ဆော်လမွန်ငါး ၀ိုင်ဖြူခရင်မ်ဆော့စ်နှင့် သီးရွက်စုံကင်

          ဒီလအတွက်ရွေးချယ်ပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ မြေထဲပင်လယ် အစားအစာတစ်မျိုးဖြစ်တဲ့ ‘ဆော်လမွန်ငါး ဝိုင်ဖြူခရင်ဆော့စ်နှင့် သီးရွက်စုံကင်’ လေးပါ။ ဆော်လမွန်ငါးကို တာရာဂွန်လို့ခေါ်တဲ့ ဟင်းခတ်အမွှေးအကြိုင်ရွက်နဲ့ ကြက်သွန်ဖြူ၊ သံလွင်ဆီတို့ အရသာသွင်းပြီး အိုးကပ်ကင်ထားတာမို့ ရိုးရှင်းပြီး အရသာထူးမှာသေချာပါတယ်။ အရသာကိုလည်း ဆားနဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ကိုသာသုံးထားတာမို့ ကျန်းမာရေးနဲ့လည်း ညီညွတ်မျှတစေမှာပါ။ တွဲဖက်တည်ခင်းမယ့် ....

အမဲကညွှတ်လိတ်နှင့် ဟင်းနုနယ်အစပ်သုပ် (Beef & Asparagus Roll with Spicy Spinach Salad)

            ဒီလအတွက် ပရိသတ်များကို ရွေးချယ်ပေးလိုက်တဲ့ နောက်ထပ်ဟင်းလျာအတွဲလေးတစ်မျိုးကတော့ ကျွန်တော့်ရဲ့ ‘အခုချက်အခုစားဟင်းလျာများ’ အစီအစဉ်မှာတင်ဆက်ခဲ့တဲ့ ‘အမဲကညွှတ်လိတ်နှင့် ဟင်းနုနယ်အစပ်သုပ်’ပါပဲ။ အမဲမိုးခိုသားကို ပါးပါးလှီးပြီး အသားထုတဲ့ တူလေးနဲ့ထုပေးကာ ကညွှတ်အဖျားပိုင်းလေးတွေနဲ့ လိတ်ကြော်ထားတာရယ် ဟင်းနုနယ်ကို အနည်းငယ်ပြုတ်ပြီး ကညွှတ်အရင်းပိုင်း၊ ချယ်ရီခရမ်းချဉ်သီး၊ ကြက်သွန်နီ ရှမ်းငရုတ်နီ၊ ငရုတ်သီးစိမ်းတို့ကို ပဲငံပြာရည်နဲ့ ....

ကြက်သောက်ဆမ်းနဲ့ ကန်စွမ်းရွက်သုပ် (Spicy Chicken & Shrimp Paste Soup with Morning Glory Salad)

          ဒီလအတွက် နောက်ထပ်ရွေးချယ်ပေးထားတဲ့ ဟင်းလျာကတော့ အခုလို မိုးရာသီနဲ့ အလွန်လိုက်ဖက်တဲ့ ရခိုင်ရိုးရာ အစားအစာချက်နည်းကို အခြေခံပြီးပြင်ဆင်ထားတဲ့ ‘ကြက်သောက်ဆမ်းနဲ့ ကန်စွန်းရွက်သုပ်’ ဟင်းလျာအတွဲလေးပါဗျ။ မြန်မာကြက်သားကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ချင်း၊ ပတဲကော၊ နနွင်းမှုန့်၊ မျှင်ငါးပိ၊ ပဲဆီသန့်တို့နှင့် အရသာ သွင်းပြီး လုံးချက်ရမှာပါ။ ကြက်သား ....

