ဟာကားကြက်သားဆန်အရက်ဟင်းချို (Haka Drunkan Chicken Soup)

ဟာကားကြက်သားဆန်အရက်ဟင်းချို (Haka Drunkan Chicken Soup)             ဒီဟင်းချိုတစ်ခွက်နဲ့လည်း ထမင်းစားလို့မြိန်ပါတယ်။ ကျွန်တော်ကတော့ ဒီဟင်းချိုလေးကို မြိတ်ချဉ်လေးနဲ့တွဲပြီး ထမင်းဖြူပူပူလေးနဲ့ အမြဲစားဖြစ်ပါတယ်။ မလေးရှားမှာနေ စဉ်ကတော့ ဒီဟင်းချက်မယ်ဆိုရင် ချော်ယင်ကိုင်းလို့ခေါ်တဲ့ Chinese Village Chicken နဲ့ပဲချက်ပါတယ်။ ခုရန်ကုန်မှာတော့ မြန်မာကြက်နဲ့ချက်ပါတယ်။ ►   ပါဝင်ပစ္စည်းတွေကတော့ ....

ကျောက်ပွင့်အချိုပွဲ (White Fungus with Rock Sugar)

ကျောက်ပွင့်အချိုပွဲ (White Fungus with Rock Sugar)             ကျောက်ပွင့်ဆိုတာနဲ့ ကျွန်တော်တို့တွေရဲ့အတွေးမှာက အသုပ်သုပ်စားမယ်ပေါ့လေ။ ဒါပေမဲ့ ခုပြောပြမှာကတော့ ကျောက်ပွင့်အချိုပွဲလေးပါ။ တရုတ်စားသောက်ဆိုင်တွေမှာ အတွေ့နည်းပေမဲ့ တရုတ်မိသားစုတွေ အိမ်မှာလုပ်စားလေ့ရှိတဲ့ အချိုပွဲလေးပါ။ ►   ပါဝင်ပစ္စည်းတွေကတော့ ♦   ကျောက်ပွင့်အဖြူ (White Fungus)   –   ....

ပဲတီစိမ်းနှင့် သာကူအချိုပွဲ (Green Beans with Pearl Sago)

ပဲတီစိမ်းနှင့် သာကူအချိုပွဲ (Green Beans with Pearl Sago)             ဒီအချိုပွဲကိုတော့ များသောအားဖြင့် မိသားစုတွေအိမ်မှာလုပ်စားလေ့ရှိပြီး တရုတ်စားသောက်ဆိုင်တွေမှာတော့ တွေ့ရနည်းပြီး ခုနောက်ပိုင်းတွေမှာတော့ ခေတ်မီ Cafe’ တွေမှာတွေ့နေရပါပြီ။ ကျွန်တော်တို့မြန်မာတွေအနေနဲ့ အစိမ်းသက်သက်ဖြစ်နေပါ့မယ်။ အချိုအရသာအတွက်ကတော့ သကြားကို စိတ်ကြိုက်ထည့်နိုင်ပါတယ်။ ►   ပါဝင်ပစ္စည်းတွေကတော့ ♦   ....

ဟားကားပိန်းဥပေသီးကြော် (Sichuan Poached Pork)

ဟားကားပိန်းဥပေသီးကြော် (Sichuan Poached Pork)             တရုတ်နှစ်သစ်သူးမှာ Haka လူမျိုးတွေချက်လေ့ရှိတဲ့ ဟင်းတစ်ခွက်ပါပဲ။ ပိန်းဥကိုပြုတ်။ ပြီးရင် ချေပြီး အလုံးလေးတွေလုံးပြီး ချက်ပါတယ်။ အဲဒီလိုလုံးတဲ့အခါမှာ တရုတ်လူမျိုးတွေရဲ့ ကုန်စုံဆိုင်တွေမှာသုံးတဲ့ ဂဏန်းပေါင်းစက်မှာသုံးတဲ့ ပေသီးပုံစံလို လုံးပြီးချက်ပါတယ်။ တရုတ်လူမျိုးတွေက ပိန်းဥကို အမျိုးမျိုးလုပ်ပြီး ချက်စားကြသလို အချိုပွဲတွေမှာလည်း ....

ကြက်သားပြုတ်နှင့် စီချွမ်ဆော့စ် (Poached Chicken with Sichuan Sauce)

ကြက်သားပြုတ်နှင့် စီချွမ်ဆော့စ် (Poached Chicken with Sichuan Sauce) တရုတ်အစားအစာတွေမှာ Poached Chicken ကို လူမျိးစုအလိုက် ချက်နည်းတွေက မတူကြပါဘူး။ Hainanese poached chicken ရှိသလို Sichuan Poached Chicken လည်း ရှိပါတယ်။ ဒီ Recipe ....

