sofia
ဆိုဖီယာမိဘတွေက အစားအ​သောက်​လုပ်​ငန်းလုပ်​ကိုင်​ကြတာမို့ ကိုယ်​ဝါသနာပါတဲ့ အချက်​အပြုတ်ပညာ​ကို ငယ်​စဉ်​ကတည်းက ​လေ့လာသင်​ယူခွင့်​ရခဲ့ပါတယ်​။ ၁၉၉၉ -၂၀၀၀ ခုနှစ်​ကစလို့ ဒီ​လောကထဲကို​ရောက်​ရှိခဲ့ပြီး ကန်​​တော်​ကြီးသင်​တန်း​ကျောင်းမှာ F & B Prodution Course နဲ့ Oriental Culinary Course ​တွေတက်​​ခဲ့ပါတယ်။ ကန်ေ​တ်ာကြီးဟိုတယ်​မှာလည်း​ ဝင်​​ရောက်​လုပ်​ကိုင်​ခဲ့ပြီး၂၀၀၈ ခုနှစ်​မှာ စင်္ကာပူနိုင်​ငံသို့​ရောက်​ရှိကာ ဟိုတယ်​နှင့်​စား​သောက်​ဆိုင်​​များမှာ ဝင်​ရောက်လုပ်ကိုင်​ခဲ့ပါတယ်​။ လက်​ရှိ စင်္ကာပူနိုင်​ငံနာမည်​ကြီး စား​သောက်​ဆိုင်​တစ်ခုမှာ Chef Trainer တစ်​​ယောက်​အဖြစ်​ တာဝန်​ထမ်း​ဆောင်နေပါတယ်​။
အင်ဒိုနီးရှားသိုးနံရိုးကြော် (Fried Lamb Ribs with Sambal Sauce)
by Sofia for Food Magazine အင်ဒိုနီးရှားအစားအစာတစ်ခုဖြစ်တဲ့ သိုးနံရိုးထုကြော်နည်းလေးဖြစ်ပါတယ်။ အဆာပြေစာအဖြစ် တည်ခင်းနိုင်သလို ဟင်းတစ်မည်အဖြစ်လည်း တည်ခင်းနိုင်ပြီး အရသာထူးခြားတဲ့ သိုးနံရိုးထုကြော်လေးလည်းဖြစ်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။ ပါဝင်ပစ္စည်းများ သိုးနံရိုး (သို့) ဆိတ်နံရိုး –  ၁ ကီလို ရှလကာရည် –  ၁ ခွက် ....
ကောက်ညှင်းမျှစ်ချဉ်ပြန်ပေါင်းထုပ် (Sticky Rice with Pickled Bamboo Shoot)
by Sofia for Food Magazine ပန်းသေးရိုးရာအစားအစာတစ်ခုဖြစ်တဲ့ ကောက်ညှင်းအသားမျှစ်ချဉ်ပြန်ပေါင်း ထုပ်လေးဖြစ်ပါတယ်။ အသားမျှစ်ချဉ်ရဲ့ မွှေးရနံ့နဲ့အတူ တွဲဖက်ပြီး ပြန်ပေါင်းထားတဲ့ ပြန်ပေါင်းထုပ်လေးကို စားဖူးသူတိုင်း နှစ်သက်ကြမှာ အမှန်ပါ။ အဲဒီ ရိုးရာအစားအစာ လေးကို လုပ်ပြီး ရေးဖို့၊ မျှဝေဖို့ တိုက်တွန်းလာတဲ့ တောင်ကြီးက ညီမလေးယွန်းဖူးကိုလည်း ....
ကွေကာအုပ် ဆနွင်းမကင်း
by Sofia for Food Magazin ဆနွင်းမကင်းဆိုရင် မည်သည့်အမျိုးအစားမဆို ကြိုက်နှစ်သက်တဲ့ ဆိုဖီယာ အတွက်  ဒီတခါတော့ ရွှေချီအလွယ်တကူမရနိုင်တဲ့နေရာ ဖြစ်နေတာကတစ်ကြောင်း၊ ကျန်းမာရေး အရ ဂျုံနဲ့ပတ်သက်တာလေးတွေ လျှော့စားဖို့လည်း လိုအပ်လာတာက တစ်ကြောင်းကြောင့် ဒီဆနွင်းမကင်းလေးကို လုပ်စားဖြစ်ခဲ့ပါတယ်။ ပြုလုပ်ရလွယ်ကူပြီး ကျန်းမာရေး အတွက်လည်း အထူးသင့်လျော်တဲ့ ....
