Vol 7, No 4, April, 2018 Issue

အယ်ဒီတာ့စကား           Food Magazine ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …           အတာကျူးသော တန်ခူးလအခါ ရောက်လို့လာပါပြီ။ မြေသင်းရနံ့လေးတွေ ပြန်ရပြီး… တူးပို့တေးသံတွေနဲ့ သင်္ကြန်အငွေ့အသက်လေးတွေကို အစဉ်အလာမပျက် ရင်ခုန်ရပါဦးမယ်။           မှတ်မိပါသေးတယ်။ ငယ်ငယ်ကဆိုရင် ရေပုံးလွယ်၊ ရြွေပတ်သယ်ပြီး သင်္ကြန်ရေ တိုက်ပွဲ နွှဲခဲ့တာလေးတွေ၊ ....

Vol 7, No 3, March, 2018 Issue

အယ်ဒီတာ့စကား           မင်္ဂလာပါ ပရိသတ်ကြီးရေ…           ဟိုတစ်လောက စာရေးဆရာမကြီးတစ်ဦးရဲ့ စကားလုံးလေးတစ်ခုကို နည်းနည်းလေး ဟာသဖောက်ပြီး ရေးမိပါတယ်။ မီးဖိုချောင်နဲ့ ရင်းနှီးတဲ့ ယောကျာ်းတွေဟာ ချစ်စရာကောင်းကြတယ်လို့ ဆိုပါတယ်။ ဒါနဲ့ နောက် ဆက်တွဲ အာရှသားတွေဟာ မီးဖိုချောင်နဲ့ မရင်းနှီးဘူးလို့ ဆိုပြန်ပါတယ်။ ဒီစကားမှန်ခြင်း၊ မှားခြင်းဆိုတာ ....

Vol 7, No 2, February, 2018 Issue

အယ်ဒီတာ့စကား           လှပချစ်စဖွယ်ကောင်းလှတဲ့ ဖေဖော်ဝါရီလလေးပါ ပရိသတ်ကြီးရေ။ ပျော်ပွဲရွှင်ပွဲတွေ အမြဲဆက်နေတဲ့ မြန်မာပြည်ကြီးမှာနေရတာ အလွန်မှကို ပျော်စရာကောင်းလှပါတယ်။ တစ်ပွဲမှမပြီးသေး နောက်တစ်ပွဲ၊ ပွဲပြိုင်၊ နာမည် အမျိုးမျိုး၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပျော်ပွဲရွှင်ပွဲ၊ ကြည့်ချင်ပွဲများစွာဟာ ရန်ကုန်မှာ ပိုလို့မှကိုများပါတယ်။ ဒီအထဲမှာအစားအစာပွဲတော်များကလည်း လူတန်းစားမရွေး စိတ်ဝင်တစား တိုးကြိတ်စည်ကားတဲ့ပွဲအမျိုးအစား တစ်ပွဲဖြစ်ပါတယ်။ ....

Vol 7, No 1, January, 2018 Issue

အယ်ဒီတာ့စကား           မင်္ဂလာပါ ပရိသတ်ကြီးရေ …           ၂၀၁၇ ကတော့ ကုန်ဆုံးတော့မယ်နော်။ ၂၀၁၈ အတွက်ရော ဘာတွေပြင်ဆင်ပြီးပြီလဲ။           တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင်မြင်ဖို့ နေ့စဉ်မပြတ် ကြိုးစားနေကြရတဲ့ ယှဉ်ပြိုင်မှုတွေကြားမှာ အချိန်ရှားပါးလွန်တဲ့ အကြောင်းပြချက်နဲ့ ကျွန်တော်တို့တစ်တွေ တော်တော်များများက အစားအစာကို ဖြစ်သလို ကြုံရာစားတာမျိုးတွေ ....

Vol 6, No 12, December, 2017 Issue

အယ်ဒီတာ့စကား           ပီပီသသမရှိလှတဲ့ “ဆောင်း”ဆိုတဲ့စကားလုံးဟာ အပူရှိန်ကြားမှာ ဝေ၀ါးသထက်ဝေ၀ါးလာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ငယ်ငယ်ကဆို ဒီအချိန် အမေတို့က အနွေးထည်လေးတွေ ခေါက်သိမ်းထားရာကနေထုတ်ပေးတဲ့ အခိုက်အတံ့လေးမှာ တော်မှတော်သေးရဲ့လားဆိုတဲ့ ရင်ခုန်ခံစားမှုမျိုးများ ရှိခဲ့လေမလားမပြောတတ်။ ကျွန်တော်ကတော့ ငါထွားလာပြီ။ ငါနဲ့ မတော်တော့ဘဲ အသစ်ဝယ်ပေးပါစေလို့ စိတ်ထဲ အမြဲတွေးမိပါတယ်။ တဖြည်းဖြည်း အသက်ကြီးလာတော့ ....

