Apple Strudle (Sugar Free)

Apple Strudle (Sugar Free)

ပြုလုပ်ချိန် ၂ : ၀၀ နာရီ

အရေအတွက် – ၄ ခု

            ပန်းသီးထဲထည့်ချက်တဲ့ ပေါင်မုန့်ကြေ Bread Crumb က သကြားလွတ်တဲ့ပေါင်မုန့်ကလာတဲ့ Bread Crumb ဖြစ်ဖို့ လိုပါတယ်။ Apple Strudle ဂျုံသားလုပ်တဲ့အခါမှာလည်း ဂျုံသားကို အဖြစ်နိုင်ဆုံး ပျော့ပျော့လေးလုပ်ရင် ဆွဲလို့ပိုကောင်းပါတယ်။

►   ပန်းသီးအဆာသွတ်အတွက် ပါဝင်ပစ္စည်းများ

♦   ပန်းသီးအစိမ်း   –   ၂ လုံး

♦   ဆီးချိုသကြား (Equal Sugar)   –   ၁ဝ ဂရမ်

♦   Bread Crumb   –   ၅ဝ ဂရမ်

♦   Almond Powder   –   ၅ဝ ဂရမ်

♦   Almond Slices   –   ၅ဝ ဂရမ်

♦   ထောပတ်   –   ၅ဝ ဂရမ်

♦   ဆား   –   ၅ ဂရမ်

♦   သစ်ကြံပိုးခေါက်အမှုန့်   –   ၅ ဂရမ်

►   ပြုလုပ်နည်းအဆင့်ဆင့်

၁။        ပန်းသီးအခွံနွာ၊ အစေ့ထုတ်၊ အူတိုင်ထုတ်ပါးပါးလှီး၊ ထောပတ်နဲ့ အိုးထဲထည့်၍ အနည်းငယ်ပျော့သည်အထိ ချက်ပေးပါ။

၂။        ဆီးချိုသကြား၊ ဆား၊ သစ်ကြံပိုးခေါက်အမှုန့်၊ Almond Slices တို့ကို ရောချက်ပါ။

၃။        ၁မိနစ်ခန့်ကြာလျှင် Bread Crumb၊ Almond Powder ရောထည့်ပါ။ ၁ မိနစ်ခန့်ကြာ ချက်ပြီးရင်ရပါပြီ။ မီးဖိုပေါ်ကချပြီး အအေးခံပေးပါ။

►   Apple Strudel Dough ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

♦   ပေါင်မုန့်ဂျုံ   –   ၁၂၅ ဂရမ်

♦   ဆား   –   ၂ ဂရမ်

♦   ဟင်းသီးဟင်းရွက်ဆီ   –   ၂ဝ ဂရမ်

♦   ရေ   –   ၇ဝ ဂရမ်

►   ပြုလုပ်နည်းအဆင့်ဆင့်

၁။        ပါဝင်ပစ္စည်းအားလုံး စက်ထဲထည့်ရောမွှေပါ။ ၈ မိနစ်ခန့်စက်နှင့်ပြင်းပြင်းရိုက်ပြီးရင် ဂျုံလုံးကိုဆွဲ ကြည့်ပါ။ ပလတ်စတစ်ကဲ့သို့ ဖြည်းညင်းစွာဆွဲ၍ မပြတ်ထွက်တော့ဘူး ဆိုရင်ရပါပြီ။ ပြတ်ထွက်လျှင် အချိန်အနည်းငယ်ပြန်နယ်ပါ။ အစဉ်သင့်ဖြစ်သော ဂျုံလုံးကိုဆီထဲတွင်နှစ်၍ တစ်နာရီခန့်စိမ်ပြီး နှပ်ထားပါ။

၂။        တစ်နာရီခန့်ကြာလျှင် စားပွဲပေါ်ဆီသုတ်၍ ဂျုံလုံးကို ဖြည်းဖြည်းချင်း ကျယ်လာအောင် ပါးပါးလေး ကျန်တဲ့အထိ ၁၂” x ၁၆” အကျယ်လောက်ရအောင် မပြဲအောင် သတိထားပြီးဆွဲဖြန့်ပေးပါ။

၃။        အအေးခံထားသော ပန်းသီးကို ပါးပါးဖြန့်ထားသော ဂျုံပေါ်သို့ထည့်ပြီးလိပ်ပါ။ မီးအား 200ံC နှင့် မိနစ် ၃ဝ လောက် ဖုတ်ပေးပါ။ ဖုတ်နေစဉ် ၁ဝ မိနစ်ပြည့်တိုင်း ထောပတ်အရည် သုတ်ပေးပါ။ ရွှေဝါရောင်သန်းလာရင် ရပါပြီ။ ၄ ပိုင်းဖြတ် လိုအပ်ရင် သကြားအမှုန့်ဖြူး၍ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Supported by : Lotus School of Hospitality

Facebook Comments