားလုံး ရောမွှေပြီး ချောမွတ်လာလျှင် ၅ဒဒထ၇ဒဒ ရှိ မုန့်ဖုတ်ဗန်းထဲထည့်၍ အပေါ်အောက် မီးအပူချိန် 180˚C နှင့် မိနစ် ၂၀ ခန့်ဖုတ်ပါ။ မုန့်သားကျက်မကျက်ကို တုတ်ဖြင့် မုန့်သားအလယ်တည့်တည့်ကို ထိုးကြည့်ပါ။ အရမ်းစိုနေလျှင် ထပ်မံ၍ မိနစ်အနည်းငယ်ဖုတ်ပါ။ အနည်းငယ်သာစို၍ ခြောက်လျှင်ရပါပြီ။

၅။       Brownie ကို အအေးခံကာ လက် ၂ လုံးခန့် စတုရန်းအတုံးလေးများဖြတ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

–         လိုအပ်လျှင် အပေါ်မှ သကြားအမှုန့်ကို ဆန်ခါနှင့် စစ်ဖြူးပေးခြင်းဖြင့် အလှဆင်နိုင်ပါတယ်။

Facebook Comments