စာဖတ်ပရိသတ်များ အားလုံးမင်္ဂလာပါ။ ကျွန်တော့် နာမည် ကိုဇော်ဘုန်းဖြစ်ပါတယ်။ Element Coffee Consulting & Machine Supplies ရဲ့ Co-Founder ဖြစ်ပြီး Coffee Roaster eYJ Barista Trainer Coffee Roaster နဲ့ Barista Trainer လည်း ဖြစ်ပါတယ်။ Coffee ကို ပထဦးဆုံး High School ကတည်းက သောက်သုံးဖြစ်ပြီး U.S.A မှာ တက္ကသိုလ် တက်ရောက်ချိန်တုန်းကစပြီး စွဲမက်နှစ်သက်ခဲ့ပါတယ်။ Coffee လောကထဲမှာ (၁ဝ)နှစ်ကျော် အတွေ့အကြုံများရှိပြီး Coffee House များဖွင့်လှစ်ခြင်း၊ Coffee Training များပေးခြင်း၊ Coffee Consulting များပေးခြင်း၊ International Barista ပြိုင်ပွဲများမှာ Sensory Judge ဒိုင်လူကြီးနှင့် Technical Judge အကဲဖြတ်ဒိုင်လူကြီးအဖြစ်ပါ တာဝန်ယူဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ လည်း ပထမဦးဆုံး Coffee အဖျော်ပြိုင်ပွဲကြီးကို ဖြစ်မြောက်အောင်မြင်အောင် Element Coffee Consulting & Machine Supplies Company အနေနဲ့ ဦးစီးကျင်းပခဲ့ပြီး ကော်ဖီစက်များ တပ်ဆင်ပေးခြင်းနှင့် ပွဲကိုဦးဆောင် စီစဉ်ဆောင်ရွက်ခြင်းများ အပါအဝင် Barista Judge ဒိုင်လူကြီးအနေနှင့်ပါ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။