Vol 6, No 11, November, 2017 Issue

အယ်ဒီတာ့စကား           သီတင်းကျွတ်ပြီးပြန်တော့ တန်ဆောင်မုန်း လတန်ဆောင်တိုင်ပွဲတွေနဲ့ စည်ကားချိန်ရောက်လို့ လာပြန်ပါတယ်။ အရင်ရုံးဟောင်းနေရာက ဆိပ်ကမ်းသာလမ်းမှာရှိခဲ့တော့ ပြောစရာသိပ်များများစားစား မရှိလှပေမယ့် Food Magazine ရဲ့  ရုံးသစ်နေရာကို ပြောင်းလိုက်တဲ့နေရာက ရေကျော်လမ်းမကြီးပေါ်မှာဆိုတော့ လွန်ခဲ့တဲ့ ၃ လကစပြီး ရေကျော်ပွဲဈေးကို ကြိုတင်ပြီး ရင်ခုန်ခဲ့မိပါတယ်။ တကယ်တမ်းပွဲဈေးဖြစ်သွားတဲ့ သီတင်းကျွတ်လပြည့်ရက်က ....

Vol 6, No 10, October, 2017 Issue

အယ်ဒီတာ့စကား သစ်ထူး Food Editor Vol 6, No 10, October, 2017 Issue လထုတ် Food Magazine             Food Magazine စာဖတ်ပရိသတ်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။             ရာသီအလိုက် သင့်တင့်တဲ့ ဟင်းချက်နည်းမုန့်လုပ်နည်းများကို  အစဉ်မရိုးရအောင် ....

Vol 6, No 9, September, 2017 Issue

အယ်ဒီတာ့စကား Food Magazine စာဖတ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ… ။           ဒီတစ်လအတွက် မဂ္ဂဇင်းဖောင်ပိတ်ရက်မတိုင်ခင်လေးမှာတော့ အထက်မြန်မာပြည်ရဲ့ မြိုတော် မန္တလေးမြို့ကို ရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ သတိထားမိတာကတော့ မန္တလေးဟာ သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ စားသောက်ဆိုင်လုပ်ငန်းတွေဟာ အရည်အသွေးဘက်ကို ပိုအလေးထားဆောင်ရွက်လာတာ သတိထာမိပါတယ်။ အမြဲတမ်း ယဉ်ကျေးချိုသာတဲ့ ဝန်ထမ်းတွေကို ....

Vol 6, No 8, August, 2017 Issue

အယ်ဒီတာ့စကား မင်္ဂလာရှိသော ဩဂုတ်လလေးပါ… ။           မိုးရေတွေကြား လှုပ်ရှားရင်း ဩဂုတ်လမဂ္ဂဇင်း ဖောင်ပိတ်ရက် ကို ရောက်လာခဲ့ပြန်ပါပြီ။ နေရာဒေသများစွာမှာ ရောက်နေကြတဲ့ Food Magazine ရဲ့ စာဖတ်သူ စားဖိုမှူးကြီးများ အချိန်မီအောင် ကြိုးစားပြီး ရေးသားပေးပို့ကြတဲ့ စာမူများစွာကို ရုံးအယ်ဒီတာအဖွဲ့နဲ့ အတူ Food ....

Vol 6, No 7, July, 2017 Issue

အယ်ဒီတာ့စကား           Food Magazine စာဖတ်ပရိသတ်များကို မင်္ဂလာပါလို့ နှုတ်ဆက်ရမယ့်အချိန် ရောက်ရှိလို့လာပြန်ပါပြီ။           မိုးဦးကာလရောက်လာပြီဆိုတော့ မိုးရိပ်မိုးသားများနဲ့ ကောင်းကင်တစ်ခွင် အလှကြီးလှနေပါတော့ တယ်။ ကောင်းကင်မှာ လှသလိုမြေပြင်မှာလည်း စိမ်းစိမ်းစိုစိုရှုခင်းတွေနဲ့ ဘယ်နေရာကြည့်ကြည့် ကြည်နူးဖွယ် သာယာနေပါတော့တယ်။ ကျွန်တော်တို့ငယ်ငယ်က ပြောပါတယ်။ မိုးလေးတစ်ပြိုက်ရွာလိုက်တယ်ဆိုရင်ပဲ အိမ်နားပတ်ဝန်းကျင်၊ ခြံထဲက ....