ရွှေဖရုံသီးကိတ်

by Chef Saw Sar Mu Lar for Food Magazine

ပြုလုပ်ချိန် ၉၀ မိနစ်၊ အရေအတွက် ၈ ခု

          ရွှေဖရုံသီးနေရာမှာ အခြား ကန်စွန်းဥ၊ ပိန်းဥတွေ ပြုတ်ထည့်လို့ရပါတယ်။ ငှက်ပျောသီးကိတ်အတွက်လည်း ငှက်ပျောသီးထည့်သုံးလို့ရပါတယ်။ တကယ်လို့ Layer Cake လုပ်မယ်ဆိုရင် Cream ကို Cream Cheese နဲ့ ပိုလိုက်ဖက်ပါတယ်။ သကြားအစား ရေသုံးလို့ ရပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁၀ဝ ဂရမ်

သကြား  –  ၂၀ဝ ဂရမ်

ကြက်ဥ  –  ၄ လုံး

ရွှေဖရုံသီးပြုတ်  –  ၃၀ဝ ဂရမ်

ဟင်းသီးဟင်းရွက်ဆီ  –  ၁၀ဝ ဂရမ်

ဆား  –  လက်ဖက်ရည်ဇွန်း  ၁/၄ ဇွန်း

ကိတ်ဂျုံ  –  ၃၀ဝ ဂရမ်

ဘေကင်ပေါင်ဒါ  –  ၁၅ ဂရမ်

ဘေကင်ဆော်ဒါ  –  ၅ ဂရမ်

သစ်ကြံပိုးခေါက်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပရိုသီးအခွံ  –  ၁ ခု

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ရွှေဖရုံသီးအခွံနွှာ၊ ပျော့လာအောင်ပြုတ်ပြီး သေးသေးလှီးကာ သကြားနှင့်ရောပြီး စက်ဖြင့် ရိုက်ပါ။

၂။       ရွှေဖရုံသီးကြေညက်လျှင် ကြက်ဥတစ်လုံးချင်း ထည့်ရိုက်ပါ။

၃။       ရိုက်၍ သကြားပျော်လာလျှင် ကိတ်ဂျုံ၊ ဘေကင်ပေါင်ဒါ၊ ဆော်ဒါ၊ သစ်ကြံပိုးခေါက် အမှုန့်ရောပြီး ဆန်ခါချကာ သံပရိုသီးအခွံခြစ်၍ မွှေပါ။

၎။       အမှတ်စဉ် ၂-၃ ကို ရောမွှေပါ။ ထောပတ်အရည်ဖျော်ပြီး ဆီ၊ ဆားရော၍ ချောမွတ်လာသည်အထိ မွှေပါ။

၅။       ၅ လက်မကိတ်အတွင်းထဲ ထည့်ပြီး အပေါ်အောက် မီးအပူချိန် 180˚C နှင့် မိနစ် ၅၀ ခန့် ဖုတ်ပါ။ မုန့်ကျက်မကျက်ကို တုတ်ဖြင့် အလယ်တည့်တည့် ထိုးကြည့်ပါ။ တုတ်ခြောက်နေလျှင် ရပါပြီ။ စိုနေလျှင် အချိန်အနည်းငယ် ပြန်ဖုတ်ပါ။ မုန့်ကျက်လျှင် အအေးခံပြီး အေးလာပါက အပေါ်မှလိုအပ်လျှင် Royal Icing ကို လောင်း၍ ဖုံးနိုင်ပါတယ်။ အပေါ်မှ လိမ္မော်သီးအခွံလေးများခြစ်၍ အလှဆင်ပါ။

*        Royal Icing ကို ကြက်ဥအကာ ၂၀ ဂရမ်၊ သကြားအမှုန့် ၂၀ဝ ဂရမ်နှင့် သံပရိုသီးအရည် အနည်းငယ်ထည့်ကာ အားလုံးရောမွှေပြီး ကိတ်ပေါ်ဖုံး၍ လောင်းပါ။

Facebook Comments