Caramel Pudding

FD-79Caramel Liquid ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ
•    Sugar    –    100 gms
•    Water    –     25 gms

ပြင်ဆင်နည်း
၁။    ထည့်မည့် ခွက်များကို ဗန်းထဲတွင် စီပြီးထည့် ထားပါ။
၂။  Gas Oven ကို အပေါ်စီး ၁၆ဝ၊ အောက်မီး ၂ဝဝ (၁၅)မိနစ် ကြိုဖွင့်ပြီး အပူပေးထားပါ။
၃။    ပါဝင်သည့် ပစ္စည်းများကို ချိန်တွယ်ပါ။

ပြုလုပ်နည်း
၁။    သကြားနှင့် ရေကို ဒန်အိုးဖြင့် ဂတ်(စ်) မီးဖိုပေါ်တွင် မီးအသင့်အတင့်ဖြင့် ညောင်စေးကျအောင်ထိ မွှေပေးပါ။
၂။    ညောင်စေးကျသော သကြားရလာပြီဆိုပါက အသင့် ပြင်ထားသောရေကို ထည့်ပါ။
၃။    သကြားနှင့်ရေ မပျစ်မကျဲဖြစ်ပါက မီးဖိုပေါ်ကချပြီး အသင့် ပြင်ထားသော ခွက်ထဲမှာ (၁၅) ဂရမ် ခန့်လောင်းထည့်ပါ။

အမျိုးကွဲ
Mexican Pudding  ဆိုပါက Dry Raisin, Almond Slices / Cinnamon powder ထည့်ပြီး သုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
•    Sugar    –              63 gms
•    Fresh Milk    –    315 gms
•    Egg (3 Nos)    –   195 gms
•    Vanilla Flavour    –    3 gms
•    Total Weights    –     576 gms
•    Output Weights    –    6 cups

ပြုလုပ်နည်း
၁။    သကြားနှင့် နို့ဆီကို ဒန်အိုးတွင်ထည့်ပြီး ဂတ်(စ်) မီးဖိုပေါ်တွင် မီးအသင့်အတင့်ဖြင့် သကြားပျော်သွားအောင် မွှေပေးပါ။ သကြားပျော်သွားလျှင် ထုတ်ပြီး အအေးခံထားပါ။
၂။    ကြက်ဥကို ကြေအောင် Whisk  ဖြင့် မွှေထားပါ။
၃။    အအေးခံထားသော သကြားနှင့် နို့ကို ကြက်ဥထဲကို ထည့်ပြီး မွှေပေးပါ။
၎။    ဗနီလာအနံ့ထည့်ပါ။  အကုန်လုံးကို ဆန်ခါစစ်ပြီး Caramel ထည့်ထားသော ခွက်ထဲသို့ လောင်းထည့်ပါ။

Baking
မီးဖုတ်ရတွင် Gas Oven အပေါ်မီး ၁၆ဝ၊ အောက်မီး ၂ဝဝ နှင့် ဗန်းထဲတွင် ရေထည့်ပြီး မိနစ် (၆ဝ) ဖုတ်ပေးပါ။

သတိပြုရန်
မီးဖုတ်ရာတွင် ရေခန်းမခန်း ကြည့်ပေးရမည်။ အပေါ်မီး မများစေရ။

 

Facebook Comments