သက်သတ်လွတ် ဆီချက်ခေါက်ဆွဲအစပ်

by Myint Oo Tha for Food Magazine           Spicy ဆီချက်ခေါက်ဆွဲကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ စားလေ့စားထ မရှိပါဘူး။ ဒါပေမဲ့ သက်သတ်လွတ်စားတဲ့သူတွေအတွက် အင်မတန်ကောင်းတဲ့ခေါက်ဆွဲ ဖြစ်တဲ့အပြင် အလွယ်တကူလုပ်စားနိုင်တဲ့အတွက် ရွေးထားတာပါ။ အခုပြောပြထားတဲ့ ချက်နည်းမှာပါတဲ့ ဆီချက်အနီကို ကိုယ်တိုင်ချက်ပြီး ထည့်နိုင်သလို ....

ဂေါ်ရခါးသီးနှင့် ပဲပြားကြော် (သက်သတ်လွတ်)

by Myint Oo Tha for Food Magazine           သက်သတ်လွတ်စားတဲ့အခါ နေ့စဉ်ပုံမှန်အရွက်ကြော်တွေ စားနေရတော့ ဒီလို အပြောင်းအလဲလေးဆိုလျှင် စားရတာ ပိုပြီးအဆင်ပြေပါတယ်။ စီချွမ်းစတိုင်လ် အရွက်ကြော်လေးမို့ ပူပူထုံထုံအရသာလေးတော့ ရှိပါမယ်။ ပါဝင်ပစ္စည်းများ ဂေါ်ရခါးသီး  –  ၁ လုံး (၄၀ဝ ....

သက်သတ်လွတ် ခရမ်းချဉ်သီးမီးဖုတ် ထမင်းသုပ်နှင့် ပဲပြုတ်မျှစ်ကြော်

by Myint Oo Tha for Food Magazine           ခရမ်းချဉ်သီးမီးဖုတ်ထမင်းသုပ်ကတော့ ကျွန်တော် ရွာမှာနေစဉ်က ကျွန်တော့်ရဲ့ အစ်မအကြီးဆုံးက သက်သတ်လွတ်စားလေ့ရှိ တယ်။ ကျွန်တော်တို့တစ်တွေလည်း အစ်မကြီးနှင့်အတူ သက်သတ် လွတ်စားတဲ့နေ့တွေ ရှိလာတယ်။ သက်သတ်လွတ်စားဖို့ ဆိုပြီး စားနေကျ ဟင်းတွေအစား ခက်ခက်ခဲခဲနဲ့ ....

သက်သတ်လွတ် ချဉ်ပေါင်ထမင်းသုပ်နှင့် ပဲပြားကြော်ဆာတေး

by Myint Oo Tha for Food Magazine           သက်သတ်လွတ် ချဉ်ပေါင်ကြော်နဲ့ သက်သတ်လွတ် ပဲငါးပိချက်ရှိပြီဆိုရင် သက်သတ်လွတ်ချဉ်ပေါင်ထမင်းသုပ် သုပ်စားလို့ရပါပြီ။ တွဲပြီးစားဖို့ကတော့ ပဲပြားကြော် ဆာတေးပါ။ ပဲပြားကြော်ပေါ်မှာ ဖြူးစားဖို့ အရသာမှုန့် စပ်နည်းလေးပါ ရေးပေးထားပါတယ်။ အဲဒီအရသာမှုန့်ကို အာလူးကြော်ပေါ်မှာလည်း ဖြူးလို့ရပါတယ်။ ....

သက်သတ်လွတ် ပဲပုပ်အာလူးအစပ်ကြော်

by Myint Oo Tha for Food Magazine           မြန်မာသက်သတ်လွတ်ဟင်းချက်တော့မယ်ဆိုရင် ကျွန်တော်တို့တစ်တွေ စားနေကျဖြစ်တဲ့ ပဲပုပ်၊ အာလူးနှင့် မြေပဲတို့ကို သုံးပြီး အရသာရှိပြီး လွယ်ကူတဲ့ဟင်းတွေကို ဖန်တီးနိုင်ပါတယ်။ အဲဒီဟင်းဆိုရင် မြန်မာတွေအကြိုက် အနှစ်ပါတဲ့ဟင်းဖြစ်လို့ ထမင်းဆီဆမ်း၊ ဒါမှမဟုတ် ထမင်းကြော်နဲ့ အင်မတန်မှ ....

