ဒီနေ့ခေတ်မှာ ြွကပ်ြွကပ်ရွရွ ကြက်ကြော်တွေက ခေတ်စားလာပြီး လူတွေ အကြိုက် တွေ့လာတာကို တွေ့ရပါတယ်။ အစားအသောက်ချက်ပြုတ်တဲ့အခါမှာ အခြေခံကျတဲ့ ချက်ပြုတ်မှုတွေမှာတောင်မှ တစ်နေရာနဲ့ တစ်နေရာ၊ လူတစ်ဦးနဲ့ တစ်ဦး ချက်ပြုတ်တဲ့ အယူအဆ၊ အတွေးအခေါ် မတူညီကွဲပြားကြတာက အဆန်းတော့ မဟုတ်ပါဘူး။ ဒီလမှာ တော့ အခြေခံကျတဲ့ ကြက်ကြော်ကို ဘယ်လိုကြော်မလဲ၊ ကိုယ်ပိုင်အရသာနဲ့ ကြက်ကြော် ကိုလည်း ဘယ်လိုဖန်တီးလို့ ရတယ်ဆိုတာကို တင်ပြပေးမှာ ဖြစ်ပါတယ်။

by Htain Lin Maung for Food Magazine

ပါ၀င္ပစၥည္းမ်ား

ကြက်သား-  ရဝဝ ဂရမ်

Buttermilk –  ရဝဝ မီလီလီတာ

ဆား-  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူမှုန့်-  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ငရုတ်ကောင်းမှုန့်-  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ငရုတ်သီးအစိမ်းမှုန့်-  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ရေနွေး-  ၁ လီတာ

ဂျုံမှုန့်-  ၂ဝဝ ဂရမ်

ပြောင်းဖူးမှုန့်-  ၃၀ ဂရမ်

ဆီ-  ၆ဝဝ မီလီလီတာ (ကြော်ရန်)

ပြုလုပ်နည်း

၁။        ကြက်သားများကို သေချာစွာ ဆေးကြောသန့်စင်ပါ။

၂။         ဇလုံထဲ ဆားထည့်၍ ရေနွေးထည့်ပြီး ကြက်သားကို အနည်းဆုံး ၃ နာရီခန့် စိမ်ထားပါ။ ဆားစိမ်ထားသောကြက်သားကို ဆယ်ယူပြီး သေချာ ရေသုတ်ပါ။

၃။        ဇလုံထဲ Buttermilk, ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်နှင့် ငရုတ်သီးအစိမ်းမှုန့်တို့ကို ထည့်ပြီး သမအောင် မွှေပါ။ ဆားရည်စိမ်ထားသော ကြက်သားများကို ထည့်ပြီး အနည်းဆုံး ၂ နာရီခန့် ထပ်မံ၍ စိမ်ပါ။

၄။        ဇလုံထဲ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်နှင့် ငရုတ်သီး အစိမ်းမှုန့်တို့ကို ထည့်ပြီး သမအောင် နယ်ပါ။ Buttermilk ဖြင့် စိမ်ထားသော ကြက်သားများကို ထည့်ပြီး သေချာစွာ အကာကပ်ပါ။

၅။        ကြက်သားများကို ဆီနစ်အောင် (Deep Fried) ကြော်ဖို့အတွက် ဆီများ ထည့်ပြီး ပူအောင် တည်ထားပါ။

၆။        ဆီအပူချိန်ကို သေချာစွာတိုင်းပြီး ကြက်သားများ ထည့်ကြော်ပါ။

၇။        ကြော်ပြီးသော ကြက်ကြော်များကို သံဆန်ခါအကွက် (Wire Rack) ပေါ်မှာ  အအေး ခံပြီး သုံးဆောင်နိုင်ပါပြီ။