ဝဥအစပ်ဟင်း

ဝဥအစပ်ဟင်း           ဝဥဆိုတာက အပင်အောက်က ဥကြီး အကြီးကြီးပေါ့။ မြေကြီးအောက်က ဟာပေါ့။ တူးဖော်ပြီးမှ ရလာတာပါ။ တကယ်တော့ ဈေးထဲမှာ ရောင်းနေတဲ့ ဝဥဆိုတာက အဆင်သင့် စားလို့ရအောင် လုပ်ပေးပြီးသားလေးတွေပါ။ တူးဖော်လို့ရတဲ့ ဝဥအစိမ်းက ယားတတ်တယ်။ ဆားနဲ့ နာနာနယ်ဆေးရပါတယ်။ ဝဥလုပ်တာကို ဗဟုသုတအနေနဲ့ ဖတ်ဖူးတာလေး ....

တပင်ဝါးမျှစ်အဆာသွတ်အစပ်ချက်

တပင်ဝါးမျှစ်အဆာသွတ်အစပ်ချက်           ဟင်းနာမည်ခေါ်ရတာကလည်း လှည်းတန်းမီးပွိုင့်တစ်ပွိုင့်တော့ အသာလေး လွတ်တယ်နော်။ တပင်ဝါးမျှစ် ဆိုတာလည်း ရေးချင်၊ အဆာသွတ်တာလည်းပါချင်၊ ဟင်းကစပ်စပ်လေး ဆိုတာလည်း အသိပေးချင်တာဆိုတော့ တော်တော်ကို ရှည်သွားပါတယ်။ ဒီမျှစ်လေးတွေကို ကချင်ပြည်နယ်ကနေ အစ်ကိုတစ်ယောက်က တကူးတက ပို့ပေးတာပါ။ တော်တော်နုနု လေးတွေပါ။ အဲဒါလေးတွေရလာတဲ့အပြင် နည်းလေးလည်း ပေးပါတယ်။ ....

သစ်တိုသီးငါးပိချက်

သစ်တိုသီးငါးပိချက်                  သစ်တိုသီးဆိုတာကို တချို့က မမြင်ဖူးကြဘူး။ အင်္ဂလိပ်လို Santol  လို့ ခေါ်ပါတယ်။ နိုင်ငံခြားမှာလည်း ရှိနိုင်ပါတယ်။ သစ်တော်သီးလားဆိုပြီး မှားတတ်ကြပါတယ်။ မတူပါဘူးရှင်။ သစ်တိုသီးရဲ့ အပြင်အခွံက သစ်တော်သီးနဲ့ ဆင်တူပေမယ့် ခွာလိုက်ရင် အထဲက အစေ့တွေက မင်းဂွတ်သီးလို ဖြစ်နေတာပါ။ အစေ့နဲ့အခွံနဲ့ ကြားက ....

ကြက်ကလယ်ချက်

ကြက်ကလယ်ချက်           မော်လမြိုင်က ကြက်ကလယ်ချက်ကို စားဖူးပြီးကတည်းက အတော်ကို ကြိုက်နှစ်သက်မိတာပါ။ မတူတူအောင် အကြိမ်ကြိမ် လိုက်ချက်ရပါတယ်။ ချက်လွန်းမက ချက်တော့ အမြဲအားပေးရတဲ့ အိမ်ကမဌေးနဲ့ ဖိုးခွားတို့ဟာ အဲဒီကြက်ကလယ်ချက်ကို စားရတာ ငြီးငွေ့လာပုံ ရပါတယ်။ “ဆရာမရယ် နဂိုမူရင်းထက် ဆရာမဟင်းကတောင် တော်တော်ပိုကောင်းနေပါပြီ”တဲ့။ ထပ်ကို မချက်စေချင်တော့တာ။ ....

ငါးကြင်းနှင့် သစ်တိုသီး

ငါးကြင်းနှင့် သစ်တိုသီး           ငါးကြင်းနဲ့ချက်စားလို့ရသလို တခြားငါးနဲ့လည်း ချက်နိုင်ပါတယ်။ သစ်တိုသီးက ချဉ်ပြုံးပြုံးအရသာရှိတာမို့ ငါးပိချက်တို့၊ ငါးတို့နဲ့ ချက်စားရင် အလွန်အရသာရှိပါတယ်။ ဝက်သားကလည်း အသားထဲမှာ အီတတ်၊ ဆိမ့်တတ်တာမို့ သစ်တိုသီးအချဉ်လေးနဲ့ တွဲချက်စားရင်လည်း အရမ်းအရသာရှိပါတယ်။ ချဉ်ရည်လို အရည်သောက်အနေနဲ့လည်း ချက်ကြတာမို့ မျိုးစုံလုပ်စားလို့ ရပါတယ်။ အခုကတော့ ....