ငါးရံ့မြေပဲချက်
by Sofia for Food Magazine ရှမ်းဟင်းတစ်ခွက်ဖြစ်တဲ့ အဲဒီဟင်းလေးကို သေချာချက်ပြပြီး ချက်ကျွေးခဲ့တဲ့ လွိုင်ကော်က မမကြီးတို့ မိသားစုအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီငါးရံ့မြေပဲချက် ချက်ဖို့အတွက် ငါးရံ့အသေးအကောင်ပေါက်လေးတွေ သုံးပြီး ချက်လေ့ရှိပါတယ်။ သဘာဝ ငါးရဲ့အရသာနဲ့အတူ မြေပဲနဲ့ တွဲဖက်ချက်ထားတဲ့ ချိုစိမ့်မွှေးနေတဲ့ ဟင်းတစ်ခွက်ကို  အသီး၊ ....
မလိုင်လုံး (Gulab Jamun)
by Sofia for Food Magazine အိန္ဒိယအချိုပွဲဖြစ်တဲ့ မလိုင်လုံးဆိုရင် လူကြီး၊ လူငယ်၊ ကလေး အကုန်နှစ်သက် ကြမယ်လို့ ထင်ပါတယ်။ အချို့ဒေသများမှာ အလွယ်တကူဝယ်ယူနိုင်ပေမယ့် အချို့ ဒေသများမှာတော့ မလွယ်ကူလှပါဘူး။ ဒါကြောင့် မိမိတို့ နေအိမ်မှာ သုံးဆောင်နိုင်ဖို့နဲ့ အလှူမင်္ဂလာ ဧည့်ခံပွဲများမှာ အချိုပွဲအဖြစ် ....
ဒံပေါက် (Biryani)
by Sofia fof Food Magazine ဒံပေါက်ချက်နည်းပုံစံ များစွာရှိပါတယ်။ မိမိစိတ်ကြိုက်ပုံစံဖြင့် ချက်နိုင်ပါတယ်။ အခုချက်ထားတဲ့ချက်နည်းကတော့ ကျွန်မတို့မိသားစုအကြိုက်ပုံစံပါ။ ဟင်းခတ်အမွှေး အကြိုင် အနံ့သင်းသင်းနဲ့ အဆီအအိမ့်လျှော့ထားခြင်း ဖြစ်ပါတယ်။ ဒံပေါက်ချက်နည်းက တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွဲပြားကြပါတယ်။ ဆိုဖီယာကတော့ ဒံပေါက်ကို ဆီများများ၊ အနှစ်များများနဲ့ စားရတာ ....
ငါးခေါက်ဆွဲ (Home Made Fish Noodle)
by Sofia for Food Magazine ငါးခေါက်ဆွဲလေးက ငါးအသားနဲ့ ခေါက်ဆွဲဖတ်ဖြစ်အောင် လုပ်ထားတာလေးပါ။ ပြုလုပ်ရတာ လွယ်ကူပြီး အိမ်သားတွေအတွက် မနက်စာလေးကို ဆန်းဆန်းပြားပြားလေး လုပ်ကျွေးရအောင်နော်။ ငါးခေါက်ဆွဲမုန့်နှစ်လေးကို ကြိုတင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားကာ မနက်ကျရင် ရေဆူအောင် တည်ပြီး ညှစ်ချပေးရုံနဲ့ မနက်စာအတွက် ၁၅ ....
ဇီချွမ်းစတိုင် ဂျယ်လီခေါက်ဆွဲသုပ် (Sichuan Cold Jelly Noodle Slad) Liangfen (凉粉)
by Sofia for Food Magazine တရုတ်အစားအစာတစ်မျိုးဖြစ်တဲ့ ဂျယ်လီခေါက်ဆွဲ အအေးစာလေးက ဆိုဖီယာအတွက်တော့ မည်သည့်အချိန်စားစား မရိုးနိုင်တဲ့ အစားအစာလေး တစ်ခုဖြစ်ပါတယ်။ ပြုလုပ်ရတာလွယ်ကူပြီး အရသာလည်း ကောင်းမွန်တဲ့ ဂျယ်လီအအေးခေါက်ဆွဲသုပ် လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ လုပ်စား ကြည့်ကြရအောင်နော်။ ပါဝင်ပစ္စည်းများ မတ်ပဲအမှုန့် (Mung Bean ....
ငါးခေါက်ဆွဲဆီချက် (Fish Noodle Salad)
အင်ဒိုနီးရှားကြက်ကြော် (Indonesia Smashed Fried Chicken) (Sambal Ayam Penyet)
by Sofia for Food Magazine စင်ကာပူနေရာ အတော်များများမှာ Ayam Penyet ဆိုပြီး ထမင်းဆိုင် အတော်များများ တွေ့ရမှာဖြစ်ပါတယ်။ Ayam Penyet ဆိုတာကတော့ ကြက်ကြော်ကို ပြန်ပြီး အနည်းငယ်ထုထားတာ ကို ဆိုလိုပါတယ်။ အင်ဒိုနီးရှားစတိုင် ကြက်ကြော်ကို ငါးပိထောင်း နဲ့ ....
