မှိုကိုက်လန်ကြော်

        မြန်မာမှာ သဘာဝမှိုတွေ ပေါ်ချိန်လေးအမီ မှိုကိုက်လန်ကြော်လေး ရေးပေးလိုက်ပါတယ်။ မမီးကတော့ ကိုယ်နေတဲ့ဒေသမှာ ရနိုင်တဲ့  King Oyster မှိုကို သုံးထားပါတယ်။ အရသာက မြန်မာက သဘာဝမှိုတွေလို အချိုမလေးပေမဲ့ သူ့အရိုးကို ဝါးတဲ့အခါ ထုတ်ထုတ်လေးမို့ စားလို့တစ်မျိုးကောင်းပါတယ်။ သဘာဝမှိုကို သုံးမယ်ဆိုရင်တော့ အချိုပိုလေးတာကြောင့် ....

ကြက်သားဒံပေါက်

         မမီးတို့စိတ်ကြိုက် မဆလာနံ့ သိပ်မများဘဲ ထောပတ် အနည်းငယ်နဲ့ ချက်ထားတဲ့ အလွယ်ချက်လေးပါ။ စားလို့အရမ်းကောင်းပါတယ်။ အရောင်အတွက် ကုက္မမံကို မသုံးဘဲ အလွယ်တကူရနိုင်တဲ့ အစာဆိုးဆေးတွေကို သုံးထားပါတယ်။ US မှာနေသူတွေကတော့ ကိတ်မုန့် ပစ္စည်းတွေ ရောင်းတဲ့အတန်းမှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ မြန်မာပြည်မှာနေသူများကတော့ သိမ်ကြီးဈေးနဲ့ ကိတ်မုန့်ပစ္စည်းရောင်းတဲ့ ....

ပဲပုပ် ဂျူးမြစ်ထောင်း

            ဂျူးမြစ်တွေ လှိုင်လှိုင်ပေါလာတဲ့အခါ အောက်ပြည်မှာတော့ တို့စား၊ ချဉ်ရည်ဟင်း ချက်စားလေ့ရှိတာ များပါတယ်။ ပဲပုပ် ဂျူးမြစ်ထောင်းနည်းလေးကို ရှမ်းပြည်မှာအနေကြာခဲ့တဲ့ မမကြီးဆီက တတ်ပါတယ်။ ပဲပုပ်မီးကင်မွှေးမွှေးလေးရယ် မြေပဲလှော်၊ ဂျူးမြစ် ငရုတ်သီးစိမ်းတို့ကို ရောထောင်းပြီး သံပရာရည်လေး ဆမ်းလိုက်ရင် အနံ့အရသာနဲ့ပြည့်စုံတဲ့ အရံဟင်းလေးတစ်ခွက် အချိန်မကြာဘဲ အလွယ်တကူ ....

ဒိန်ချဉ်လုပ်နည်း

            Resberry လေးဝယ်ထားလို့ ဒိန်ချဉ်လေးနဲ့ သောက်ချင်နေတယ်၊ ဒန်ပေါက်ချက်ချင်လို့ ဒိန်ချဉ်လည်းလိုနေတယ်၊ ဒိန်ချဉ်လုပ်နည်း မေးထားကြလို့လည်း ဒိန်ချဉ်လုပ်ဖြစ်သွားပါတယ်။ ဒိန်ချဉ်အလျှင်ကိုသုံးတဲ့အခါ လတ်ဆတ်တဲ့အလျှင်ကိုပဲသုံးပါမှ ဒိန်ချဉ်အောင်မြင်စွာ လုပ်နိုင်ပါလိမ့်မယ်။ ဒိန်ချဉ်မှာ ပရိုတိန်း၊ ကယ်စီယံ၊ ဘီ၂၊ ဘီ ၁၂၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်တဲ့အပြင် အစာလမ်းကြောင်းကျန်းမာရေးကို ....

Assorted Vege Salad

      လုပ်ရတာလွယ်ကူပြီး ဟင်းသီးဟင်းရွက် နှစ်သက်သူတွေ သက်သတ်လွတ်စားသူတွေအတွက် ထမင်းမြိန်မည့် ဟင်းကောင်းလေးတစ်ခွက်ပါ။  နေရာဒေသကိုလိုက်ပြီး လုပ်ပုံလုပ်နည်းလေးတွေ၊ ပါဝင်ပစ္စည်းလေးတွေ ကွဲလွဲနိုင်ပါတယ်။ လုပ်ရတာမခက်လှပေမဲ့ အသီးရွက်ကို ကြွပ်ကြွပ်ထုတ်ထုတ်လေးဖြစ်အောင်နဲ့ အရောင်လှဖို့အတွက် ဆယ်တဲ့ အနေအထားမှန်ဖို့၊ ရေဆေးပြီး ရေခဲရေ စိမ်ဖို့၊ ရေကုန်အောင်ညှစ်ထုတ်ပြီးမှ လှီးဖို့လိုအပ်ပါတယ်။ ►    ပါဝင်ပစ္စည်းများ ....