အင်ဥနဲ့ ဝက်သားဟင်း

အင်ဥနဲ့ ဝက်သားဟင်း           အင်ဥလေးပေါလာပြီဆိုတော့ အင်ဥနဲ့ ဝက်သားလေးစားချင်လိုက်တာဆိုတဲ့ အတွေးဝင်လာတာနဲ့ ချက်ဖြစ်သွားတာပါ။ ချက်ပြီဆိုရင် အင်ဥထုပ်ထုပ်လေးနဲ့ ဝက်သားနူးနူးအိအိလေးကို စားရတာ ရာသီစာမို့လို့လား မသိပါဘူး။ တခြားဟာတွေထက် ပိုခံတွင်းတွေ့ပါတယ်။ အင်ဥလေးတွေကို သန့်စင်ရတာ တော်တော့်ကို လက်ဝင်တယ်။ သေသေချာချာ အကြိမ်ကြိမ် ပွတ်တိုက်ဆေးကြောရပါတယ်။ သဲကျန်ရင် တရှပ်ရှပ်ကျိလိကျိလိနဲ့ ....

အညာမုန့်လုံးကြီး

အညာမုန့်လုံးကြီး             ဒါလေးကလည်း အညာမုန့်လေးပါ။ မုန့်လုံးကြီးဆိုပေမဲ့ ရန်ကုန်မှာ ရောင်းနေတဲ့ မုန့်လုံးကြီးတွေလို မတူဘဲ ပဲနဲ့ ဆုပ်ထားပြီး အထဲမှာ ထန်းလျက်ဌာပနာထားတာမျိုးပါ။ အညာဒေသမှာ မုန့်တွေကို ပဲလွန်းနဲ့ အဓိကထားပြီး စားသုံးပါတယ်။ မုန့်ပျားသလပ်မှာလည်း ပဲလွန်းထည့်တာ များပါတယ်။ ခုလဲ ပဲလွန်းကိုပဲ သုံးထားတာပါ။ ပဲလွန်းကို ....

အင်းလေးဘီးမုန့်

အင်းလေးဘီးမုန့်             အင်းလေးဘီးမုန့်ကို ကျွန်မတို့ အင်းလေးသွားလည်စဉ်က တွေ့ခဲ့၊ မြည်းခဲ့ရပါတယ်။ အာလူးကတ်တလစ်နဲ့ အရသာအနည်းငယ်မျှဆင်ပါတယ်။ သို့သော် သူက ပိုစားလို့ကောင်းပါတယ်။ အာလူးနဲ့ လုပ်ရင် အာလူးဘီးမုန့်၊ ငါးနဲ့လုပ်ရင် ငါးဘီးမုန့်ပေါ့နော်။ ကျွန်မကတော့ (၂) မျိုးလုံး ရေးပေးလိုက်ပါတယ်။ ဒီနည်းကို လိုချင်တာနဲ့ သားကြီးတို့ ဆရာမကြီး ....

အင်းမုန့်တီ

အင်းမုန့်တီ             ကျွန်မကတော့ မုန့်တီဆို ဘာမုန့်တီဖြစ်ဖြစ် အကုန်ကြိုက်ပါတယ်။ ကျွန်မတို့အိမ်မှာတော့ အာပူ လျှာပူကို အမြဲလုပ်စားဖြစ်တယ်။ ဒီတော့ တစ်ရက်မှာ သားကြီးတို့ရဲ့  မြန်မာစာသင်တဲ့ ဆရာမကြီးကို အင်းမုန့်တီအကြောင်း စကားစပ်မိရင်းနဲ့ ကျွန်မထုံးစံအတိုင်း မေးမြန်းသင်ယူပါတယ်။ ဆရာမကြီးက ကျွန်မအမျိုးသား ကိုထက်မိဘတွေရဲ့ မိတ်ဆွေလည်းဖြစ်တာမို့ ကျွန်မတို့နဲ့လည်း မိသားစုလိုမျိုး ....

မတ်ပဲကြော်

မတ်ပဲကြော်             မတ်ပဲကြော်အကွင်းလေးတွေကို ကျွန်မငယ်ငယ်က တော်တော်ကြိုက်ပါတယ်။ ထုံးစံအတိုင်း မွေးစားအမေဟာ ဟိန္နူကုလားမကြီးမို့ သူ့ရိုးရာ (အိန္ဒိယအစားအစာ) များကို သူလည်းစား၊ ကိုယ်ကိုယ့်လည်းကျွေးပေါ့နော်။ ဒီလိုမျိုးနဲ့ ကြီးပြင်း လာရသူဆိုတော့လေ မတ်ပဲကြော်တို့၊ ဘယာကြော်တို့ဆို လာထား အလွန်ကြိုက်ပါတယ်။ ခဏခဏလည်း ကြော်စားဖြစ်ပါတယ်။ ►    ပါဝင်ပစ္စည်းများ ♦   ....