wesd

 

ဒေါ်ဆန်းဆန်းဦး မြန်မာ့အသံမှာ ၁၉၅၈ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့တွင် မွေးဖွားခဲ့သူဖြစ်သည်။ B.A(Myanmar)ဘွဲ့ နှင့် Dip in mass.com  ဒီပလိုမာတို၌ကိုရရှိခဲ့ပြီး ၁၉၈ဝ ခုနှစ်မှာ အချိန်ပိုင်းအသံလွှင့်ကြေညာသူလုပ်ခဲ့ရာမှ (၇)နှစ်အကြာ ၁၉၈၆ခုနှစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မြန်မာပိုင်းအစီအစဉ်မှာအမြဲတမ်းဝန်ထမ်းအဖြစ် တရားတော် ၊ အစာနှင့်အာဟာရ ၊ ရေဒီယိုမဂ္ဂဇင်းနှင့် ဇာတ်လမ်းပမာနားဆင်စရာ တို့ကိုနှစ်ပေါင်း၂ဝခန့် တာဝန်ယူထုတ်လွှင့်ခဲ့သည်။ လက်ရှိမှာ လက်ထောက်ညွှန်ကြားရေးမှူး အဖြစ် မြန်မာ့အသံမှာတာဝန်ထမ်း ဆောင်လျက်ရှိပါသည်။


‘မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ’ ပဲပင်ပေါက်

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine ချစ်စွာသော စာရှုသူများရှင်-      အခုလမှာတော့ ‘မြန်မာ့အစားအစာနှင့် အာဟာရ’ အခန်းမှာတော့ ‘ပဲပင်ပေါက်’ ရဲ့  အာဟာရတန်ဖိုးများအကြောင်း တင်ပြမှာဖြစ်ပါတယ်။           ပဲပင်ပေါက်ကို ရာသီမရွေးဝယ်ယူရရှိပြီး အကုန်အကျလည်း သက်သာစေပါတယ်။ ဈေးများမှာ ပဲပင်ပေါက်တွေကို ....

‘ မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ ‘ “ငါးနှပ်”

by ဆန်းဆန်းဦး for Food Magazine ချစ်စွာသော စာရှုသူများရှင်- ယခုလမှာတော့ မြန်မာ့ရိုးရာ အစားအစာနှင့် အာဟာရ အခန်းကနေ “ငါးနှပ်” ကို စီမံ ချက်ပြုတ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြဖို့ စီစဉ်ထားပါတယ်။ ငါးနှပ်ကို စာရှုသူများ သိရှိကြပြီးဖြစ်ကြမယ်လို့ ထင်ပါတယ်။ ငါးနှပ်လို့ဆိုရာမှာ ငါးနှပ်အစိုကို ....

“မြန်မာ့ရိုးရာအစားအစာနှင့်   အာဟာရ” သစ်တော်သီး

by ဒေါ်ဆန်းဆန်းဦး for Food Magazine ချစ်စွာသော စာရှုသူများရှင်-           ဒီလအတွက် “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းမှာတော့ မိုးရာသီစာ သီးနှံတစ်မျိုးဖြစ်တဲ့ “သစ်တော်သီး”ရဲ့  အာဟာရတန်ဖိုးများအကြောင်းကို ရေးသား တင်ပြဖို့ စီစဉ်ထားပါတယ်။           သစ်တော်သီးမှာ အရိုင်းမျိုးနဲ့ အယဉ်မျိုးဆိုပြီး အကြမ်းအားဖြင့် (၂) ....

မုန့်လက်ကောက်

by ဆန်းဆန်းဦး for Food Magazine မုန့်လက်ကောက်လုပ်မယ်ဆိုရင်တော့ – ကောက်ညှင်းဆန်  –  ၄ ဘူး ငစိန်ဆန်  –  နို့ဆီဘူး ၁/၂ ဘူး ထန်းလျက်  –  ၂၅ ကျပ်သား နေကြာဆီ  –  ၃၀ ကျပ်သား ဆား  ....

