ကြက်ဥ ဆည်းဆာသုပ်

      ကြက်ဥကို အပေါ်အကာပဲ ကျက်အောင်ပြုတ်ပြီး ခရုဆီ၊ နှမ်းဆီ၊ သံပရာရည်တို့နဲ့ ချဉ်စပ်မွှေးအရသာထွက်အောင် သုပ်ထားပါတယ်။ တစ်ပွဲစာကို ၁ လုံးနှုန်းနဲ့သုပ်ထားပေမဲ့ မိမိနှစ်သက် တဲ့အရေအတွက် အလွယ်တကူပွားပြီး သုပ်စားနိုင်ပါတယ်။ ကြက်ဥရဲ့အဝါရောင်အနှစ်လေးနဲ့ ထည့်သုပ်တဲ့ ဟင်းသီးရွက်အရောင်တွေကြောင့် ဆည်းဆာချိန် အတွေးထဲဝင်လာလို့ ကြက်ဥဆည်းဆာသုပ်လို့ အမည်ပေးလိုက်ပါတယ်။ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ရှင်။ ....

ပုစွန်ကော်ကြော်

သမားရိုးကျ ကော်ကြော်ပျော့အိလေးနဲ့ မတူတဲ့ မမီးရဲ့ ကော်ကြော်နည်းလေးပါ။ ကော်ကြော်ဝယ်စားတဲ့အခါ ပူပူနွေးနွေး ကြွပ်နေဆဲ အပိုင်းလေးတွေကိုပဲကြိုက်လို့ ကြွပ်ကြွပ်လေးပဲစားရအောင် ကြံစည်ရင်း စမ်းသပ်ရင်းနဲ့ နောက်ဆုံးမှာ မမီးနှစ်ခြိုက်တဲ့အနေထားရလာတယ်။ နေ့လယ်စာ အဆာပြေအနေနဲ့စားစား၊ တီဗွီကြည့်ရင်းစားစား လွယ်ကူမြန်ဆန်တဲ့ ကော်ကြော်ကြွပ်ကြွပ် ကြော်နည်းလေးကို အသစ်အဆန်းလေးတွေဖန်တီးချင်တဲ့ အိမ်ရှင်မတွေဆီ လက်ဆင့်ကမ်းလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ ( ....

Overnight Oat

အာဟာရပြည့်ဝတဲ့ မနက်စာတစ်မျိုးက ဥလနမညငါ့အ ဥအေ လို့ခေါ်တဲ့ ညကတည်းက ပြင်ဆင်ထားရတဲ့ အစားအသောက်တစ်မျိုးပဲဖြစ်ပါတယ်။ အဓိကကတော့ ဥအောနေူ၊ ဒိန်ချဉ်နဲ့ နွားနို့ ဆတူပါဝင်ပြီး အနည်းဆုံး ၆ နာရီကြာအောင် ရေခဲသေတ္တာထဲမှာ ညသိပ်ထားရပါတယ်။ နှစ်သက်ရာခွက် (သို့) ပုလင်းကို အသုံးပြုနိုင်ပြီးလေလုံအောင်အဖုံးပိတ်ထားနိုင်ရင်ပိုကောင်းပါတယ်။ အရသာခပ်ဆိမ့်ဆိမ့်လေးနဲ့ အသီးလေးတွေထည့်စားရင် ပိုပြီးစားကောင်းပါတယ်။ ....

ဝက်ခေါက်သုပ်

မမီးအလွန်ကြိုက်တဲ့ ဝက်ခေါက်သုပ်ကို အသွင်တစ်မျိုးပြောင်းပြီး သုပ်ထားပါတယ်။ အကွင်းလိုက်လေးရအောင် လိတ်၊ အရောင် တင်ပြီးမှ ပါးပါးလှီးပြီးသုပ်လိုက်တာပါ။ လုပ်နည်းလေးဖတ်မိတဲ့အခါ အလုပ်ရှုပ်မလိုထင်ရပေမဲ့ ထင်သလောက်မခက်လှပါဘူး။ လှလှ ပပလေးဖြစ်နေတဲ့ ဝက်ခေါက်သုပ်လေး စားပွဲပေါ်ရောက်လာတဲ့အခါ လုပ်ရကျိုးနပ်တယ်လို့ ခံစားမိမှာပါ။ ပါဝင်သောပစ္စည်းများ  ( ၄ ပွဲစာ) •    ဝက်ခေါက်           ....

ပုန်းရည်ကြီးထမင်းသုပ် (၄ ပွဲစာ)

ပုန်းရည်ကြီးထမင်းသုပ်ဆိုတာ မြန်မာတို့အလွန်နှစ်သက်တဲ့ စားဖွယ်လေးတစ်မျိုးပါ။ အများစုက ကိုယ့်စတိုင်လ်လေးနဲ့ကိုယ် အရသာရှိရှိ သုပ်စားတတ်ကြပါတယ်။ မမီးနဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ သုပ်ပုံမတူတာ သတိပြုမိလို့ ပုန်းရည်ကြီးထမင်းသုပ်နည်းလေး ရေးဖြစ်သွားတာပါ။  မမီးက ပုစွန်ခြောက်မှုန့်ကို ကြွပ်လာအောင်ကြော်ပြီးမှ ထည့်သုပ် ပါတယ်။ ဆီနဲ့ ကြော်လိုက်တဲ့အခါ ပုစွန်ခြောက်မှုန့်ကနေ သူ့နကိုချိုတဲ့အရသာအပြင်၊ မွှေးတဲ့ရနံ့လေးထွက်လာလို့ ထမင်းသုပ်ရဲ့အရသာ ပိုကောင်းသွားပါတယ်။ ....

Garlic Butter Shrimp

Garlic Butter Shrimp (၂ ပွဲစာ) ပုစွန်တွေလှိုင်လှိုင်ပေါနေချိန်မှာ Hawaiian စတိုင်လ် Garlic Butter Shrimp နဲ့ ငါးပိထမင်း မွှေးမွှေးလေး လုပ်စားကြည့်ပါဦး။ ပုစွန်ကို အခွံမချွတ်ဘဲ ထောပတ်နဲ့ ကြက် သွန်ဖြူ နိုင်နိုင် သုံးပြီးကြော်ထားတာမို့ အလွန်ဆွဲဆောင်မှုကောင်းတဲ့ ရနံ့လေးပေး ပါတယ်။ ....