ဆန်တိုဟူးသုပ်

by Myint Oo Tha for Food Magazine           ဆန်တိုဖူးက ဘာနဲ့တူသလဲဆိုလျှင် ကျွန်တော်တို့ရွာက ဖက်နဲ့ထုပ်ပြီး ပေါင်းထားတဲ့ မုန့်ဖြူထုပ်နဲ့တူပါတယ်။ ဆန်တိုဟူးနဲ့ မုန့်ဖြူထုပ် နှစ်မျိုးစလုံးက ဆန်နဲ့ပဲ လုပ်ပါတယ်။မုန့်ဖြူထုပ်ကို မြေပဲထောင်း  ဒါမှမဟုတ် နှမ်းထောင်းထည့် ပြီးတော့ ဆီဆမ်းပြီး စားပါတယ်။ ....

နွားနို့ချက် (Myanmar Milk Curry)

by Myint Oo Tha for Food Magazine           ဒီဟင်းလေးက ကျွန်တော့်အမေကြီး (အဘွား)နဲ့ မေမေ အမြဲချက်ကျွေးတဲ့ဟင်းပါ။ မန်ကျည်းရွက်နုချိန်ဆိုလျှင် မန်ကျည်းရွက် ချဉ်ရည်ဟင်းကျဲကျဲလေး ချက်ပြီး ငရုတ်သီးစိမ်းထောင်းလေးနဲ့ အင်မတန်လိုက်ဖက်တဲ့ ဟင်းပါ။ လိုအပ်တဲ့ Ingredients တွေကတော့ … နွားနို့စစ်စစ်  ....

မြိတ်ငါးပိထောင်းဟင်း

by Myint Oo Tha for Food Magazine           မြိတ်တံငါသည်ဟင်းလို့လည်း ခေါ်လို့ရမယ်ထင်ပါတယ်။ ပင်လယ်ကရလာတဲ့ ငါးအမျိုးမျိုးနဲ့ ပုစွန် အသေးလေးတွေကို အိမ်မှာ အဆင်သင့်ရှိနေတဲ့ မြိတ်ငါးပိထောင်းနဲ့ ပအုံးရည်နဲ့ ချက်တဲ့ ဒေသအစားအစာ လေးပါ။ ပါဝင်ပစ္စည်းများ မြိတ်ငါးပိထောင်းနည်း ငါးပိ  –  ....

ပိန်းဥချဉ်ပေါင်ခါးဟင်း

by Myint Oo Tha for Food Magazine           ပိန်းဥကိုချက်စားတဲ့သူ နည်းသလို ချဉ်ပေါင်ခါးကို ချက်စားတဲ့သူလည်းနည်းတဲ့အပြင် ဒီနှစ်မျိုးကိုတွဲပြီး ချက်တဲ့ဟင်းဆိုတော့လည်း ပိုလို့လူသိနည်းပြန်ပြီပေါ့။ အဲဒါကြောင့် ရှားပါးပြီး လူသိနည်းတဲ့ မြန်မာဟင်းတစ်မျိုးကို မိတ်ဆက်ပေးချင်တဲ့အတွက် ရွေးဖြစ်သွားတာပါ။ ပါဝင်ပစ္စည်းများ ပိန်းဥ  –  ၃၅၀ ....

မြိတ်ငါးငါးပိဖျော်

by Myint Oo Tha for Food Magazine           လတ်ဆတ်တဲ့ ပင်လယ်စာတွေပေါတဲ့ ဒေသက ဟင်းဖြစ်လို့ ဒီငါးပိထောင်းမှာ လတ်ဆတ်တဲ့ ပုစွန်အစိမ်းကိုထည့်ပြီး ထောင်းတဲ့အတွက် သဘာဝအချိုအရသာကို ရရှိမှာဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တို့စရာလေးနဲ့ အင်မတန်မှ လိုက်ဖက်လှပါတယ်။ ပါဝင်ပစ္စည်းများ   ပုစွန် ....

