ကြပ်တိုက်အသားပြားနဲ့ပန်းပွင့်စိမ်းပါစတာ (Pasta with Broccoli and Smoked Ham)

          ပါစတာနဲ့ပတ်သက်ပြီး ချက်နည်းလေးတွေ တင်ပြဖူးပါတယ်။ ဒါပေမဲ့ ဒီလိုချက်နည်းလေးက အသွင်သစ်နဲ့ လွယ်လွယ်ကူကူချက် ပြုတ်နိုင်မယ့်နည်းလေးဖြစ်လို့ စာဖတ်ပရိသတ်များအတွက် ပြန်လည်မျှ ဝေပေးလိုက်ပါတယ်။ ဒီချက်နည်းမှာသုံးမယ့် အသားပြားကိုတော့ နှစ်သက်ရာ အစားထိုးသုံးနိုင်ပါတယ်။ ဒီချက်ပြုတ်နည်းမှာ ထုံးစံအတိုင်း အရသာအတွက် သဘာဝအတိုင်းရတဲ့ ဆားနဲ့ ငရုတ်ကောင်းမှုန့်များကိုသာ သုံးထားပါတယ်။ ကယ်လိုရီနည်းတဲ့ အစားအစာတစ်မျိုးဖြစ်တာ ....

အမဲကညွှတ်လိတ်နှင့် ဟင်းနုနယ်အစပ်သုပ် (Beef & Asparagus Roll with Spicy Spinach Salad)

            ဒီလအတွက် ပရိသတ်များကို ရွေးချယ်ပေးလိုက်တဲ့ နောက်ထပ်ဟင်းလျာအတွဲလေးတစ်မျိုးကတော့ ကျွန်တော့်ရဲ့ ‘အခုချက်အခုစားဟင်းလျာများ’ အစီအစဉ်မှာတင်ဆက်ခဲ့တဲ့ ‘အမဲကညွှတ်လိတ်နှင့် ဟင်းနုနယ်အစပ်သုပ်’ပါပဲ။ အမဲမိုးခိုသားကို ပါးပါးလှီးပြီး အသားထုတဲ့ တူလေးနဲ့ထုပေးကာ ကညွှတ်အဖျားပိုင်းလေးတွေနဲ့ လိတ်ကြော်ထားတာရယ် ဟင်းနုနယ်ကို အနည်းငယ်ပြုတ်ပြီး ကညွှတ်အရင်းပိုင်း၊ ချယ်ရီခရမ်းချဉ်သီး၊ ကြက်သွန်နီ ရှမ်းငရုတ်နီ၊ ငရုတ်သီးစိမ်းတို့ကို ပဲငံပြာရည်နဲ့ ....

ခုံးသားဆီပြန်

            ဒီဟင်းလေးက ကျွန်မတို့အိမ်မှာ ဆီပြန်တစ်မျိုး၊ အကြော်တစ်မျိုး အမြဲချက်ရတဲ့ ဟင်းလေးပါ့။ ကိုထက်နဲ့ ကျွန်မက ဆီပြန်၊ ကလေးတွေက အကြော်ပေါ့နော်။ ခုတော့ ကျွန်မက ဒီခုံးကောင်တွေကို ဆီပြန်ဟင်းလေးချက်ပါမယ်။ လူကြီးကြိုက်ပေါ့။ အချိုချက်ဖြစ်တာကြောင့် ကလေးတွေလည်း စားလို့ရပါတယ်။ ►   ပါဝင်ပစ္စည်းများ ♦   ခုံးကောင်   ....

ဟင်းနဲ့နာမည်အလှဲအလှယ်

          စက်တင်ဘာလမှာတော့ ဆရာမဒေါ်နန်းစန်းစန်းအေးက ‘ပုစွန်ခြောက်သီးစုံနှပ်’ အပါအဝင် ဟင်းလျာအတွဲ အစပ် (၇) မျိုးကို စီစဉ်ထားပါတယ်။ အဆိုပါ ဟင်းလျာအတွဲ အစပ်များကတော့ – ၁။       တီလားဗီးယားငရုတ်သီးချက်၊ ကုလားပဲအာလူးဟင်းရည်၊ ကင်ပွန်းချဉ်ရွက် ငါးပိကြော်၊ အင်ဥသုပ်။ ၂။       ပုစွန်ခြောက်သီးစုံနှပ်၊ ခရုသုပ်၊ အသားလုံးပဲပင်ပေါက်ဟင်းရည်၊ ငရုတ်သီး ....

ကြက်သားဒံပေါက်

         မမီးတို့စိတ်ကြိုက် မဆလာနံ့ သိပ်မများဘဲ ထောပတ် အနည်းငယ်နဲ့ ချက်ထားတဲ့ အလွယ်ချက်လေးပါ။ စားလို့အရမ်းကောင်းပါတယ်။ အရောင်အတွက် ကုက္မမံကို မသုံးဘဲ အလွယ်တကူရနိုင်တဲ့ အစာဆိုးဆေးတွေကို သုံးထားပါတယ်။ US မှာနေသူတွေကတော့ ကိတ်မုန့် ပစ္စည်းတွေ ရောင်းတဲ့အတန်းမှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ မြန်မာပြည်မှာနေသူများကတော့ သိမ်ကြီးဈေးနဲ့ ကိတ်မုန့်ပစ္စည်းရောင်းတဲ့ ....