သက်သတ်လွတ် ချဉ်ပေါင်ကြော်

by Myint Oo Tha for Food Magazine           ချဉ်ပေါင်ကြော်ဆိုရင် ငါးပိ၊ ငံပြာရည်၊ ပုစွန်ခြောက်နိုင်မှ စားကောင်းတဲ့ မြန်မာအရန်ဟင်းတစ်ခွက်ပါ။ ဝက်သားချဉ်ကြော်ဆိုရင်လည်း လူအများစုကြိုက်ကြပါတယ်။သက်သတ်လွတ်ချဉ်ပေါင်ကြော် ကြော်ဖို့ဆိုရင် ချဉ်ပေါင်ရဲ့အချဉ်ဓာတ်လျော့သွားအောင် အရင်ပြုတ်ရပါမယ်။ ပြီးလျှင် အရသာရှိဖို့ကတော့ မြေပဲရဲ့ အဆိမ့်ဓာတ်လေးနဲ့ပဲ အရသာရှိရှိ အချဉ်ဓာတ်ကို ....

သက်သတ်လွတ် ပဲငါးပိချက်

by Myint Oo Tha for Food Magazine           မြန်မာထမင်းဝိုင်းမှာ ငါးပိရည်နဲ့ တို့စရာမပါလျှင် ထမင်းမမြိန်ဘူးလို့ ပြောလေ့ရှိပါတယ်။ သက်သတ်လွတ်စားတဲ့အခါမှာ ထမင်းမြိန်စေဖို့ သက်သတ်လွတ် ပဲငါးပိချက်ဟင်း ချက်နိုင်ပါတယ်။ ငံပြာရည်အစား ပဲငံပြာရည်ကိုသုံးပြီး အရသာအတွက် မြေပဲရဲ့ အဆိမ့်အရသာလေးကိုယူပြီး ချက်ပါတယ်။ ပါဝင်ပစ္စည်းများ ....

သက်သတ်လွတ် မြန်မာရဲယိုရွက်ငါးပေါင်းထုပ် (Vegetarian Myanmar Steamed Fish in Norni Leaves)

by Myint Oo Tha for Food Magazine           သက်သတ်လွတ်လည်း စားချင်၊ ငါးပေါင်းထုပ်လည်း စားချင်ဆိုတော့ သက်သတ်လွတ် ငါးပေါင်းထုပ်ချက်ကြမယ်။ ငါးအသားအစား ပဲပြားနုနုလေးတွေကို ခြေပြီး ထည့်ပါမယ်။ ချိုချိုမွှေးမွှေးလေးဖြစ်ဖို့အတွက် စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ထောင်းပြီး ဆီသတ်ကာ ထည့်ပါမယ်။ ....

သက်သတ်လွတ်မုန့်ဟင်းခါး (Vegetarian Rice Noodle In Fish Soup)

by Myint Oo Tha for Food Magazine           မုန့်ဟင်းခါးကို ငါးနဲ့ပဲ ချက်ကြပါတယ်။ တချို့အရပ်ဒေသမှာတော့ ကြက်သားနဲ့ချက်တဲ့ မုန့်ဟင်းခါးလည်း ရှိပါတယ်။ သက်သတ်လွတ်ချက်မယ်ဆိုတော့ ဟင်းရည်အရသာကောင်းဖို့အတွက်ဆိုရင် ကုလားပဲမှုန့်၊ မြေပဲမှုန့်တို့ကို သုံးပါမယ်။ မုန့်ဟင်းခါးနံ့လေးမွှေးနေဖို့အတွက် ဆန်လှော်မှုန့်နဲ့ စပါးလင်ထည့်ချက်ပါမယ်။ အချိုအရသာအတွက် ထန်းလျက်နည်းနည်းထည့်ပါမယ်။ ....

သက်သတ်လွတ် Pad Thai

by Myint Oo Tha for Food Magazine           သက်သတ်လွတ်ဆိုတော့ စားကောင်းပါ့မလားဆိုပြီး စိတ်ပူဖို့မလိုပါဘူး။ Pad Thai မှာ အရသာအတွက် ငံပြာရည်ကို သုံးပေမယ့် သက်သတ်လွတ်ဆိုတော့ ပဲငံပြာရည်ကို သုံးပါမယ်။ နည်းနည်း အငန်အရသာလေးရှိဖို့ဆိုရင် ပဲငါးပိနဲ့ မုန်လာဥခြောက် ထည့်ပါမယ်။ ....