အညာငါးပိတစ်ချက် (သို့) ငါးဆားနယ်ချက်

by Myint Oo Tha for Food Magazine           အညာဒေသရဲ့ အိမ်တိုင်းမှာ ချက်လေ့ရှိတဲ့ဟင်းပါ။ ပင်လယ်နဲ့ဝေးကွာတဲ့ဒေသဖြစ်လို့ ပင်လယ်စာရှားပါတဲ့အတွက် တာရှည်ခံငါးပိတစ် (သို့) ငါးဆားနယ်ကိုပဲ ချက်ကြပါတယ်။ အညာဟင်းထုံးစံအတိုင်း ခရမ်းချဉ်သီးနဲ့ ချက်ထားလို့ အနှစ်များများနဲ့ စားကောင်းပါတယ်။ ဆီပြန်ဟင်း ဒါမှမဟုတ် ရေချိုဟင်း ....

ငါးရံ့ မယ်ဇလီဖူးဟင်းချို

by Myint Oo Tha for Food Magazine           ငယ်ငယ်ကတော့  ဒီဟင်းချိုကို သက်တဲ့အရသာရှိလို့ သိပ်ပြီးမကြိုက်ဘူး။ နောက်ပိုင်းမှာ ဆေးဖက်ဝင်တဲ့ ဟင်းချိုဖြစ်တာရယ်၊ ခါးတဲ့အစားအစာကို ပိုကြိုက်လာလို့ ဒီဟင်းချို လေးကို ကြိုက်လာမိတယ်။ ပါဝင်ပစ္စည်းများ ငါးရံ့  –  ၂၅၀ ဂရမ် ....

မွန်ငါးပိသုပ်ဟင်းချို

by Myint Oo Tha for Food Magazine           ရိုးရှင်းတဲ့ မွန်ရိုးရာဟင်းတစ်ခွက်ပါ။ ဟင်းရည်ကျဲကျဲလေးဆိုပေမယ့် အရသာကတော့ လေးလေးပင်ပင်ဖြစ်လို့ ထမင်းမြိန်စေပါတယ်။ ချက်နည်းမှာ ပုစွန်အခွံကို ပြုတ်ပြီးထောင်းကာ အရည်စစ်ယူထားလို့ ပုစွန်နံ့လေးမွှေးနေပါတယ်။ အနောက်တိုင်း အစားအစာမှာ ပုစွန်ဟင်းချို ချက်နည်းမှာ ပုစွန်ကိုပြုတ်ပြီး ဟင်းရည်ကောင်းကောင်းရအောင် ....

အာနန်း (သို့) လုံးပွေရွက်သုပ်

by Myint Oo Tha for Food Magazine           နောက်ထပ် မိတ်ဆက်ပေးချင်တာက ဆေးဖက်ဝင် ကချင်အစားအစာတစ်မျိုးပါ။ သဘာဝကပေးထားတဲ့ အာနန်း(သို့) လုံးပွေရွက်ပါ။ အာနန်းရွက်က ဖျားနာသူများ စွပ်ပြုတ်ထဲ ထည့်ပြီးသောက်ရင် အဖျားကျတယ်လို့သိရပါတယ်။ မြန်မာမြင်းခွာရွက် သုပ်သလို သုပ်စားနိုင်ပါတယ်။ အခုပြောပြမယ့်နည်းကတော့ လုံးဝဆီထည့်စရာမလိုတဲ့ ....

ဆူးခါးရွက် (သို့်) အင်ဇွန်းရွက်သုပ်

by Myint Oo Tha for Food Magazine           ဆေးဖက်ဝင်တဲ့ သဘာဝကပေးသော ဟင်းရွက်တစ်မျိုးကို ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ ဆူးခါးရွက်က မျက်စိအားကောင်းတယ်လို့ သိရပါတယ်။ ဆူးခါးရွက်ကို ရှမ်းပြည်နယ်မှာ အများဆုံးတွေ့ရပြီး အိမ်တိုင်းနီးပါး စိုက်လေ့ရှိတယ်လို့လည်း သိရပါတယ်။ အပင်မှာဆူးများတဲ့ အပင်တစ်မျိုးပါ။ ရင့်တဲ့အရွက်တွေရဲ့  ....