သစ်တော်သီး Vanilla ရေခဲမုန့်

by မေဖြိုးသီ for Food Magazine

          ဒီဇင်ဘာလထဲ ရောက်လာပြီဆိုတော့ Holiday တွေရှိတဲ့အခါ မိသားစုတွေ တစုတစည်းထဲ ပိတ်ရက်လေးမှာ မုန့်တွေလုပ်စားကြမယ်၊  ဒါမှမဟုတ် မိတ်ဆွေတွေ လာလည်တဲ့အခါ မုန့်လေးတွေ တည်ခင်းဧည့်ခံကျွေးမွေးကြမယ်ဆိုရင် ဒီဇင်ဘာနဲ့ လိုက်ဖက်မယ့် အချိုပွဲလေးကို ဦးနှောက်မခြောက်ရလေအောင် ကျွန်မက ပြုလုပ်ရ လွယ်ကူပြီး ထူးဆန်းလှပတဲ့ အချိုပွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါလေးကတော့ ဝိုင်နီနဲ့ချက်ထားတဲ့ သစ်တော်သီးကို Vanilla ရေခဲမုန့်လေးနဲ့ တွဲဖက်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ အဲဒါကတော့ ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြပြီး စားသုံးလိုက်ရင် ဝိုင်အနံ့၊ သစ်ကြံပိုးအနံ့လေးနဲ့ ချိုချဉ်လေးဖြစ်ပြီး အင်မတန် စွဲမက်ဖွယ်ရာ အရသာကို ပေးစွမ်းမှာဖြစ်ပါတယ်။ ကဲ… အောက်မှာ ပြုလုပ်ရန် ပါဝင်ပစ္စည်းများနဲ့ ပြုလုပ်နည်းကိုလည်း ရေးသားဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝိုင်နီ  –  ၅၀ဝ မီလီလီတာ

သကြား  –  ၁၀ဝ ဂရမ်

သစ်ကြံပိုးခေါက်  –  1 pcs

ရေ  –  ၁ ခွက်

သစ်တော်သီးအသေး  –  ၂ လုံး

Vanilla Ice Cream  –  1 scoop

Garnish  –  Up to you

ပြုလုပ်နည်း

၁။       အိုးတစ်အိုးအတွင်းသို့ အခွံနွှာပြီး ရေဆေးထားသော သစ်တော်သီးလေးများ၊ ရေ၊ ဝိုင်နီ၊ သကြား၊ သစ်ကြံပိုးတို့ကို ထည့်ကာ မီးမြှင့်ထားပြီး ပွက်ပွက်ဆူအောင် တည်ပါ။

၂။       ဆူပွက်လာလျှင် မီးလျှော့ပြီး မိနစ် ၃၀ ခန့် ဆက်၍တည်ထားရပါမယ်။

၃။       ၁၀ မိနစ်လျှင် တစ်ကြိမ် တစ်ဖက်သို့ အရည်မြုပ်အောင် လှည့်ပေးပါ။

၎။       တည်ထားသော ဝိုင် Reduces ကျလာပါက ခွက်အသေးဖြင့်လှယ်၍ သစ်တော်သီး မြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။

၅။       စားခါနီးအချိန်ကျမှ အသီးကို ဆယ်ယူပြီး ရေခဲမုန့်နှင့် Garnish အဖြစ် ဝေဖာ၊ ကွတ်ကီး၊ ပန်ကိတ် စသည်တို့နှင့် ကြိုက်နှစ်သက်ရာရွေးချယ်ပြီး သုံးဆောင်နိုင်ပါတယ်။

Facebook Comments