အင်ဒိုနီးရှားငါးပိထောင်း (Samabal Belacan)
by Sofia for Food Magazine ငါးပိထောင်းကို နေရာဒေသအလိုက် ပုံစံအမျိုးမျိုးပြုလုပ်ကြတဲ့အထဲက မလေးရှား၊ အင်ဒိုနီးရှားမှာ စားလေ့ရှိတဲ့ငါးပိထောင်းလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။ဒီငါးပိထောင်းလေးကိုအင်ဒိုနီးရှားအလည်ရောက်တုန်း အခါခါစားခဲ့ဖူးပြီး မမေ့နိုင်တဲ့ အရသာသစ်နဲ့ ငါးပိထောင်းပုံစံတစ်မျိုး ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ အိမ်ရှင်ကို အားမနာတမ်းအကြိမ်ကြိမ်ထပ်လုပ်ခိုင်းခဲ့တဲ့ ငါးပိထောင်းလည်း ဖြစ်ပါတယ်။ အရသာသစ်နဲ့ လျှာလည်သွားစေမယ့် ငါးပိထောင်းလေးကို လုပ်စားကြည့်ရအောင်နော်။ ....
ဗန်းမော်မျှစ်ချဉ်ခေါက်ဆွဲ/ငါးခေါက်ဆွဲ
မျှစ်ချဉ်ခေါက်ဆွဲ၊ ငါးခေါက်ဆွဲကို ဆိုဖီယာလည်း မစားဖူးလို့ မေးလာတဲ့ ညီမတွေကို ပြန်မတင်ပေးနိုင်ခဲ့သလို နီးစပ်ရာကို မေးပေမယ့် အတိအကျလည်း မသိရတော့ လုပ်မစားဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့အပတ်က အစိမ်းရောင်လွင်ပြင်က အစ်မတင်ထားတော့မှ ချက်နည်းလေး သေချာသိခဲ့ရပါတယ်။ ကိုယ်တိုင်လည်း အလွန်သိချင်၊ စားဖူးချင်နေတော့ ချက်စားကြည့်ပြီး ပို့စ်တင်ဖို့ ခွင့်တောင်းခဲ့ပါတယ်။ ပြန်လည်မျှဝေခွင့်ပေးတဲ့အတွက် ကျေးဇူးပါ ....
ဂျပန်ချင်းနု (Japanese Ginger)
ဂျပန်ချင်းနုခေါ် ချင်းချဉ်ကိုတော့ များသော အားဖြင့် ဆူရှီနှင့် တွဲဖက်စားလေ့ရှိကြပါတယ်။ ပုံမှန် ထမင်းဝိုင်းမှာလည်း အချဉ်တစ်ခွက်အနေနဲ့ ထမင်း မြိန်စေဖို့ တွဲဖက်တည်ခင်းနိုင်ပါတယ်။ ချိုချဉ်အရသာ လေးမို့ ဒီအတိုင်းစားရတာလည်း နှစ်သက်မိပါတယ်။ ပြုလုပ်ရလွယ်ကူပြီး ကြာရှည်သိမ်းဆည်းထားနိုင်ပါ တယ်။ စားကောင်းလို့ တာရှည်သိမ်းတဲ့အဆင့်အထိ မရောက်ဘဲ ကုန်သွားတာက များပါတယ်။ ညီမ ....
အဏ္ဏဝါသခွားသီးသုပ် (Seafood Slad with Cucumber)
ပါဝင်ပစ္စည်းများ ပုစွန် –  ၁၀ ကောင် ကဏန်း –  ၁ ကောင် ပြည်ကြီးငါး –  ၁ ကောင် ငါးအသား –  ၅၀ ဂရမ် သခွားသီး –  ၁ ခြမ်း ကြက်သွန်နီ –  ၁ လုံး ....
တိုဟူးခြောက်ချက်
ရှမ်းပြည်နယ်ဒေသထွက် အစားအစာတစ်ခုဖြစ်တဲ့ တိုဟူးခြောက်ကို အတော်များများ စားဖူးကြမှာပါ။ များသောအားဖြင့် ကြော်စားလေ့ရှိပြီး သရေစာအဖြစ်လည်း စားကြ ပါတယ်။ တိုဟူးခြောက်ကို ကြော်စားတာအပြင် ချက်စားနိုင်သလို ဟင်းရည်တစ်ခွက်အဖြစ်လည်း လုပ်စားနိုင်ပါတယ်။ အခု တိုဟူးခြောက်ချက် သက်သတ်လွတ်နည်းလေး မျှဝေ ပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။ ပါဝင်ပစ္စည်းများ တိုဟူးခြောက် –  ၁၀ဝ ....
More Receipes ⇒