ပုစွန်သရက်သီးမှည့်ချက်နှင့် ပဲတောင့်ရှည်၊ မုန်လာဥနီနှင့် ပြောင်းဖူးငယ်ကြော် (Mango Prawn with Stir-Fried Long Bean with Carrot & Young Corn)

          ဒီလမှာလည်း ကျွန်တော့်ရဲ့ ‘အခုချက်အခုစား ဟင်းလျာများ’အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ အင်္ဂလိုအိန္ဒိယအစားအစာ အတွဲတစ်မျိုးနဲ့ တင်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်လေးကတော့ ‘ပုစွန်သရက်သီးမှည့်ချက်နှင့် ပဲတောင့်ရှည်၊ မုန်လာဥနီနှင့် ပြောင်းဖူးငယ်ကြော်’ပါပဲ။ ရေချိုပုစွန်ထုပ်ကို သန့်စင်၍ သရက်သီးမှည့်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဇီယာနဲ့ ငရုတ်ချိုမှုန့်တို့ကို အစပ်အဟပ်တည့်အောင်ချက်ထားတဲ့ ပုစွန်သရက်သီးမှည့်ချက်ဟင်းလျာဟာ ထမင်းဖြူနဲ့ ....

ဝက်သား ကင်မ်ချီနှင့် မှိုဟင်းချို (Saute Pork with Kim-Chi & Cleared Mushroom Soup)

          ဒီလအတွက် ပရိသတ်များကို ရွေးချယ်ပေးလိုက်တဲ့ နောက်ထပ်ဟင်းလျာအတွဲလေး တစ်မျိုးကတော့ ကျွန်တော့်ရဲ့ ‘အခုချက်အခုစားဟင်းလျာများ’ အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ‘ဝက်သား ကင်မ်ချီနှင့် မှိုဟင်းချို’ပါပဲ။ ဝက်ပေါင်သားကို ဝက်အူချောင်း၊ ကင်မ်ချီ၊ မုန်ညင်းစိမ်းတို့နဲ့ ချိုချဉ်ငန်စပ်လေး ကြော်တာရယ် ဂျပန်ရှီမိဂျိမှိုဖြူကို ဝက်သားပြုတ်ရည်၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့နဲ့ ဟင်းချိုချက်ပြီး ....

ကြက်ပင်စိမ်းနှင့် ထိုင်းပုစွန်သုပ် (Basil Chicken & Thai Shrimp Salad)

              ဒီလမှာလည်း ကျွန်တော့်ရဲ့ ‘အခုချက်အခုစားဟင်းလျာများ’ အစီအစဉ်မှာတင်ဆက်ခဲ့တဲ့ ထိုင်းရိုးရာ အစားအစာ အတွဲတစ်မျိုးနဲ့ တင်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်လေးကတော့ ‘ကြက်ပင်စိမ်းနှင့် ထိုင်းပုစွန်သုပ်’ပါပဲ။ ကြက်သားကို အရိုးဖယ်၍ နုပ်နုပ်စဉ်းပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ခရုဆီနဲ့ ပင်စိမ်းရွက်တို့ကို အစပ်အဟပ်တည့်အောင်ချက်ထားတဲ့ ကြက်ပင်စိမ်းဟင်းလျာဟာ ထမင်းဖြူနဲ့ ....

ငါးနှင်းဖြူဘူးသီးချက်နှင့် ခရမ်းချဉ်သီး မြင်းခွာရွက်သုပ် (Snow Cod Fish with Sweet Gourd & Tomato with Penne Wolf Salad)

      ဒီလအတွက် ရွေးချယ်ပေးလိုက်တဲ့ ဟင်းလျာအတွဲကတော့ ‘အခုချက်အခုစားဟင်းလျာများ’ အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ‘ငါးနှင်းဖြူ ဘူးသီးချက်နှင့် ခရမ်းချဉ်သီး မြင်းခွာရွက်သုပ်’ပါပဲ။ ငါးနှင်းဖြူဆိုတာ ကျွန်တော့်အတွေးနဲ့ကျွန်တော် အမည်ပေးခဲ့တာပါ။ Snow  Cod Fish လို့ အမည်ရတဲ့ ငါးတစ်မျိုးကို မြန်မာလို ငါးနှင်းဖြူလို့ အမည်ပေးလိုက်တာပါ။ အရမ်းနူးညံ့တဲ့ ငါးနှင်းဖြူကို ....

