ကြက်သားမုန်လာဥခြောက်အချိုချက်

        ပြီးခဲ့တဲ့ မုန်လာဥခြောက်ကိုသုံးပြီး ဟင်းချက်ကြည့်ကြရအောင်။ ကြက်သား၊ ဝက်သား နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ ဝက်သားကိုသုံးရင်တော့ ပိုပြီးစားကောင်းပါတယ်။ ဒီဟင်းချက်နည်းအတွက်တော့ ကြက်သားကိုသုံးပြီး ချက်ပြထားပါတယ်။ ►    ပါဝင်ပစ္စည်းများ ♦    ကြက်တစ်ခြမ်း     –     ခပ်သေးသေးတုံးထားပါ ♦    မုန်လာဥခြောက် ....

ကြက်သားချင်းအချိုကြော်

        လွယ်ကူမြန်ဆန်ပြီး ထမင်းမြိန်စေတဲ့ ကြက်သားအချိုကြော်တစ်ပွဲပါ။ ဟင်းအတွက် ပြင်ဆင်ချိန်ကနေ အပြီးအထိမှ မိနစ်၂ဝ ခန့်သာကြာမြင့်တာကြောင့် ရုံးတက်ရက်များအတွက် အလွန်သင့်တော်သော ဟင်းတစ်ပွဲလည်းဖြစ်ပါတယ်။ ချင်းနံ့မွှေးမွှေးနဲ့ အရသာအလွန်ရှိပါတယ်။ ဒီနည်းကို ကြက်သားနဲ့တင်မဟုတ်ဘဲ အမဲသားနဲ့လည်း ချက်စားနိုင်ပါတယ်။ ►    ပါဝင်ပစ္စည်းများ ♦    ကြက်ပေါင်သားအရိုးထုတ်ထားပြီးသား    –    တစ်ခု ....

မုန်လာဥခြောက်

       ကြက်သား၊ ဝက်သား စတဲ့ဟင်းအချိုချက်တွေမှာထည့်ချက်ရင် စားလို့ကောင်းလှတဲ့ မုန့်လာဥခြောက်လုပ်နည်းလေးပါ။ ဟင်းအရသာများအထဲကိုစိမ့်ဝင်နေပြီး ခပ်ထုတ် ထုတ်လေးနဲ့ အင်မတန်စားကောင်းပါတယ်။ တချို့ကလည်း ဟင်းမချက်ဘဲ အသားနဲ့ မစိုမခြောက်လေး ကြော်စားတာကိုတွေ့ဖူးပါတယ်။  မုန်လာဥခြောက်လုပ်နည်းများ ဘာဆန်းလဲလို့ ပြောစရာရှိ ပါတယ်။ ဒါပေမဲ့ မသိသေးတဲ့သူတွေအတွက် အသုံးဝင်နိုင်တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ မုန်လာဥများကို ....

ငါးကြင်းပေါင်း (အိုးကြီးချက်)

      ကျွန်မတို့လင်မယားနှစ်ယောက်လုံးရဲ့ အသည်းစွဲ ထမင်းအလွန်မြိန်သော ငါးကြင်းပေါင်းနည်းလေးပါ။ ငါးသလောက်လို ငါးကို ပေါင်းစားရင် အကြောတက်တတ်လို့ သွေးတိုးတတ်လို့ ကြောက်ကြတယ် ဆိုရင်ဖြင့် ငါးကြင်းပေါင်းလေးကို အစားထိုးနိုင်ပါတယ်။ အလှူပွဲသေးမျိုးတွေဆို ဒါလေးကို ဧည့်ခံရင်ဖြင့် အလွန်သင့်တော်မယ်လို့ ထင်ပါတယ်ရှင်။ ကျွန်မ စာရေးဖို့ရာ အဖေကိုယ်တိုင် ပြောပြသော ‘ဓနုဖြူဒေါ်စောရီ လှည်းတန်း ....