“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” သစ်သီးစုံဖျော်ရည်

by ဆန်းဆန်းဦး for Food Magazine ချစ်စွာသော စာရှုသူများရှင်-           တစ်စတစ်စနဲ့ ပူပြင်းလာတဲ့ နွေရဲ့အပူဒဏ်ကြောင့် လူတွေဟာ ပင်ပန်းနွမ်းလျ နေတတ်ကြပါတယ်။ အဲဒီလိုပင်ပန်းနေတဲ့အခါမှာ အမောအပန်းပြေ၊ ရေငတ်ပြေ၊ ရေဆာပြေ၊ စားစရာ ဒါမှမဟုတ် သောက်စရာတစ်ခုခုကို သတိရတတ်ကြပါတယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတစ်မျိုးမျိုးကို စားလိုက်ရရင်ပဲဖြစ်ဖြစ်၊ ....

“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ပဲထမင်းနှင့် ပဲထောပတ်ထမင်း

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine ချစ်စွာသော စာရှုသူများရှင်-           ဒီလအတွက် “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းမှာတော့ စာရှုသူများ ခံတွင်းအပြောင်းအလဲလေးဖြစ်အောင် “ပဲထမင်းနှင့် ပဲထောပတ်ထမင်း” ချက်ပြုတ် သုံးဆောင်နည်းများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို ရေးသားတင်ပြထားပါတယ်။           ပထမဆုံး ပဲထမင်းချက်ပြုတ်နည်းကို တင်ပြမှာဖြစ်ပါတယ်။ ....

“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ကယားရိုးရာ စွယ်တော်ရွက်နှင့် ကြက်သားဟင်းလျာ

ချစ်စွာသော စာရှုသူများရှင်-           ကျွန်မတို့မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်း ၁၀ဝ ကျော် မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်တာနဲ့အညီ လူမျိုးပေါင်း ၁၀ဝ ကျော်တို့ကလည်း ကိုယ့်ရိုးရာယဉ်ကျေးမှု၊ ရိုးရာအစားအစာ၊ ဓလေ့ထုံးတမ်းများနဲ့ အေးအေးချမ်းချမ်း၊ ကြည်ကြည်လင်လင်၊ ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ နေထိုင်လျက်ရှိကြပါတယ်။           ကျွန်မတို့ရဲ့ ညီနောင်နွယ်ဖွား တိုင်းရင်းသားများရဲ့ အစားအစာများထဲက ....

မြေပဲယိုနှင့် နှမ်းပျစ်

“မြန်မာ့ရိုးရာအစားအစာနှင့်   အာဟာရ” ချစ်စွာသော စာရှုသူများရှင်-             ယခုလအတွက် “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းမှာတော့ မြန်မာ့ရိုးရာ သရေစာမုန့်များစွာရှိတဲ့အထဲက “မြေပဲယိုနှင့်နှမ်းပျစ်” တို့ရဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြဖို့ စီစဉ်ထားပါတယ်။ ပထမဆုံး မြေပဲယို ပြုလုပ်စားသုံးမှုများအကြောင်းကို ရေးသားတင်ပြမှာဖြစ်ပါတယ်။ မြေပဲယိုကိုတော့ စာရှုသူများ မြင်ဖူး၊ ကြားဖူး၊ စားဖူးကြလိမ့်မယ်လို့ ....

“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” မုန့်ကြာစေ့

ချစ်စွာသော စာရှုသူများရှင်…           ယခုလ “မြန်မာ့အစားအစာနှင့် အာဟာရ” အခန်းမှာတော့ ဘိန်းမုန့်၊ ထန်းသီးမုန့်၊ မုန့်လက်ကောက်၊ မုန့်ဆီကြော်၊ မုန့်လုံးရေပေါ်၊ မုန့်ကြာစေ့၊ မုန့်ကျွဲသည်း၊ စလူမုန့် စတဲ့ မြန်မာ့ရိုးရာ သရေစာများထဲက “မုန့်ကြာစေ့” ပြုလုပ်စားသုံးပုံများနှင့် အာဟာရတန်ဖိုးများအကြောင်းကို ရေးသားတင်ပြဖို့ စီစဉ်ထားပါတယ်။           မုန့်ကြာစေ့ကို ....