သိုးဂုတ်သားဝိုင်နီဆော့စ်နှင့် သီးရွက်စုံကင် (Lamb Shoulder with Rosemary-Garlic Sauce & Grilled Vegetables)

     ဒီလအတွက် ရွေးချယ်လိုက်တဲ့ နောက်ထပ်ဟင်းလျာအတွဲတစ်မျိုးကတော့ ‘အခုချက်အခုစား ဟင်းလျာများ’ အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ‘သိုးဂုတ်သား ဝိုင်နီဆော့စ်နှင့် သီးရွက်စုံခရင်(မ်)ဆော့စ်’ပါပဲ။ ဒီဟင်းလျာအတွဲလေးကလည်း ပြင်ဆင်ရတာလွယ်ကူပြီး အရသာထူးခြားတဲ့ အီတလီအစားအစာတစ်မျိုးပါ။ သိုးဂုတ်သားက အလွန်နူးညံ့သလောက် အရသာလည်း သိပ်ကောင်းပါတယ်။ ဒါပေမဲ့ တချို့အာရှတ်ိုက်သားတွေကတော့ သိုးသားကို ညှီလို့ မစားနိုင်ကြတာလည်း ရှိပါတယ်။ ....

ဝက်သားခရုကြော်နှင့် ကိုက်လန်ဝက်သားခရုကြော် (Stir Fried Pork Tenderloin with Clams & Saute Pork with Clams & Kai-Lan Leaves)

          ဒီလအတွက် ဟင်းလျာအသစ်လေးတွေနဲ့ မိတ်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ နောက်ထပ်ဟင်းလျာအတွဲလေး တစ်မျိုးကတော့ ကျွန်တော့်ရဲ့ အစီအစဉ်အသစ်ဖြစ်တဲ့ ‘အခု ချက်အခုစား ဟင်းလျာများ’ ထဲက ‘ဝက်သားခရုကြော်နှင့် ကိုက်လန်ဝက်သားခရုကြော်’လေးပါ။ ဒီဟင်းလျာအတွဲလေးကတော့ လွယ်ကူပြီး ချက်ပြုတ်ပြင်ဆင်ရတာ မြန်ဆန်တဲ့ တရုတ်ဟင်းလျာပြင်ဆင်နည်းကို အခြေခံထားတာပါ။ ဝက်မိုးခိုသားကို ခုံးခရုအသားနဲ့တွဲပြီး ခရုဆီနဲ့ချက်ထားတာမို့ အရသာထူးပြီး အာဟာရလည်းဖြစ်စေမှာပါ။သာမန်အားဖြင့် ....

ငါးကြင်း၊ ပုစွန်ထုပ်၊ ဒန့်သလွန်သီးချက်နှင့် ငါးပိထောင်း၊ တို့စရာစုံ

     ဒီလအတွက် ဟင်းလျာအသစ်လေးတွေနဲ့ မိတ်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ နောက်ထပ်ဟင်းလျာအတွဲလေး တစ်မျိုးကတော့ ကျွန်တော့်ရဲ့ အစီအစဉ်အသစ်ဖြစ်တဲ့ ‘အခု ချက်အခုစား ဟင်းလျာများ’ထဲက ‘ငါးကြင်း၊ ပုစွန်ထုပ်၊ ဒန့်သလွန်သီးချက်နှင့် ငါးပိထောင်း၊ တို့စရာစုံ’ အတွဲလေးပါပဲ။ ငါးကြင်းနဲ့ ရေချိုပုစွန်ထုပ်ကို ရောပြီးချက်ရင် ပိုပြီးအရသာ ထူးတာမို့ ဒန့်သလွန်သီး၊ ရုံးပတီသီးတို့နဲ့ ....