ဝက်သားဟင်းထုပ်

     မမီး ဟင်းထုပ်က အမြင်မှာ ရှမ်းဟင်းထုပ်နဲ့ တူသလိုလိုရှိပေမဲ့ ရှမ်းဟင်းထုပ်တော့မဟုတ်ပါဘူး။ မမီးက ကော်မှုန့် သုံးထားပါတယ်။ ဟင်းထုပ်လုပ်တဲ့အခါ ရေနဲ့ ဆန်မှုန့်အချိုးက တော်တော်အရေးကြီးပုံ ရပါတယ်။ ရေလို့ပြောတဲ့အခါ ခွက်နဲ့ချိန်ထည့်တဲ့ ရေကိုသာမက ပါဝင်တဲ့ ကြက်သွန်မြိတ်ပမာဏ၊ ဝက်သား၊ ခရမ်းချဉ်သီးတို့ကထွက်လာတဲ့ ရေပမာဏကိုလည်း ထည့်ထွက်ရပါလိမ့်မယ်။ ....

Lau Lau

          မြန်မာပြည်မှာနေစဉ်က ပိန်းရိုးတွေကိုသာ ဟင်းခါးချက်စားခဲ့ဘူးပေမဲ့ ပိန်းရွက်ကို တစ်ခါမှ မစားဘူးခဲ့ပါ။ Hawaii ရောက်တော့ နာမည်ကြီးလှတဲ့ သူတို့ရဲ့ ရိုးရာအစားစာ Lau Lau ကို အားတက်သရော ဝယ်စားဖြစ်ခဲ့တယ်။ ချက်နည်းလေးက ရိုးရှင်းလှပါတယ်၊ ဝက်လက်မောင်းသားကို ဆားနဲ့နယ်၊ Butterfly fish နဲ့အတူ ပိန်းဖက်ထဲမှာ ....

မုန်လာဥဖြူ ပိုးတီချဉ်

မုန်လာဥနုနုလေးတွေနဲ့ ပိုးတီချဉ်လုပ်စားဖြစ်လို့ အိမ်ရှင်မတွေဆီ မမီးလုပ်တဲ့နည်းလေး ပို့ပေးလိုက်ပါ တယ်။ ကင်ချီအနံ့ကောင်းကောင်းလေးရဖို့ အရည်သွေးကောင်းမွန်တဲ့ ငရုတ်သီးအစိမ်းမှုန့်ကိုသာသုံးပါ။ မမီးက ရှာလကာရည်ကို ဝိုင်ရှလကာရည်၊ ကြံရှလကာရည်၊ အုန်းရှလကာရည်တို့ သုံးလေ့ရှိပါတယ်။ အချဉ်စူးလွန်းတဲ့ ရှာလကာရည်မသုံးပါဘူး။ ချင်းကြိုက်နှစ်သက်ရင် ညက်အောင်ထောင်းထည့်နိုင်ပါတယ်။ ပါဝင်သောပစ္စည်းများ အရှည် ၁ ပေ၊ လုံးပတ် ၃ ....

ကြက်ဥ ဆည်းဆာသုပ်

      ကြက်ဥကို အပေါ်အကာပဲ ကျက်အောင်ပြုတ်ပြီး ခရုဆီ၊ နှမ်းဆီ၊ သံပရာရည်တို့နဲ့ ချဉ်စပ်မွှေးအရသာထွက်အောင် သုပ်ထားပါတယ်။ တစ်ပွဲစာကို ၁ လုံးနှုန်းနဲ့သုပ်ထားပေမဲ့ မိမိနှစ်သက် တဲ့အရေအတွက် အလွယ်တကူပွားပြီး သုပ်စားနိုင်ပါတယ်။ ကြက်ဥရဲ့အဝါရောင်အနှစ်လေးနဲ့ ထည့်သုပ်တဲ့ ဟင်းသီးရွက်အရောင်တွေကြောင့် ဆည်းဆာချိန် အတွေးထဲဝင်လာလို့ ကြက်ဥဆည်းဆာသုပ်လို့ အမည်ပေးလိုက်ပါတယ်။ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ရှင်။ ....

ပုစွန်ကော်ကြော်

သမားရိုးကျ ကော်ကြော်ပျော့အိလေးနဲ့ မတူတဲ့ မမီးရဲ့ ကော်ကြော်နည်းလေးပါ။ ကော်ကြော်ဝယ်စားတဲ့အခါ ပူပူနွေးနွေး ကြွပ်နေဆဲ အပိုင်းလေးတွေကိုပဲကြိုက်လို့ ကြွပ်ကြွပ်လေးပဲစားရအောင် ကြံစည်ရင်း စမ်းသပ်ရင်းနဲ့ နောက်ဆုံးမှာ မမီးနှစ်ခြိုက်တဲ့အနေထားရလာတယ်။ နေ့လယ်စာ အဆာပြေအနေနဲ့စားစား၊ တီဗွီကြည့်ရင်းစားစား လွယ်ကူမြန်ဆန်တဲ့ ကော်ကြော်ကြွပ်ကြွပ် ကြော်နည်းလေးကို အသစ်အဆန်းလေးတွေဖန်တီးချင်တဲ့ အိမ်ရှင်မတွေဆီ လက်ဆင့်ကမ်းလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ ( ....