ပူရီ

ပူရီ             မမီးတို့မိသားစုက အိန္ဒိယစာကြိုက်တော့ ပူရီကို ငယ်ငယ်တုန်းက ခဏခဏ လုပ်စားဖြစ်ပါတယ်။ မမီးတို့အဖေက ဂျုံနယ်ပေးတယ်။ မမီးတို့ညီအစ်မတွေက ပုလင်း တစ်ယောက်တစ်လုံးဆီနဲ့ ဂျုံပြားလေးတွေရအောင်လှိမ့်တယ်။ ပူရီလေး တွေ ဖောင်းတဲ့အခါဖောင်းတယ်၊ ပြားတဲ့ အခါပြားတယ်။ ဖောင်းဖောင်းပြားပြား အားပါးတရ နှစ်ခြိုက်စွာစားခဲ့ကြတယ်။ ပူရီကို ဂျုံမှုန့်အမျိုးမျိုးနဲ့ စမ်းကြည့်တယ်။ ....

မျှစ်ပုစွန်ချဉ်ကြော်

မျှစ်ပုစွန်ချဉ်ကြော်             ဒီအချိန်ဆို မျှစ်နုလေးတွေ အမျိုးမျိုးစုံနေအောင်ပေါ်ပါပြီ။ မျှစ်ကို အမျိုးမျိုး ကြော်လှော်ချက်သုပ်ကြရာမှာ မျှစ်ချဉ်ပေါင်က နာမည်အကြီးဆုံး၊ အလိုက်ဘက်ဆုံးအတွဲလို့ အသိမှတ်ပြုခံထားရပါတယ်။ မမီး ဒီနေ့ မျှစ်ပုစွန်ချဉ်ကြော် ကြော်စားဖြစ်ပါတယ်။ ချဉ်စပ်မွှေး ထုတ်ထုတ်လေးနဲ့ တစ်မျိုးစားကောင်းတာမို့ နည်းလေးရေးပေးလိုက်ပါတယ်။ ဗိုလ်စွဲထားတဲ့ မျှစ်ချဉ်ပေါင်အတွဲကို အမှီလိုက်မလား၊ ကျော်တက်သွားမလား ဝါသနာရှင်တို့ ....

ရွှေတောင်မုန့်ဟင်းခါး

ရွှေတောင်မုန့်ဟင်းခါး             ရွှေတောင်မုန့်ဟင်းခါးချက်နည်းကို ပြည်မြို့က မမသန်းသန်းဆင့်ဆီက သင်ယူပါတယ်။ မုန့်ဟင်းခါး လို့ခေါ်ပေမဲ့လည်း ငါးပဲရည်ပျစ်ပျစ်လေးနဲ့ ခပ်ရွှဲရွဲလေး နယ်စားရတဲ့ အသုပ်တစ်မျိုးပါ။ ကြက်သွန်နီကြော် များများအသုံးပြုရပြီး ကြက်သွန်နီကြော်ကြောင့်ပဲ အချိုလေးပြီး မွှေးပါတယ်။ ပဲဟင်းရည်ချက်တဲ့အခါ ကုလားပဲအစိမ်းမှုန့်စစ်စစ်ကို အသုံးပြုချက်လေ့ရှိပြီး တချို့က ကုလားပဲမှုန့်အကျက်ကိုသုံးပြီး ချက်လေ့ရှိပါတယ်တဲ့။ အသုံးပြုတဲ့ ပဲမှုန့်အစိမ်းအကျက်အပေါ်မှာ ....

အမဲသားခပတ်ကြော်

အမဲသားခပတ်ကြော်             အမဲသားခပတ်ကြော်ကို ဟင်းအနေနဲ့စားနိုင်သလို သူ့အတိုင်း ရေနွေးကြမ်းလေးနဲ့ မြည်းနိုင်ပါတယ်။ ကြော်တဲ့အခါမှာ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနဲ့ ပဲပင်ပေါက်တို့ အလွန်မင်း ပျော့အိမသွားအောင် မီးပြင်းပြင်းနဲ့ အချိန်တိုတိုမှာ မြန်မြန်မွှေကြော်ပေးပါ။ ပအုန်းရည်သုံးရင် ပိုကောင်းပေမဲ့ မရှိလျှင် ရှလကာရည်ကို အစားထိုးနိုင်ပါတယ်။ အချဉ်ကဲမသွားအောင် ချင့်ချိန်ထည့်ပါ။ ►   ပါဝင်ပစ္စည်းများ ....

ပဲပြားခရုဆီဆမ်း

ပဲပြားခရုဆီဆမ်း             ပဲပြားတိုဟူး အနုချက်နည်းတွေများစွာထဲက ပဲပြားခရုဆီဆမ်းလေးက လွယ်ကူပြီး စားကောင်းပါတယ်။ သက်သတ်လွတ်သမားများ နှစ်ခြိုက်မည်လို့ မျှော်လင့်ပါတယ်။ ခရုဆီဆိုတဲ့ နာမည်ပါနေတော့ သက်သတ်မလွတ်တော့ဘူးလို့ မှတ်ထင်စရာ၊ ပုလင်းမှာရေးထားတဲ့စာကို ကြည့်ပြီးဝယ်ပါ။ Vegetarian Oyster Sauce လို့ရေးထားတာကို ဝယ်ပါရှင်။ ကျွန်မက Silk Tofu ကို ....