ကြက်ဥမုန့်သိုင်းခြုံ

      ကြက်ဥမုန့်သိုင်းခြုံဆိုတာလေးကလေ မြင်ရင်လည်း စားချင်စဖွယ် ချစ်ဖို့အလွန်ကောင်းပါတယ်။ ပါဆယ်ထုပ်လေး ထုပ်ထားသလိုပဲ နောက်တစ်ခုက မြန်မာ့ရိုးရာစစ်စစ် မုန့်ကလေးပေါ့။ ဟိုတလောက ဘုရားပွဲဈေးတန်းမှာ သွားတုန်းကလည်း တွေ့လိုက်တယ်။ လုပ်ထားတာလည်း စားချစ်စရာ သန့်သန့်ပြန်ပြန့်လည်းရှိတယ်။ ကိုထက်လည်း ကြိုက်တယ်ဆိုပြီး ဝယ်စားကြတယ်။ ၉ မိုင် ရှမ်းပွဲတော် မှာ တွေ့တာပါ။ ....

ပဲကြီးအစပ်နှပ်

      ကျွန်မက ပဲကြီးနှပ်ဆိုရင် ရိုးရိုးပဲ နနွင်းလေးနည်းနည်း ဝါဝါလေး နှပ်စားနေကျပါ။ လန်ဒန်က ပြန်လာခါနီးမှာ သူငယ်ချင်း မငုဝါအိမ်မှာ အစပ်နှပ်စားတာလေးတွေ့ခဲ့တယ်။ စားကောင်းလွန်းလို့ ပြန်ချက်စားရင်း ရေးပေးလိုက်တာပါ။ ခပ်စပ်စပ်လေးနဲ့ အလွန်စား ကောင်းလှပါတယ်။ ကျွန်မက ဘူးပဲကို သုံးပါတယ်။ ဘူးပဲတွေဟာ အစကတည်းက နူးပြီးသားမို့ ပဲကြီးရိုးရိုးလိုမျိုး ....

ဝက်သားနဲ့ ဆီးသီးကြော်ချက်

►    လိုအပ်သောပစ္စည်းများ ♦    ဝက်သားချောင်းအဆီမပါ  –    ၁ ချောင်း  (၁ ပေါင် အလေးချိန်) (Pork Tenderloin) ♦    ထောပတ်   –    စားပွဲဇွန်း ၂ ဇွန်း ♦    သံလွင်ဆီ  –   ....

ငုံးကြော်နှင့် မန်ကျည်းနှပ်

      မစည်သိရသလောက်ဆို ငုံးသားကိုချက်စားကြတာ နည်းပါတယ်။ အကြော်နှင့် အကင်ကိုပဲ ဦးစားပေး လုပ်စားဖြစ်ကြသောသူများ များပါတယ်။ ဒါကြောင့် မစည်က ကြော်တာလေးကို မန်းကျည်းနှင့် ပြန်နှပ်တာ ချက်လိုက်တော့ လူကြိုက်များသွားသော ဟင်းတစ်ခွက် ဖြစ်သွားတာကြောင့် အားလုံးချက်စားလို့ရအောင် ပြန်မျှဝေလိုက်ပါတယ်နော်…။ ►    ပါဝင်ပစ္စည်းများ ♦    ငုံး   ....

မန်ကျည်းဆန်ချောင်နှင့် ပူစီနံ ငါးပိထောင်း

     အခုလိုရာသီမှာ သိပ်လိုက်ဖက်သော အရံဟင်းပွဲလေးပါ။ မနက်စာ ထမင်းကြော်နှင့် အတွဲသိပ်လိုက်လို့ အိမ်မှာရော စားဖူးသော သူငယ်ချင်းမိတ်ဆွေများကပါ အမြဲထောင်းခိုင်းသော ဒီငါးပိထောင်းလေးကို ပူစပ်ပူစပ်နှင့် လျာလည်သွားစေရန် ထောင်းစားကြည့်လိုက်နော်… ။ ►   ပါဝင်ပစ္စည်းများ ♦    ငရုတ်သီး စိမ်း       –    ၁ဝ ....