အသီးအရွက်နှင့် လိမ္မော်ပျားရည်ဆမ်း ဝက်သားပြားကြော် (Orange Honey Bacon with Vegetable Stir Fried)

          လိမ္မော်သီးအရည်ပါ ပါဝင်တာကြောင့် အအီပြေစေသော အသီးအရွက်ကြော် ဖြစ်ပါတယ်။ အားလုံးကြော်စားလို့ရအောင် မျှဝေလိုက်ပါတယ်။ ►   ပါဝင်ပစ္စည်းများ ♦   ကြက်သွန်ဖြူ   –   ၅ တက် (ဓားပြားရိုက်) ♦   လိမ္မော်ပျားရည် အသားပြား   –   ၅ ပြား (အနေတော်လေးတွေ လှီးထားပါ) ♦     ....

ဝက်အသည်းချဉ်စပ်နှပ် (Hot and Sour Liver)

            ဒီချက်နည်းလေးကတော့ သံဓာတ်လိုအပ်နေသူတွေနဲ့ အထူးသင့်တော်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အမဲအသည်း၊ ဝက်အသည်း တို့ဟာ ဖွံ့ဖြိုးစလူငယ်၊ ကလေးငယ်တွေအတွက် အာဟာရအရင်းအမြစ်လည်း ဖြစ်ပါတယ်။ သွေးအားနည်းရောဂါခံစားနေရတဲ့ အမျိုးသမီးငယ်များ၊ သားသည်မိခင်များအနေနဲ့လည်း ရွေးချယ်စရာတစ်ခုအနေနဲ့ တင်ပြပေးလိုက်ပါတယ်။ ►   ပါဝင်ပစ္စည်းများ ♦   ဝက်အသည်း   –   ၁ ခု ....

ဝက်သား ကင်မ်ချီနှင့် မှိုဟင်းချို (Saute Pork with Kim-Chi & Cleared Mushroom Soup)

          ဒီလအတွက် ပရိသတ်များကို ရွေးချယ်ပေးလိုက်တဲ့ နောက်ထပ်ဟင်းလျာအတွဲလေး တစ်မျိုးကတော့ ကျွန်တော့်ရဲ့ ‘အခုချက်အခုစားဟင်းလျာများ’ အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ‘ဝက်သား ကင်မ်ချီနှင့် မှိုဟင်းချို’ပါပဲ။ ဝက်ပေါင်သားကို ဝက်အူချောင်း၊ ကင်မ်ချီ၊ မုန်ညင်းစိမ်းတို့နဲ့ ချိုချဉ်ငန်စပ်လေး ကြော်တာရယ် ဂျပန်ရှီမိဂျိမှိုဖြူကို ဝက်သားပြုတ်ရည်၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့နဲ့ ဟင်းချိုချက်ပြီး ....

ကြက်သွန်ဖြူနှင့် ချင်း အမဲသားချက် (Garlic Ginger Beef)

          အမဲသားဟင်းကို ရိုးရှင်းစွာစားသုံးချင်သူများအတွက် စည့်ရဲ့ အမဲသားလက်ယာများထဲမှ ထမင်း၊ နံပြား၊ ပလာတာ စသည်တို့ဖြင့်လည်း တွဲစားလို့ရမည့် ဟင်းအား ပြန်မျှဝေထားပါတယ်။  ►   ပါဝင်ပစ္စည်းများ ♦   အမဲသား   –   ၁ ကီလို      (မထူမပါး အသေးတုံးလေးတွေ တုံးထားပါ) ♦   ပျဉ်းတော်သိမ်ရွက်   ....

အော်ကေ့ကြည် (ပိန်းဥကိတ်မုန့်)

            ဒီမုန့်လေးကို သက်သတ်လွတ်အနေနဲ့ စားလို့ရသလို ဝက်သား၊ ကြက်သား စတာတွေနဲ့လည်း စားလို့ရပါတယ်။ သက်သတ်လွတ် စားလိုသူများက မုန်လာဥနီနဲ့ ရောပြီးလုပ်ကြပါတယ်။ ကျွန်မက ဒီနေရာမှာ ဝက်သားကို သုံးထားပေမယ့် ကျန်တဲ့အသားသုံးလို့ရသလို မုန်လာဥနီ အစားထိုးသုံးနိုင်ပါတယ်။ ပိန်းဥကို အခြေခံထားတဲ့မုန့်လေး အဆာပြေစားစရာ တရုတ်မုန့်လေးတစ်မျိုးဖြစ်ပါတယ်။ ဒီမုန့်လေးကိုတော့ ....