sချိုဝတ်ရည် လို့ခေါ်ပါတယ်။ ဟင်းချက်ဝါသနာပါသူတစ်ယောက်ပါ။ Star Resources တွင် ဟိုတယ်ဟင်းအချက်အပြုတ် (International Culinary Course)ကို ၂ဝဝ၈ခုနှစ်မှာ တက်ရောက်ခဲ့ပါတယ်။ အိမ်ရှင်မ တစ်ယောက် ဖြစ်တဲ့အတွက် နေ့စဉ်အိမ်မှာဟင်းချက်နည်းမျိုးစုံကို ချက်ပြုတ်လေ့ရှိပါတယ်။ဟင်းချက်စာအုပ်များ၊ အင်တာနက်မှတစ်ဆင့် ဟင်းချက်နည်းများကို လေ့လာဖြစ်ခဲ့ပါတယ်။ စားလို့အရမ်းကောင်းပြီး စတိုင်လ်ကျကျ လွယ်ကူစွာချက်ပြုတ်နိုင်မည့် ဟင်းလျာပုံနှင့်တကွ ဟင်းလျာချက်ပြုတ်နည်းများ ကိုပါ မျှဝေသွားမှာဖြစ်ပါတယ်။

 


 

မလေးရှားစတိုင်လ် မြေအိုးကြက်သားထမင်း

      မလေးရှားစတိုင်လ် မြေအိုးကြက်သားထမင်းချက်နည်းပါ။ မြေအိုးနဲ့ချက်ထားတာမို့ စားတဲ့အခါ ပူပူလေးနဲ့ အရသာ အရမ်းကောင်းမွန်ပါတယ်။ အရင်ဆုံး မြေအိုးထဲကို ထမင်းထည့်၊ ပြီးမှ ကြက်သား၊ မှို၊ ကြက်အူချောင်းထည့်ပြီး မီးနည်း နည်းဖြင့် မြေအိုးဖြင့်ပေါင်းချက်ထားလို့လည်း ပြောလို့ရပါတယ်။ လုပ်စားရလည်း လွယ်ပြီး နေ့လယ်စာ၊ ညနေစာအဖြစ်နဲ့ လုပ်စားနိုင်တာမို့ ခုပဲတူတူချက်ကြည့်ရအောင် ....