မှိုခရုဆီကြော်

မှိုခရုဆီကြော်             မြန်မာ မှိုဟင်းဆိုရင် ပင်စိမ်းနဲ့ ငရုတ်သီးစိမ်းနိုင်နိုင်နဲ့ ချက်ထားတဲ့အတွက် မွှေးပြီး စပ်စပ်လေးဆိုတော့ စားလို့အရမ်းကောင်းတယ်။ ခုပြောပြမဲ့ တရုတ်မှိုဟင်းလေးကတော့ ချင်းများများ၊ ခရုဆီများများနဲ့ ချိုပြီးမွှေးတဲ့ဟင်းလေးပါ။ များသောအားဖြင့် တရုတ်ဟင်းတော်တော်များများမှာ ချင်းနု (Young Ginger) သုံးပါတယ်။ မြန်မာပြည်မှာတော့ ချင်းနုက မရှိသလောက်ရှားတဲ့အတွက် ချင်းတက် ....

ဝက်သားကြံမဆိုင် ပဲပြားဟင်းချို

ဝက်သားကြံမဆိုင် ပဲပြားဟင်းချို             ကြံမဆိုင်ဟင်းချိုကတော့ လူတိုင်းကြိုက်တဲ့ တရုတ်ဟင်းချိုတစ်မျိုးပါ။ ခုကျွန်တော်ပြောပြမဲ့ ဟင်းချိုလေးကလည်း မြန်မာနိုင်ငံမှာချက်နေကြတဲ့ ကြံမဆိုင်ဟင်းချိုလေးနဲ့ တော်တော်လေးဆင်တူသလို ကွဲပြားနေတာလေးတွေလည်းရှိပါတယ်။ ချင်းနံ့လေးသင်းပြီး ချဉ်ချဉ်လေးနဲ့ သောက်ရတာအင်မတန်မှ အရသာရှိပါတယ်။ ကြံမဆိုင် (Salted Mustard Green) ကို ပါးပါးမလှီးဘဲ။ အတုံးကြီးကြီးတုံးထားပါတယ်။ အဲဒါကြောင့် ကြံမဆိုင်နဲ့ ....

အမဲသားပန်းဂေါ်ဖီစိမ်းကြော် (Broccoli With Beef)

အမဲသားပန်းဂေါ်ဖီစိမ်းကြော် (Broccoli With Beef)             ပန်းဂေါ်ဖီအစိမ်းကို အမဲသားနဲ့ကြော်တဲ့ဟင်းလေးကိုတော့ အရမ်းကြိုက်တယ်။ စားသောက်ဆိုင်မှာ အမြဲမှာစားဖြစ်တဲ့ ဟင်းတစ်ခွက်ဖြစ်သလို အိမ်မှာလည်းချက်စားဖြစ်တဲ့ ဟင်းပါ။ စပြီးချက်ခါစက သိပ်ပြီးအဆင်မပြေလှခဲ့ပါဘူး။ နောက်ပိုင်းမှာ ချက်ရင်းနဲ့သိလာခဲ့ပြီး အဆင်ပြေသွားတယ်။ တချို့က အမဲသားပျော့ပြီး နူးညံ့နေဖို့အတွက် Tenderizer Powder ကိုသုံးပါတယ်။ ကျွန်တော်ကတော့ ....

တရုတ်ပဲငံပြာရည်ကြက်သားနှင့် မှိုခြောက်

တရုတ်ပဲငံပြာရည်ကြက်သားနှင့် မှိုခြောက်             ဒီအိမ်ချက်တရုတ်ဟင်းလေးနဲ့ မိတ်ဆက်ပေးချင်နေတာကြာပါပြီ။ ဒီဟင်းထဲမှာပါတဲ့ လီလီပန်းခြောက်ကို အလွယ်တကူမရတဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ တစ်ရက် Super Market မှာ ဒီလီလီပန်းခြောက်လေးကိုတွေ့လိုက်ရတော့ ဒီဟင်းချက်နည်းလေးကို ရွေးဖြစ်သွားပါတယ်။ ဒီဟင်းလေးချက်ပြီဆိုရင် ကျွန်တော့်ရဲ့ ထမင်းပန်းကန်ဘေးမှာ အမြဲရှိနေတာကတော့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ပဲငံပြာရည်နဲ့ ရောမွှေထားတဲ့ ခွက်လေးပါပဲ။ ....

ကင်းမွန်နှင့်ကြာစွယ်ဟင်း

ကင်းမွန်နှင့်ကြာစွယ်ဟင်း             ကျွန်တော့်ရဲ့ တရုတ်သူငယ်ချင်း အိမ်တော်တော်များများမှာ ကြာစွယ်ကို ကင်းမွန်ခြောက်နဲ့ ဟင်းချိုချက်ကြတာကို တွေ့ရပါတယ်။ အအေးမိပြီး နှာစေးနေတဲ့အခါမှာ ကြာစွယ်ဟင်းချိုလေးသောက်ပေးဖို့ ကျွန်တော့်သူငယ်ချင်းအမေတွေက ပြောပါတယ်။ ကြာစွယ်ဟင်းချိုချက်နည်းလေးကိုတော့ Food & Decor in Kitchen အစီအစဉ်မှာ ပြောပြခဲ့ပါပြီ။ ဒီတစ်ခါတော့ ကင်းမွန်နဲ့ ကြာစွယ်အစပ်ချက်လေးကို ....