သက်သတ်လွတ်ပဲပြားချိုချဉ်ကြော်

သက်သတ်လွတ်ပဲပြားချိုချဉ်ကြော်             ရာသီဥတုကလည်းပူတော့ ဆီပြန်ဟင်းတွေ၊ အသားဟင်းတွေ မစားလိုသူများအတွက် သက်သတ်လွတ်ဟင်းလေးတစ်ခွက် ယူလာပေးပါတယ်ရှင်။ အသီးအရွက်အမည်တွေက  ရေးထားတဲ့အတိုင်း အတိအကျဖြစ်ဖို့မလိုပါဘူး။ ကိုယ်နှစ်သက်ရာလေးတွေနဲ့ အစားထိုးပြီးချက်နိုင်ပါတယ်။ နူးညံ့တဲ့ ပဲပြားနဲ့ လိုက်ဖက်ညီတဲ့ အသီးအရွက်လေးတွေဖြစ်ရင် အဆင်ပြေပါတယ် ►    ပါဝင်ပစ္စည်းများ ♦   ပဲပြား   –   2 x ....

ပုစွန်ကော်ကြော်

ပုစွန်ကော်ကြော်             လွယ်ကူမြန်ဆန်တဲ့ အဆာပြေ နေ့လယ်စာလေး။ ချိုချဉ်စပ် ငရုတ်ဆီလေးဆမ်းစားရတာကို အရမ်းကြိုက်ပါတယ်။ ကော်ကြော်ကို အပျော့ကြော်၊ ကြက်ဥလိပ်ကြော်၊ အကြွပ်ကြော်ဆိုပြီး ပုံစံမျိုးစုံနဲ့ ကြော်စားလေ့ရှိပါတယ်။ ပါဝင်ပစ္စည်းကလည်း အမည်နည်း၊ လုပ်နည်းကလည်း ရှင်းပြီး လွယ်ကူပေမဲ့ မကပ်တဲ့အိုး၊ ဆီဝနေတဲ့အိုးကို အသုံးပြုဖို့လိုပါတယ်။ ပုစွန်အခွံပြုတ်ရည်ကို သုံးထားတဲ့အတွက် မွှေးပြီး ....

ကင်းမွန်ကင်

ကင်းမွန်ကင်             ကင်းမွန်ကို ကိုရီးယားကင်မ်ချီအနှစ်နဲ့ ကင်ထားပါတယ်။ စပ်စပ်မွှေးမွှေးနဲ့ စားကောင်းလှပါတယ်။ ရှမ်းဆန်၊ ဆူရှီဆန်တို့နဲ့ချက်ထားတဲ့ ထမင်းအိအိ ဒါမှမဟုတ် ကောက်ညှင်းပေါင်းတို့နဲ့ လိုက်ဖက်ပါတယ်။ ►    ပါဝင်ပစ္စည်းများ ♦   ကင်းမွန်   –   ၁ဝ-၁၂လက်မအရှည်   ၂ ကောင် ♦   ဆီ   –   အနည်းငယ် ....

ဗီယက်နမ်ကော်ပြန့်

ဗီယက်နမ်ကော်ပြန့်             ဗီယက်နမ်ကော်ပြန့်  လုပ်စားလိုသူများအတွက်ပါ။ ဆောင်းတွင်းမှာ ပါဝင်ပစ္စည်းတွေကို လတ်လတ်ဆတ်ဆတ် နုနုချိုချိုလေး ဝယ်လို့ရတာမို့ လုပ်စားဖို့ အကောင်းဆုံးအချိန်ပါ။ ဖော်ပြပါ ပါဝင်ပစ္စည်းတွေအပြင် ကိုယ့်စိတ်တိုင်းကျ နှစ် သက်ရာအသီးအရွက် ပဲပင်ပေါက်၊ ထိုင်းဘေဆယ်၊ ပူဒီနာ စသည်တို့ကိုလည်း ထည့်ပြီးလုပ်နိုင်ပါတယ်။ မုန့်ဟင်းခါးဖတ်နေရာမှာ ပဲကြာဆံပြုတ်ကို အစားထိုးသုံး နိုင်ပါတယ်။ ....

မုန်လာဥမုန့်

မုန်လာဥမုန့်             မုန်လာဥမုန့် ပေါင်းတာရော၊ ကြော်တာရော လုပ်စားဖြစ်လို့ မြန်မာမှာလည်း မုန်လာဥ နုနုချိုချိုလေးတွေပေါ်တုန်း လုပ်နည်းလေး အပြေးလွှားရေးပေးပါတယ်ရှင်။ မုန်လာဥအကြီးမျိုးကိုသုံးပါ။ နုနုလတ်လတ်ဆတ်ဆတ်ကို ရွေးဝယ်ပါ။ သဘာဝအချိုလေးနဲ့ တော်တော်စားကောင်းပါလိမ့်မည်။ အသားနေရာမှာ စည်သွတ်အသားဘူး (ဝက်သား)ကို သုံးထားပါတယ်။ အသားမှာပါဝင်တဲ့ အနံ့အရသာတွေနဲ့ မုန်လာဥအချိုနဲ့ ပေါင်းစပ်မိတဲ့အခါ တော်တော်စားကောင်းတဲ့ ....