Apple Nut Cabbler

by Chef Saw Sar Mu Lar for Food Magazine

          ကြိုက်နှစ်သက်ရာအသီး ထည့်လို့ရပါတယ်။ သီဟိုဠ်စေ့အပြင် အခြားအစေ့တွေ ထည့်လည်းရပါတယ်။ ပုံမှန်အားဖြင့် ဒီလိုကြွေခွက်တွေနဲ့ဖုတ်ပြီး ဧည့်သည်ကို ကျွေးပါတယ်။ ဒါပေမဲ့ အိမ်မှာဆိုရင်တော့ အဆင်ပြေတဲ့ မီးဖိုထဲ ထည့်ဖုတ်လို့ရတဲ့ြွေကခွက်၊ ဗန်းတွေထဲ ထည့်ဖုတ်လို့ရပါတယ်။

ပြုလုပ်ချိန် ၅၀ မိနစ် အရေအတွက် ၁ ခွက်

ပါဝင်ပစ္စည်းများ

ပန်းသီး  –  ၂ လုံး

သံပရိုသီးအရည်  –  စားပွဲဇွန်း ၁ ဇွန်း

ရှောက်ယို (သို့) ကတွတ်ယို  –  စားပွဲဇွန်း ၂ ဇွန်း

မုန့်နှစ်

ကြက်ဥ  –  ၂ လုံး

ရိုးရိုးသကြား (သို့) သကြားအညို  –  စားပွဲဇွန်း ၂ ဇွန်း

ပျားရည်  –  စားပွဲဇွန်း ၂ ဇွန်း

ဒိန်ချဉ် (သို့) Butter Milk  –  ၆၀ ဂရမ်

ထောပတ်အရည်  –  ၅၀ ဂရမ်

ကိတ်ဂျုံ  –   ၇၅ ဂရမ်

ဖုတ်ထားသော ပျားရည် သီဟိုဠ်စေ့  –  ၁၀ဝ ဂရမ်

Topping

ဖုတ်ထားသော ပျားရည် သီဟိုဠ်စေ့ –  ၅၀ ဂရမ်

ရိုးရိုးသကြား (သို့) သကြားအညို –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပျားရည်၊ သီဟိုဠ်စေ့၊ ရိုးရိုးသကြား (သို့) သကြားအညိုကို ရောနယ်ကာ မီးအပူချိန် အပေါ်အောက် ၈၀˚ဃ နှင့် ၁၀ မိနစ်ခန့်ဖုတ်၊ အအေးခံပြီး အနည်းငယ်ထောင်း (သို့) ကြိတ်ခြေထားပါ။

၂။       ပန်းသီးကို အခွံနွှာ၊ အစေ့ဖယ်ကာ အတုံးလေးများ လှီးပြီး သံပရိုသီး အရည်၊ ရှောက်ယို (သို့) ကတွတ်ယိုရော၍ ပန်းသီး အနည်းငယ် ပျော့လာအောင် ချက်ပေးပါ။ အရမ်းပျော့အောင် မချက်ရ။ ပန်းသီး များကို မီးဖိုထဲထည့်ပြီး အပူခံဖုတ်နိုင်သော ကြွေခွက်ထဲ ထည့်ထားပါ။ ကြွေခွက်အတွင်းကို ထောပတ်ဆီနှင့် ကြိုပြီးသုတ်ပါ။

၃။       မုန့်နှစ်အတွက် ကြက်ဥ၊ ရိုးရိုးသကြား (သို့) သကြားအညိုကို ရောပြီး မွှေစက်ထဲထည့်၊ High Speed နှင့် ကြက်ဥ ပြည့်တွဲလာသည်အထိ ရိုက်ပါ။

၎။       ပျားရည်၊ ဒိန်ချဉ် (သို့) Butter Milk ထောပတ်အရည်၊ ကိတ်ဂျုံ၊ ဖုတ်ထားသော ပျားရည် သီဟိုဠ်စေ့ရောပြီး လက်ဖြင့်ဖြည်းဖြည်း ချင်း ကြက်ဥနှင့်ရောကာ မွှေပါ။ ရလာသော မုန့်နှစ်အရည်ကိုြွေကခွက်ထဲရှိ ပန်းသီးအပေါ်သို့ ပန်းသီးဖုံးအောင် လောင်းထည့်ပါ။

၅။       Topping အတွက် ဖုတ်ထားသော ပျားရည် သီဟိုဠ်စေ့နှင့် ရိုးရိုး သကြား (သို့) သကြားအညိုကို အပေါ်မှ ဖြူးတင်ပြီး မီးအပူချိန် 80˚C  နှင့် ၂၅ မိနစ်ခန့် ဖုတ်ပါ။ ကျက်မကျက်ကို စာတေးတုတ်ဖြင့် မုန့်အလယ်ကို ထိုးကြည့်ပါ။ တုတ်ခြောက်နေလျှင် ကျက်ပါပြီ။

Facebook Comments