“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” မုန့်သိုင်းခြုံ

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine ချစ်စွာသော စာရှုသူများရှင်-           ယခုလ “မြန်မာ့အစားအစာနှင့် အာဟာရ” အခန်းမှာတော့ တန်ဆောင်တိုင်ပွဲတော်၊ လွတ်လပ်ရေးပွဲတော် စတဲ့ ပွဲဈေးတန်းအတော်များများနဲ့ ဘုရားပွဲဈေးများမှာ ရောင်းချလေ့ရှိတဲ့ မြန်မာ့မုန်ပဲသရေစာများထဲက “မုန့်သိုင်းခြုံ” ရဲ့  အာဟာရ တန်ဖိုးများအကြောင်း ရေးသားတင်ပြဖို့ ....

“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” သာကူ

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine ချစ်စွာသော စာရှုသူများရှင်-           ယခုလ “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းကနေ ရာသီအလိုက် ထွက်ပေါ်လာတဲ့  ရာသီစာသီးနှံများ၊ ရာသီစာဟင်းသီးဟင်းရွက်များ၊ မြန်မာ့မုန့်ပဲသရေစာ များအကြောင်းကို တစ်လနှင့်တစ်လ မရိုးမထပ်ရလေအောင် ရေးသားတင်ပြပေးနေတာ ဖြစ်ပါတယ်။           ဒီလမှာတော့ ....

“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ခံတက်ချဉ်သုပ်

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine ချစ်စွာသော စာရှုသူများရှင်…           မြန်မာ့ရိုးရာအစားအစာနဲ့ အာဟာရအခန်းကနေ “မန်ကျည်းရွက်သုပ်”  အကြောင်း ရေးသားတင်ပြခဲ့တာ စာရှုသူများ နှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ်။ “နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဆိုတဲ့  စကားအတိုင်း  သစ်ပင်တွေက ထွက်ပြူစ ပုရစ်ဖူးလေးများဟာလည်း ဆေးဖက်ဝင်လှသလို  ....

“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine ချစ်စွာသော စာရှုသူများရှင်-           ယခုလိုသမယ ဆောင်းရာသီကာလမှာ ပန်းဂေါ်ဖီနဲ့ ဂေါ် ဖီထုပ်များကို လှိုင်လှိုင်ပေါပေါ စားသုံးနိုင်ပါတယ်။ ပန်းဂေါ်ဖီကို ပန်းထုပ်၊ ပန်းမုန်လာ၊ ဂေါ်ဖီပန်း၊ ဂေါ်ဖီပွင့်လို့လည်း ခေါ်ဝေါ်တတ်ပါသေးတယ်။           ယခုလအတွက် မြန်မာ့ရိုးရာအစားအစာနှင့် ....

“မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ” မုန်ညင်းရွက်

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine ချစ်စွာသော စာရှုသူများရှင်-           ယခုလအတွက် မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာတော့ ဆောင်းရာသီစာ ဟင်းသီးဟင်းရွက်များထဲက “မုန်ညင်းရွက်”ရဲ့ အာဟာရတန်ဖိုးများအကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။  မုန်ညင်းရွက်ကို  အများအားဖြင့် မုန်ညင်းဖြူနဲ့ မုန်ညင်းစိမ်း(၂)မျိုးကိုသာ လူသိများပြီး လူသုံးများလှပေမယ့် တကယ်တော့ မုန်ညင်းမှာ ....

“ဟင်္သာတမုန့်ဟင်းခါး”

“မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ” “ဟင်္သာတမုန့်ဟင်းခါး” ချစ်စွာသော စာရှုသူများရှင်-           နံနက်စောစော အိပ်ရာထပြီး မျက်နှာသစ်၊ ဘုရားရှိခိုးပြီးတာနဲ့ နံနက်စောစောစာကို ဘာများစားရလေမလဲလို့ စဉ်းစားလိုက်တဲ့အခါ နံနက်စောစောစာများစွာရှိတဲ့အထဲက တချို့ကတော့ မိုးလင်းလာရင် မုန့်ဟင်းခါးလေးစားလိုက်ရမှ အာသာပြေပြီး တင်းတိမ် တတ်ကြတာမျိုး ရှိတတ်ပါတယ်။ မုန့်ဟင်းခါးဆိုတာကလည်း တစ်နိုင်ငံလုံးက မြို့ရွာတွေ မှာရှိကြတဲ့ လူတိုင်းလိုလို ....

More Receipes ⇒