Cheddar Crackers

by Chef Saw Sar Mu Lar for Food Magazine

ပြုလုပ်ချိန် မိနစ် ၆၀၊ အရေအတွက် ၁၄ ခု

          Cheddar Crackers ကို အခုတော့ အနည်းငယ် ထူထားပါတယ်။ ကြွပ်ကြွပ်လိုချင်ရင် ပါးပါးလေး ဝ.၁ စင်တီမီတာခန့် ပြားပြီးလုပ်ရင်  ပိုကြွပ်ပါတယ်။ အရောင်တင်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဇာတိပ္ဖိုလ်သီးအမှုန့်တွေကိုလည်း မိမိကြိုက်နှစ်သက်သလို ထည့်လို့ရပါတယ်။ မရောနိစ်တို့၊ ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်များနှင့်လည်း တွဲဖက်စားသုံးပါတယ်။

ပါဝင်ပစ္စည်းများ

Cheddar Cheese  –  ၂၄၀ ဂရမ်

ကိတ်ဂျုံ  –  ၁၂၀ ဂရမ်

ထောပတ်  –  ၅၀ ဂရမ်

ဆား  –  အနည်းငယ်

အရောင်တင်မှုန့်  –  အနည်းငယ်

ရေခဲရေ  –  ၃၀ ဂရမ်

ကြက်ဥအကာ  –  ၁ လုံး

ပြုလုပ်နည်း

၁။       Cheddar Cheese, ဆားနှင့် ကြက်ဥအကာတို့ကို အသီးမွှေစက်ထဲ ထည့်မွှေပါ။

၂။       ထောပတ်အရည်ဖျော်ပြီး ဆက်မွှေပါ။ ရေခဲရေထည့် မွှေပါ။ အားလုံးရော၍ ညက်သွားလျှင် အသီးမွှေစက်ထဲက ထုတ်ပြီး ဇလုံထဲထည့်ကာ ကိတ်ဂျုံ၊ အရောင်တင်မှုန့်တို့နှင့် ရောမွှေပါ။ အားလုံးရောသွားလျှင် ရပါပြီ။ လိုအပ်သည်ထက်ပို၍ မမွှေပါနှင့်။ ဆီစိမ်စက္ကူပေါ် ဝ.၅ စင်တီ မီတာခန့်ပြားပြီး Deep Freezer ထဲ ၁၅ မိနစ်ခန့် အနည်းငယ်ခဲ၍ မာလာအောင် သိမ်းထားပါ။ ပြီးလျှင်

၁ လက်မပတ်လည်အတုံးလေးများ (သို့) မိမိကြိုက်နှစ်သက်ရာ အတုံးလေးများဖြတ်၍ မုန့်ဖုတ်ဗန်းထဲ ဆီစိမ် စက္ကူခံထည့်ပါ။ အလယ်ကို လိုအပ်လျှင် ဇွန်း၊ ခက်ရင်း (သို့) (Chop Stick) တူ၊ တုတ်ဖြင့် အပေါက်ဖြစ်အောင် ထိုးပြီး ဒီဇိုင်းဆင်ပါ။ မီးအပူချိန် အပေါ် 170˚C, အောက် 160˚C နဲ့ ၁၈ မိနစ်ခန့် ဖုတ်ပါ။ အပြင်ကကြွပ်ပြီး အထဲမှာ အနည်းငယ်ပျော့လျှင် ရပါပြီ။ အအေးခံ၍ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Facebook Comments